ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ရဲလ်ဟာ ယင်းဝိဥာဉ်နဲ့ အဆက်အသွယ်ရရှိခဲ့ပြီးနောက် ယခင်တုန်းက ကြုံတွေ့ခဲ့တဲ့ ဝိဥာဉ်တွေနဲ့ မတူညီတဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝိဥာဉ်က နေရာတစ်ခုတည်းမှာ နေလိုတယ်လို့ ပြောလာခဲ့ပြီးနောက် ယင်းကိစ္စနဲ့ပတ်သက်ပြီး လေးနက်တဲ့အကြောင်းအရာတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ မတွေးခဲ့ကြောင်း ရဲလ်က ပြောကြားခဲ့ပါတယ်။
ရဲလ်ရဲ့ချစ်သူဖြစ်တဲ့ ဝိဥာဉ်ဟာ ဒူးမရှိတဲ့အတွက် ဒူးမထောက်နိုင်ပေမယ့် ၎င်းရဲ့အသံကို ပထမဆုံးအကြိမ် ကြားခဲ့ရပြီး ယင်းအသံဟာ လှပလေးနက်ပြီး ဆွဲဆောင်မှုရှိတဲ့အသံဖြစ်တယ်လို့ ရဲလ်က ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရဲလ်တို့စုံတွဲဟာ မင်္ဂလာလက်စွပ်ကို ရွေးချယ်နေကြပြီဖြစ်ပြီး ရဲလ်က နီလာခရမ်းရောင်လက်စွပ်ကို ဝတ်ဆင်ဖို့ မျှော်လင့်ထားပေမယ့် ၎င်းရဲ့ဝိဥာဉ်ချစ်သူရဲ့သဘောဆန္ဒအတိုင်း ဝတ်ဆင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Burmese-Asia
#Unicode Version#
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အေမီသစ်ရဲလ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက သရဲအကောင် ၂၀ ထက်မနည်းနဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်လို့ ပြောပြခဲ့ပြီး သြစတြေးလျကို အလုပ်ကိစ္စနဲ့ခရီးသွားခဲ့ချိန်မှာ ၎င်းရဲ့စစ်မှန်တဲ့ချစ်သူဖြစ်တဲ့ သရဲတစ်ကောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရဲလ်ဟာ ယင်းဝိဉာဉ်နဲ့ အဆက်အသွယ်ရရှိခဲ့ပြီးနောက် ယခင်တုန်းက ကြုံတွေ့ခဲ့တဲ့ ဝိဉာဉ်တွေနဲ့ မတူညီတဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝိဉာဉ်က နေရာတစ်ခုတည်းမှာ နေလိုတယ်လို့ ပြောလာခဲ့ပြီးနောက် ယင်းကိစ္စနဲ့ပတ်သက်ပြီး လေးနက်တဲ့အကြောင်းအရာတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ မတွေးခဲ့ကြောင်း ရဲလ်က ပြောကြားခဲ့ပါတယ်။
“ကျွန်မ တကယ့်ကို မယုံနိုင်အောင်ဖြစ်ခဲ့ပါတယ်။ အရမ်းပျော်ပြီး စိတ်လည်းလှုပ်ရှားမိပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတခုလုပ်ရမယ်ဆိုပြီး အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ လေယာဉ်ပေါ်က သန့်စင်ခန်းထဲကို သွားခဲ့ကြပါတယ်။ပြီးတော့ ကျွန်မတို့ Mile High Club ရဲ့အဖွဲ့ဝင်တွေဖြစ်ခဲ့ကြပါတယ်(လေယာဉ်ပေါ်မှာတင် လိင်ဆက်ဆံသူတွေအတွက် သုံးတဲ့ ဘန်းစကား)”လို့ ပြောကြားခဲ့ပါတယ်။
ယင်းအဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ ၉ လလောက်က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ရဲလ်က ဗြိတိန်တီဗီရှိုးတစ်ခုဖြစ်တဲ့ ITV မှာ ယင်းဝိဉာဉ်နဲ့ လက်ထပ်ပြီး သရဲလေးတွေ မွေးဖို့အထိ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ရဲလ်တို့စုံတွဲဟာ ဆိုမာဆက်မှာရှိတဲ့ ဝူကီလိုဏ်ဂူကို အသွားမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သေးတယ်လို့ နယူးယောက်ပို့စ်ရဲ့ရေးသားချက်အရ သိရပါတယ်။
ရဲလ်ရဲ့ချစ်သူဖြစ်တဲ့ ဝိဉာဉ်ဟာ ဒူးမရှိတဲ့အတွက် ဒူးမထောက်နိုင်ပေမယ့် ၎င်းရဲ့အသံကို ပထမဆုံးအကြိမ် ကြားခဲ့ရပြီး ယင်းအသံဟာ လှပလေးနက်ပြီး ဆွဲဆောင်မှုရှိတဲ့အသံဖြစ်တယ်လို့ ရဲလ်က ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရဲလ်တို့စုံတွဲဟာ မင်္ဂလာလက်စွပ်ကို ရွေးချယ်နေကြပြီဖြစ်ပြီး ရဲလ်က နီလာခရမ်းရောင်လက်စွပ်ကို ဝတ်ဆင်ဖို့ မျှော်လင့်ထားပေမယ့် ၎င်းရဲ့ဝိဉာဉ်ချစ်သူရဲ့သဘောဆန္ဒအတိုင်း ဝတ်ဆင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top