ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကမၻာကသတိျပဳမိလာတဲ့ ဆုေတာင္းျပည့္ ေဗာင္းေတာ္ခ်ဳပ္ ေႁမြဘုရား !!!

ရန္ကုန္ၿမိဳ႕ရဲ့ တစ္ဖက္ကမ္း တြံေတးၿမိဳ႕မွာရွိတဲ့ “ေဗာင္းေတာ္ခ်ဳပ္ဘုရား” ကို ေႁမြေတြရဲ့ နိဗၺာန္ဘုံေလးအျဖစ္ ကမၻာက သိလာၿပီျဖစ္ေၾကာင္း စင္ကာပူသတင္းမီဒီယာမွာ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ေဗာင္းေတာ္ခ်ဳပ္ေက်ာင္းကို ေရာက္တာနဲ႔ စပါးႀကီးေႁမြႀကီးေတြဟာ ေက်ာင္းရဲ့ၾကမ္းျပင္၊ နံရံေတြနဲ႔ ျပတင္းေပါက္ေတြေပၚမွာ ေရြးလ်ားသြားလာေနတာကို ေနရာအႏွံ့ျမင္ေတြ႕ၾကရမွာပါ။“လူေတြက ဆုေတာင္းျပည့္တယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ လာၿပီးဝတ္ျပဳဆုေတာင္းၾကပါတယ္” လို႔ ဆရာေလး စႏၵာသီရိ က ေျပာပါတယ္။

အခုဆိုရင္ လူေတြက ေဗာင္းေတာ္ခ်ဳပ္ဘရား ဆိုတာထက္ တြံေတးကေႁမြဘုရားဆိုရင္ ပိုၿပီးသိၾကပါတယ္။“ဆုေတာင္းတဲ့အခါမွာလည္း ကိုယ္လိုခ်င္တဲ့ဆု တစ္ခုထဲပဲေတာင္းရတယ္၊ ေလာဘနဲ႔ အမ်ားႀကီးေတာင္းလို႔မရပါဘူး” လို႔ ဆရာေလးက ဆက္ေျပာပါတယ္
။ ေဒသခံေတြကလည္း ဒါဇင္နဲ႔ခ်ီရွိေနတဲ့ ေႁမြႀကီးေတြေပၚမွာ ေမတၱာထားၾကပါတယ္။ အခ်ိဳ႕ေႁမြႀကီးေတြဟာ ၆ ေပကေန ၉ ေပေလာက္ထိ ရွိၾကပါတယ္။

ေက်ာင္းရဲ့ က်က္သေရေဆာင္ခန္းမႀကီးထဲမွာ ပုံစံကြဲ ႐ုပ္ပြားေတာ္ ၃ ဆူ ရွိပါတယ္။ ေႁမြႀကီးေတြက အဲဒီ႐ုပ္ပြားေတာ္ေတြၾကားထဲမွာ လၽွာေလးျပဴတစ္ျပဴတစ္နဲ႔ ရစ္ေခြသြားလာေနၾကတာဟာ အသည္းယားစရာေတာ့ေကာင္းလွပါတယ္။“ကၽြန္ေတာ္ ဒီမွာ မၾကာခဏလာၿပီး ဆုေတာင္းေလ့ရွိတယ္၊ ကၽြန္ေတာ့္ရဲ့ အခ်ိဳ႕ဆုေတာင္းေတြ တစ္ကယ္ျပည့္တယ္ဗ်” ဟု ေပါင္းေတာ္ခ်ဳပ္ဘုရားကို ငယ္စဥ္ကတည္းက အျမဲလာဖူးတတ္တဲ့ ကိုဝင္းျမင့္ (၄၅ ႏွစ္) က ဆိုပါတယ္။

အနီးနားက အလွူခံပုံးထဲမွာေတာ့ ေခါက္ခ်ိဳးေခါက္ထားတဲ့ တစ္ေထာင္က်ပ္တန္နဲ႔ အေႂကြေစ့ေလးေတြက ေႁမြႀကီးေတြရဲ့ တုတ္ခိုင္တဲ့လုံးပတ္ေတြေပၚမွာ တင္ေနတာကို ေတြ႕ရပါတာကို ေတြ႕ရပါတယ္။ဆုေတာင္းတဲ့သူေတြ ပိုက္ဆံပစ္ထားတာပါ။ အခ်ိဳ႕သတၱိေကာင္းတဲ့ အမ်ိဳးသမီးေတြက ေႁမြေတြအနားသြားၿပီး ကိုင္တြယ္ပြတ္သပ္ကာ ဆုေတာင္းေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ေဒသခံေတြဟာ သူတို႔လယ္ထဲရြာထဲမွာ ေတြ႕ရတဲ့ ေႁမြေတြကို မသတ္ပစ္ပဲ ဒီ ေဗာင္းေတာ္ခ်ဳပ္ဘုရားမွာ ေဘးမဲ့အျဖစ္ လာလႊတ္ၾကပါတယ္။

ဒီလိုလာလႊတ္တဲ့အတြက္ သူတို႔အတြက္ ကံေကာင္းျခင္းေတြ ရလာတယ္လို႔ အသက္ ၃၀ အရြယ္ ကိုေနမ်ိဳး က ဆိုပါတယ္။မည္သို႔ပင္ျဖစ္ေစကာမူ အခုလိုေႁမြအရွင္ေတြ ျပည့္ႏွက္ေနတဲ့ ဘုရားေက်ာင္းကန္ေနရာဆိုတာ အင္မတန္မွ ျမင္ေတြ႕ရခဲ့လွတဲ့ ေနရာတစ္ခုျဖစ္ၿပီး
ဒီေနရာေလးကေတာ့ ေႁမြေတြအတြက္ နိဗၺာန္ဘုံေလးပါလို႔ ေရးသားေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကသတိပြုမိလာတဲ့ ဆုတောင်းပြည့် ဗောင်းတော်ချုပ် မြွေဘုရား !!!

ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း တွံတေးမြို့မှာရှိတဲ့ “ဗောင်းတော်ချုပ်ဘုရား” ကို မြွေတွေရဲ့ နိဗ္ဗာန်ဘုံလေးအဖြစ် ကမ္ဘာက သိလာပြီဖြစ်ကြောင်း စင်ကာပူသတင်းမီဒီယာမှာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ဗောင်းတော်ချုပ်ကျောင်းကို ရောက်တာနဲ့ စပါးကြီးမြွေကြီးတွေဟာ ကျောင်းရဲ့ကြမ်းပြင်၊ နံရံတွေနဲ့ ပြတင်းပေါက်တွေပေါ်မှာ ရွေးလျားသွားလာနေတာကို နေရာအနှံ့မြင်တွေ့ကြရမှာပါ။“လူတွေက ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာပြီးဝတ်ပြုဆုတောင်းကြပါတယ်” လို့ ဆရာလေး စန္ဒာသီရိ က ပြောပါတယ်။

အခုဆိုရင် လူတွေက ဗောင်းတော်ချုပ်ဘရား ဆိုတာထက် တွံတေးကမြွေဘုရားဆိုရင် ပိုပြီးသိကြပါတယ်။“ဆုတောင်းတဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ဆု တစ်ခုထဲပဲတောင်းရတယ်၊ လောဘနဲ့ အများကြီးတောင်းလို့မရပါဘူး” လို့ ဆရာလေးက ဆက်ပြောပါတယ်
။ ဒေသခံတွေကလည်း ဒါဇင်နဲ့ချီရှိနေတဲ့ မြွေကြီးတွေပေါ်မှာ မေတ္တာထားကြပါတယ်။ အချို့မြွေကြီးတွေဟာ ၆ ပေကနေ ၉ ပေလောက်ထိ ရှိကြပါတယ်။

ကျောင်းရဲ့ ကျက်သရေဆောင်ခန်းမကြီးထဲမှာ ပုံစံကွဲ ရုပ်ပွားတော် ၃ ဆူ ရှိပါတယ်။ မြွေကြီးတွေက အဲဒီရုပ်ပွားတော်တွေကြားထဲမှာ လျှာလေးပြူတစ်ပြူတစ်နဲ့ ရစ်ခွေသွားလာနေကြတာဟာ အသည်းယားစရာတော့ကောင်းလှပါတယ်။“ကျွန်တော် ဒီမှာ မကြာခဏလာပြီး ဆုတောင်းလေ့ရှိတယ်၊ ကျွန်တော့်ရဲ့ အချို့ဆုတောင်းတွေ တစ်ကယ်ပြည့်တယ်ဗျ” ဟု ပေါင်းတော်ချုပ်ဘုရားကို ငယ်စဉ်ကတည်းက အမြဲလာဖူးတတ်တဲ့ ကိုဝင်းမြင့် (၄၅ နှစ်) က ဆိုပါတယ်။

အနီးနားက အလှူခံပုံးထဲမှာတော့ ခေါက်ချိုးခေါက်ထားတဲ့ တစ်ထောင်ကျပ်တန်နဲ့ အကြွေစေ့လေးတွေက မြွေကြီးတွေရဲ့ တုတ်ခိုင်တဲ့လုံးပတ်တွေပေါ်မှာ တင်နေတာကို တွေ့ရပါတာကို တွေ့ရပါတယ်။ဆုတောင်းတဲ့သူတွေ ပိုက်ဆံပစ်ထားတာပါ။ အချို့သတ္တိကောင်းတဲ့ အမျိုးသမီးတွေက မြွေတွေအနားသွားပြီး ကိုင်တွယ်ပွတ်သပ်ကာ ဆုတောင်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒေသခံတွေဟာ သူတို့လယ်ထဲရွာထဲမှာ တွေ့ရတဲ့ မြွေတွေကို မသတ်ပစ်ပဲ ဒီ ဗောင်းတော်ချုပ်ဘုရားမှာ ဘေးမဲ့အဖြစ် လာလွှတ်ကြပါတယ်။

ဒီလိုလာလွှတ်တဲ့အတွက် သူတို့အတွက် ကံကောင်းခြင်းတွေ ရလာတယ်လို့ အသက် ၃၀ အရွယ် ကိုနေမျိုး က ဆိုပါတယ်။မည်သို့ပင်ဖြစ်စေကာမူ အခုလိုမြွေအရှင်တွေ ပြည့်နှက်နေတဲ့ ဘုရားကျောင်းကန်နေရာဆိုတာ အင်မတန်မှ မြင်တွေ့ရခဲ့လှတဲ့ နေရာတစ်ခုဖြစ်ပြီး
ဒီနေရာလေးကတော့ မြွေတွေအတွက် နိဗ္ဗာန်ဘုံလေးပါလို့ ရေးသားဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top