(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ကြယ္လြန္ၿပီျဖစ္သည့္ သ႐ုပ္ေဆာင္မင္းေသြး ေခါင္းေဆာင္အျဖစ္ ပထမဆုံးပါ ၀င္႐ုိက္ကူးထားသည့္ သတ္ကြင္း ႐ုပ္ရွင္ဇာတ္ကားကို ဒီဇင္ဘာ ၁၄ ရက္ တြင္ ႐ုံတင္ျပသမည္ျဖစ္သည္။

‘‘ဒီကားက မင္းေသြးရဲ႕ ပထ မဆုံးနဲ႔ ေနာက္ဆုံးေခါင္းေဆာင္ အေနနဲ႔ ႐ုိက္ကူးတဲ့ ႐ုပ္ရွင္ကား ျဖစ္သြားတယ္’’ ဟု ယင္းဇာတ္ ကား ဒါ႐ုိက္တာသားညီက ေျပာ သည္။


သတ္ကြင္း႐ုပ္ရွင္ဇာတ္ကား ကို မင္းေသြး၊ စည္ၿဖိဳးႏွင့္ ေနရဲ တို႔က ၎တို႔ကိုယ္တုိင္ထုတ္လုပ္ ေရးမ်ားျဖင့္ ပူးေပါင္း၍ ႐ုိက္ကူး ထားၿပီး မင္းေသြးမကြယ္လြန္မီ ကတည္းက ယခုႏွစ္အတြင္း ႐ုံ တင္ျပသႏုိင္ရန္ ႀကိဳးစားေနသည့္ ဇာတ္ကားျဖစ္သည္။

ထုိ႔ျပင္ ယင္းဇာတ္ကားအ တြက္ မင္းေသြးက ႐ုိက္ကူးေရးပိုင္းသာမက ႐ုံတင္ျပသႏုိင္မည့္အ ေျခအေန ေရာက္ရွိေအာင္ ႀကိဳးစားလုပ္ေဆာင္ခဲ့သည္ဟု သားညီက ေျပာသည္။


‘‘အဓိကကသူပဲ။ ကြၽန္ေတာ္ ကားဆက္တယ္။ သူ႔ကိုျပတယ္။ မႀကိဳက္ဘူး။ အသံကိုစိတ္တုိင္း က်ျပန္လုပ္တယ္။ ကာလာျပန္ ခ်ိန္တယ္။ ညီေလး(ေနတိုး)ကို ျပ တယ္။ ညီေလးကအိုေကၿပီဆုိ တာေတာင္ သူ မအိုေကဘူး။ ဒီ ကားအတြက္ အေခါက္ေခါက္ အ ပင္ပန္းခံတယ္။ ဆုံးတဲ့ေန႔အထိ ေတာင္ သူစင္ကာပူကျပန္ေရာက္ ေရာက္ခ်င္း အသံသမားဆီကို ဖုန္းဆက္ၿပီး Sound Check လုပ္ ခ်င္လို႔ ေျပာတယ္’’ဟု သတ္ကြင္း ဇာတ္ကားအတြက္ မင္းေသြး၏ ႀကိဳးပမ္းမႈမ်ားကို သားညီက ေျပာ သည္။

ယင္းဇာတ္ကားတြင္ မင္း ေသြးက ေရွးေခတ္မ်ဳိးႏြယ္စုတစ္ ခုမွ ဆင္းသက္လာသူအျဖစ္ ပါ ၀င္သ႐ုပ္ေဆာင္ထားၿပီး လမ္းျပ အျဖစ္ ပါ၀င္ေၾကာင္း သားညီက ေျပာသည္။


‘‘ပိုက္ဆံထက္ အေရးႀကီး တာ ကြၽန္ေတာ္တို႔ေလာကမွာ အ မ်ားႀကီးရွိတယ္။ အဓိကက ဒီခ်ာ တိတ္ေလးသုံးေယာက္ေျပာသြား တာက ေမတၱာတရားက အရာရာ ထက္အေရးႀကီးတယ္။ အဲဒီဟာ ေလးက သတ္ကြင္းကေပးခ်င္တဲ့ မက္ေဆ့ခ်္ပါ။ က်န္တာေတြက ေတာ့ ႐ုပ္ရွင္သေဘာအရ အက္ ရွင္ေတြ၊ စြန္႔စားခန္း (Adventrure) ေတြ ထည့္ထားပါတယ္’’ ဟု သား ညီက ေျပာသည္။

လတ္တေလာတြင္ သတ္ကြင္းဇာတ္ကား၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ႐ုပ္ရွင္အႏုပညာေမာင္ႏွမ မ်ားက ယင္းဇာတ္ကားသည္ မင္းေသြးစိတ္ႏွစ္၍ လုပ္ေဆာင္ခဲ့သ ျဖင့္ အားေပးရန္ တုိက္တြန္းသည့္ အမွတ္တရစကားမ်ား ေျပာၾကား ထားသည္။


သတ္ကြင္းဇာတ္ကားတြင္ ပါ၀င္သ႐ုပ္ေဆာင္ထားသည့္ ဇာတ္႐ုပ္အတြက္ မင္းေသြးက ခႏၶာကိုယ္ပိုင္းကို သုံးလခန္႔ျပင္ ဆင္ခဲ့ၿပီး ၎၏အေျပာအဆုိပုိင္း ကိုလည္း    ဇာတ္ေကာင္၏ပုံစံ အတုိင္းျဖစ္ေစရန္ ႀကိဳးစားသ႐ုပ္ ေဆာင္ထားေၾကာင္း မင္းေသြး မကြယ္လြန္မီ   ေျပာၾကားထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7 Day

#Unicode Version#

ကွယ်လွန်ပြီဖြစ်သည့် သရုပ်ဆောင်မင်းသွေး ခေါင်းဆောင်အဖြစ် ပထမဆုံးပါ ဝင်ရိုက်ကူးထားသည့် သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၁၄ ရက် တွင် ရုံတင်ပြသမည်ဖြစ်သည်။

‘‘ဒီကားက မင်းသွေးရဲ့ ပထ မဆုံးနဲ့ နောက်ဆုံးခေါင်းဆောင် အနေနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်ကား ဖြစ်သွားတယ်’’ ဟု ယင်းဇာတ် ကား ဒါရိုက်တာသားညီက ပြော သည်။

သတ်ကွင်းရုပ်ရှင်ဇာတ်ကား ကို မင်းသွေး၊ စည်ဖြိုးနှင့် နေရဲ တို့က ၎င်းတို့ကိုယ်တိုင်ထုတ်လုပ် ရေးများဖြင့် ပူးပေါင်း၍ ရိုက်ကူး ထားပြီး မင်းသွေးမကွယ်လွန်မီ ကတည်းက ယခုနှစ်အတွင်း ရုံ တင်ပြသနိုင်ရန် ကြိုးစားနေသည့် ဇာတ်ကားဖြစ်သည်။

ထို့ပြင် ယင်းဇာတ်ကားအ တွက် မင်းသွေးက ရိုက်ကူးရေးပိုင်းသာမက ရုံတင်ပြသနိုင်မည့်အ ခြေအနေ ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်ခဲ့သည်ဟု သားညီက ပြောသည်။

‘‘အဓိကကသူပဲ။ ကျွန်တော် ကားဆက်တယ်။ သူ့ကိုပြတယ်။ မကြိုက်ဘူး။ အသံကိုစိတ်တိုင်း ကျပြန်လုပ်တယ်။ ကာလာပြန် ချိန်တယ်။ ညီလေး(နေတိုး)ကို ပြ တယ်။ ညီလေးကအိုကေပြီဆို တာတောင် သူ မအိုကေဘူး။ ဒီ ကားအတွက် အခေါက်ခေါက် အ ပင်ပန်းခံတယ်။ ဆုံးတဲ့နေ့အထိ တောင် သူစင်ကာပူကပြန်ရောက် ရောက်ချင်း အသံသမားဆီကို ဖုန်းဆက်ပြီး Sound Check လုပ် ချင်လို့ ပြောတယ်’’ဟု သတ်ကွင်း ဇာတ်ကားအတွက် မင်းသွေး၏ ကြိုးပမ်းမှုများကို သားညီက ပြော သည်။

ယင်းဇာတ်ကားတွင် မင်း သွေးက ရှေးခေတ်မျိုးနွယ်စုတစ် ခုမှ ဆင်းသက်လာသူအဖြစ် ပါ ဝင်သရုပ်ဆောင်ထားပြီး လမ်းပြ အဖြစ် ပါဝင်ကြောင်း သားညီက ပြောသည်။

‘‘ပိုက်ဆံထက် အရေးကြီး တာ ကျွန်တော်တို့လောကမှာ အ များကြီးရှိတယ်။ အဓိကက ဒီချာ တိတ်လေးသုံးယောက်ပြောသွား တာက မေတ္တာတရားက အရာရာ ထက်အရေးကြီးတယ်။ အဲဒီဟာ လေးက သတ်ကွင်းကပေးချင်တဲ့ မက်ဆေ့ချ်ပါ။ ကျန်တာတွေက တော့ ရုပ်ရှင်သဘောအရ အက် ရှင်တွေ၊ စွန့်စားခန်း (Adventrure) တွေ ထည့်ထားပါတယ်’’ ဟု သား ညီက ပြောသည်။

လတ်တလောတွင် သတ်ကွင်းဇာတ်ကား၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရုပ်ရှင်အနုပညာမောင်နှမ များက ယင်းဇာတ်ကားသည် မင်းသွေးစိတ်နှစ်၍ လုပ်ဆောင်ခဲ့သ ဖြင့် အားပေးရန် တိုက်တွန်းသည့် အမှတ်တရစကားများ ပြောကြား ထားသည်။

သတ်ကွင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်အတွက် မင်းသွေးက ခန္ဓာကိုယ်ပိုင်းကို သုံးလခန့်ပြင် ဆင်ခဲ့ပြီး ၎င်း၏အပြောအဆိုပိုင်း ကိုလည်း    ဇာတ်ကောင်၏ပုံစံ အတိုင်းဖြစ်စေရန် ကြိုးစားသရုပ် ဆောင်ထားကြောင်း မင်းသွေး မကွယ်လွန်မီ   ပြောကြားထား သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top