ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


တရုတ္ျပည္ေတာင္ဘက္စြန္း ဟိုင္နန္ကၽြန္းရွိ ေစ်းဝယ္စင္တာတစ္ခုသည္ စင္တာ၏ ၁၂ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ႏွင့္ Wechat တြင္ အၾကိမ္ေပါင္း ၈၈၀၀၀၀ ၾကည့္ရႈခံရျပီးသည့္ အထိမ္းအမွတ္ က်င္းပရန္အတြက္ ဝန္ထမ္းမိန္းကေလးမ်ားကို ဝတ္လစ္စလစ္ ေနထိုင္ၾကရန္ ေတာင္းဆိုသည့္ ဆိုင္းဘုတ္ခ်ိတ္ဆြဲထားသည့္ပံုမွာ တရုတ္ျပည္ လူမႈကြန္ရက္ အသံုးျပဳသူမ်ားအၾကား ဂယက္ရိုက္ခဲ့သည္။

၈ ဂဏန္းသည္ တရုတ္လူမ်ဳိးတို႔၏ ယံုၾကည္မႈတြင္ ခ်မ္းသာဓနကို ကိုယ္စားျပဳျပီး ကံအေကာင္းဆံုးဂဏန္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။

“အခ်ိန္ ၁၀ မိနစ္ၾကာ ဝတ္လစ္စလစ္ေနထိုင္ေပးမည့္ မိန္းကေလးဝန္ထမ္း ၁၀ ဦး ကၽြန္ေတာ္တို႔ ရွာေဖြေနပါသည္။ တစ္ဦးလွ်င္ ယြမ္ ၁၀၀၀၀ (ျမန္မာေငြ ၂၃ သိန္းခန္႔) ဆုခ်ီးျမွင့္ပါမည္” ဟူသည့္ အနီေရာင္ဆိုင္းဘုတ္ႏွစ္ခုကို ေစ်းဝယ္စင္တာေရွ႕ မ်က္ႏွာစာတြင္ ခ်ိတ္ဆြဲထားခဲ့သည္။

အဆိုပါ ဆိုင္းဘုတ္ခ်ိတ္ဆြဲထားပံု ဓာတ္ပံုမွာ လူမႈကြန္ရက္သံုးစြဲသူတို႔အၾကား မ်ားစြာပ်ံ႕ႏွံ႕ခဲ့ျပီး ေဝဖန္မႈမ်ား ျပင္းထန္ခဲ့သည္။

Weibo လူမႈကြန္ရက္တြင္ အမ်ားဆံုးေဝဖန္ေရးသားၾကသည္မွာ “နင္တို႔သူေဌးဝတ္လစ္စလစ္ေနေနတာကိုလည္း ငါၾကည့္ခ်င္တယ္”ဟူ၍ ေရးသားၾကျပီး “အရွက္မရွိေသာလုပ္ရပ္”ဟုလည္း ေဝဖန္ေရးသားၾကသည္။

ေဒသတြင္း အာဏာပိုင္အဖြဲ႔အစည္းမ်ားျဖစ္သည့္ ဟိုင္ကူး အမ်ဳိးသမီးေရးရာအဖြဲ႔ႏွင့္ ေလာင္ဟြာ စက္မႈ၊ ကူးသန္းအင္စတီက်ဳတို႔ကို ေစ်းဝယ္စင္တာသို႔ လာေရာက္ၾကည့္ရႈၾကရန္ တိုင္ၾကားခဲ့ၾကရာ တာဝန္ရွိသူမ်ား လာေရာက္ၾကည့္ရႈခဲ့ၾကျပီး ေစ်းဝယ္စင္တာတြင္ပင္ ဒဏ္ေငြ ယြမ္ ၉၀၀ (ျမန္မာေငြ ၂ သိန္းခန္႔) သာ ေပးေဆာင္ေစသည္ဟု ဆိုသည္။

ဆိုင္းဘုတ္မ်ားကိုမူ ခ်က္ခ်င္းျဖဳတ္သိမ္းေစခဲ့ျပီး အမ်ဳိးသမီးေရးရာအဖြဲ႔ ကိုယ္စားလွယ္တို႔က ေစ်းဝယ္စင္တာ၏ မန္ေနဂ်ာႏွင့္ ေတြ႔ဆံုသြားခဲ့သည္ဟု ဟိုင္နန္ေန႔စဥ္သတင္းစာတြင္ ေဖာ္ျပသည္။

ေစ်းဝယ္စင္တာ စီမံခန္႔ခြဲေရးအဖဲြ႔က ေတာင္းပန္စာတစ္ခု ေရးသားတင္ျပခဲ့ရာ ယခုကဲ့သို႔ျပဳလုပ္ခဲ့ျခင္းမွာ ပြဲစီစဥ္တို႔၏ စိတ္ကူးသာျဖစ္ျပီး ရံုးခ်ဳပ္ထံ အေၾကာင္းၾကားျခင္းမရွိခဲ့ေၾကာင္း၊ ၎တို႔ကိုလည္း ျပင္းျပင္းထန္ထန္ အေရးယူခဲ့ျပီးျဖစ္ပါေၾကာင္း ေရးသားေဖာ္ျပထားသည္ဟု ဆိုသည္။

တရုတ္ျပည္တြင္ ကိုယ္ပိုင္စာသင္ေက်ာင္းမ်ားစြာ ပိုင္ဆိုင္ထားသူ မိုက္ကယ္ ယူမင္ေဟာင္က ေျပာၾကားရာတြင္ တရုတ္ျပည္ၾကီး ပ်က္စီးေနျခင္းမွာ အက်င့္ပ်က္ျပားသည့္ မိန္းမမ်ားေၾကာင့္ျဖစ္ေၾကာင္း၊ ေငြကိုသာခ်စ္ခင္သည့္ မိန္းမတို႔ေၾကာင့္ ေယာက်္ားမ်ားမွာ ေငြေနာက္လိုက္ရန္ တစ္ခုတည္းသာ သိၾကေတာ့ေၾကာင္း ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Burmese.asia


#Unicode Version#

တရုတ်ပြည်တောင်ဘက်စွန်း ဟိုင်နန်ကျွန်းရှိ ဈေးဝယ်စင်တာတစ်ခုသည် စင်တာ၏ ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် Wechat တွင် အကြိမ်ပေါင်း ၈၈၀၀၀၀ ကြည့်ရှုခံရပြီးသည့် အထိမ်းအမှတ် ကျင်းပရန်အတွက် ဝန်ထမ်းမိန်းကလေးများကို ဝတ်လစ်စလစ် နေထိုင်ကြရန် တောင်းဆိုသည့် ဆိုင်းဘုတ်ချိတ်ဆွဲထားသည့်ပုံမှာ တရုတ်ပြည် လူမှုကွန်ရက် အသုံးပြုသူများအကြား ဂယက်ရိုက်ခဲ့သည်။

၈ ဂဏန်းသည် တရုတ်လူမျိုးတို့၏ ယုံကြည်မှုတွင် ချမ်းသာဓနကို ကိုယ်စားပြုပြီး ကံအကောင်းဆုံးဂဏန်းဖြစ်သည်ဟု ယုံကြည်ကြသည်။

“အချိန် ၁၀ မိနစ်ကြာ ဝတ်လစ်စလစ်နေထိုင်ပေးမည့် မိန်းကလေးဝန်ထမ်း ၁၀ ဦး ကျွန်တော်တို့ ရှာဖွေနေပါသည်။ တစ်ဦးလျှင် ယွမ် ၁၀၀၀၀ (မြန်မာငွေ ၂၃ သိန်းခန့်) ဆုချီးမြှင့်ပါမည်” ဟူသည့် အနီရောင်ဆိုင်းဘုတ်နှစ်ခုကို ဈေးဝယ်စင်တာရှေ့ မျက်နှာစာတွင် ချိတ်ဆွဲထားခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်ချိတ်ဆွဲထားပုံ ဓာတ်ပုံမှာ လူမှုကွန်ရက်သုံးစွဲသူတို့အကြား များစွာပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

Weibo လူမှုကွန်ရက်တွင် အများဆုံးဝေဖန်ရေးသားကြသည်မှာ “နင်တို့သူဌေးဝတ်လစ်စလစ်နေနေတာကိုလည်း ငါကြည့်ချင်တယ်”ဟူ၍ ရေးသားကြပြီး “အရှက်မရှိသောလုပ်ရပ်”ဟုလည်း ဝေဖန်ရေးသားကြသည်။

ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် ဟိုင်ကူး အမျိုးသမီးရေးရာအဖွဲ့နှင့် လောင်ဟွာ စက်မှု၊ ကူးသန်းအင်စတီကျုတို့ကို ဈေးဝယ်စင်တာသို့ လာရောက်ကြည့်ရှုကြရန် တိုင်ကြားခဲ့ကြရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ဈေးဝယ်စင်တာတွင်ပင် ဒဏ်ငွေ ယွမ် ၉၀၀ (မြန်မာငွေ ၂ သိန်းခန့်) သာ ပေးဆောင်စေသည်ဟု ဆိုသည်။

ဆိုင်းဘုတ်များကိုမူ ချက်ချင်းဖြုတ်သိမ်းစေခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ ကိုယ်စားလှယ်တို့က ဈေးဝယ်စင်တာ၏ မန်နေဂျာနှင့် တွေ့ဆုံသွားခဲ့သည်ဟု ဟိုင်နန်နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

ဈေးဝယ်စင်တာ စီမံခန့်ခွဲရေးအဖွဲ့က တောင်းပန်စာတစ်ခု ရေးသားတင်ပြခဲ့ရာ ယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ ပွဲစီစဉ်တို့၏ စိတ်ကူးသာဖြစ်ပြီး ရုံးချုပ်ထံ အကြောင်းကြားခြင်းမရှိခဲ့ကြောင်း၊ ၎င်းတို့ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီးဖြစ်ပါကြောင်း ရေးသားဖော်ပြထားသည်ဟု ဆိုသည်။

တရုတ်ပြည်တွင် ကိုယ်ပိုင်စာသင်ကျောင်းများစွာ ပိုင်ဆိုင်ထားသူ မိုက်ကယ် ယူမင်ဟောင်က ပြောကြားရာတွင် တရုတ်ပြည်ကြီး ပျက်စီးနေခြင်းမှာ အကျင့်ပျက်ပြားသည့် မိန်းမများကြောင့်ဖြစ်ကြောင်း၊ ငွေကိုသာချစ်ခင်သည့် မိန်းမတို့ကြောင့် ယောကျ်ားများမှာ ငွေနောက်လိုက်ရန် တစ်ခုတည်းသာ သိကြတော့ကြောင်း ပြောကြားခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top