(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


မႏၲေလး မဟာေအာင္ေျမၿမိဳ ႔နယ္၊ မဟာၿမိဳင္(၁)၊ လမ္း ၆၀ ၃၇×၃၈လမ္းၾကား၊ ျပည္ႀကီးမ်က္႐ွင္အေဝးေျပးယာဥ္ရပ္နားစခန္းဝင္းအတြင္းတြင္ ဒီဇင္ဘာ ၅ရက္ နံနက္ ၁နာရီက ခရီးသည္တင္ယာဥ္ႏွစ္စီး မီးေလာင္ခဲ႔သည္။

ကားဝင္းအတြင္း ရပ္နားထားသည့္ မႏၲေလး-လား႐ိႈး ေျပးဆြဲေနေသာ ရတနာစိုးေမာ္ေတာ္ယာဥ္လိုင္းမွ FUSO ခရီးသည္ယာဥ္ ႏွင့္ ႐ွမ္းမင္းသား (မႏၲေလး-လား႐ိႈး) ေျပးဆြဲသည့္ ခရီးသည္ယာဥ္ တို႔ မီးေလာင္ခဲ႔ျခင္းျဖစ္သည္။ မီးေလာင္ရာသို႔ ၿမိဳ ႔နယ္အုပ္ခ်ဳပ္ေရးမွဴးဦးႏိုင္ဝင္း၊ ၿမိဳ ႔နယ္ရဲတပ္ဖြဲ႕မွဴးရဲမွဴးဝင္းႏိုင္တို႔ ႀကီးၾကပ္ၿပီး ၿမိဳ ႔နယ္မီးသတ္ဦးစီးဌာနမွဴးဦးၫြန္႔ဝင္းေအာင္ဦးစီးၿပီး မီးသတ္ယာဥ္၁၀စီး သေႏၶ၁၀ဦး၊ အရံ၅၀ဦးတို႔ျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ(၁)နာရီခြဲအခ်ိန္တြင္ မီးၿငိမ္းသြားခဲ့သည္။


မီးေလာင္မႈေၾကာင့္ ခရီးသည္တင္ယာဥ္ႏွစ္စီး၏ အေပၚပိုင္းႏွင့္ အတြင္းခန္းမ်ား မီးေလာင္ကြၽမ္းခဲ့ၿပီး ဆုံး႐ံႈးမႈတန္ဖိုး သိန္း(၈၀)႐ွိေၾကာင္း သိရသည္။

ကားမီးေလာင္မႈႏွင့္ ပတ္သတ္၍ ရတနာစိုးယာဥ္ပိုင္႐ွင္ျဖစ္သူ ကိုကိုေဇာ္(၃၀)ႏွစ္ကို အမွတ္(၉)နယ္ေျမရဲစခန္းမွအေရးယူေဆာင္ရြက္ႏိုင္ရန္ စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Realthadin

#Unicode Version#

မန္တလေး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)၊ လမ်း ၆၀ ၃၇×၃၈လမ်းကြား၊ ပြည်ကြီးမျက်ရှင်အဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်းတွင် ဒီဇင်ဘာ ၅ရက် နံနက် ၁နာရီက ခရီးသည်တင်ယာဉ်နှစ်စီး မီးလောင်ခဲ့သည်။

ကားဝင်းအတွင်း ရပ်နားထားသည့် မန္တလေး-လားရှိုး ပြေးဆွဲနေသော ရတနာစိုးမော်တော်ယာဉ်လိုင်းမှ FUSO ခရီးသည်ယာဉ် နှင့် ရှမ်းမင်းသား (မန္တလေး-လားရှိုး) ပြေးဆွဲသည့် ခရီးသည်ယာဉ် တို့ မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းနိုင်တို့ ကြီးကြပ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးညွန့်ဝင်းအောင်ဦးစီးပြီး မီးသတ်ယာဉ်၁၀စီး သန္ဓေ၁၀ဦး၊ အရံ၅၀ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ(၁)နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ခရီးသည်တင်ယာဉ်နှစ်စီး၏ အပေါ်ပိုင်းနှင့် အတွင်းခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း(၈၀)ရှိကြောင်း သိရသည်။

ကားမီးလောင်မှုနှင့် ပတ်သတ်၍ ရတနာစိုးယာဉ်ပိုင်ရှင်ဖြစ်သူ ကိုကိုဇော်(၃၀)နှစ်ကို အမှတ်(၉)နယ်မြေရဲစခန်းမှအရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးနေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top