ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


အေရာင္ ၇ မ်ိဳးနဲ႔ဖြဲ႕စည္းထားတဲ့ သက္တံအေရာင္ေတြဟာ ကမာၻႀကီးအတြက္ေတာ့ သဘာဝတရားက ေပးထားတဲ့ လက္ေဆာင္တခုပါ။ သက္တံေရာင္ ထြက္ေပၚလာတဲ့အခါ လူေတြဟာ တေမ့တေမာ ေငးေမာၾကည့္ရွဴေလ့ ရွိတတ္ပါတယ္။ ဒါေပမဲ့လည္း က်ေနာ္တို႔ၾကည့္ရွဴခြင့္ရတဲ့ သက္တံ အသက္ဟာ ခဏေလးပါပဲ။

စာေရးသူတို႔ ေငးေမာၾကည့္ရွဴေနစဥ္မွာပဲ သက္တံေတြဟာ ကြယ္ေပ်ာက္သြားၾကတယ္။ သက္တံေတြဟာ ကြယ္ေပ်ာက္ လြယ္ၾကပါတယ္။


 အဘိုးအို Huang Yung-fu ကို ၁၉ ၂၄ ခုႏွစ္မွာ ကြမ္တုံၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ညီအစ္ကို ေမာင္ႏွမ ၇ ေယာက္ ရွိတဲ့အနက္ အဘိုးက အႀကီးဆုံးျဖစ္ၿပီး သူ႔ ေအာက္မွာေတာ့ ညီ ၄ ေယာက္နဲ႔ ညီမ ၂ ေယာက္ ရွိပါတယ္။ အဘိုးဟာ ၁၉၄၆ ကူမင္တန္တပ္မွာ စစ္မႈထမ္းခဲ့ၿပီး ကြန္ျမဴနစ္ေတြနဲ႔ျဖစ္တဲ့ တ႐ုတ္ျပည္တြင္းစစ္မွာ ပါဝင္ခဲ့ပါတယ္။

၁၉၄၉ ခုႏွစ္မွာေတာ့ ကူမင္တန္ေတြ စစ္ရႈံးခဲ့ရၿပီး ထိုင္ဝမ္ကိုထြက္ေျပးတဲ့ တ႐ုတ္ျဖဴစစ္သည္ေတြထဲမွာ အဘိုးအို Huang တေယာက္ ပါဝင္ခဲ့ပါတယ္။ စစ္သည္အမ်ားစုဟာ သက္ဆိုင္ရာ ႐ြာကေလးေတြမွာ ယာယီေနထိုင္ခဲ့ၾကၿပီး ျပည္တြင္းစစ္ႀကီး ၿပီးဆုံးတဲ့ေနာက္ မွာေတာ့ စစ္မႈထမ္းအမ်ားစုဟာ ယာယီ႐ြာကေလးေတြကို စြန႔္ခြာသြားခဲ့ၾကပါတယ္။


အဲဒီ႐ြာကေလးေတြကေန စြန႔္ခြာလာခဲ့ၾကသူေတြကို အစိုးရက နစ္နာေၾကးေပး ၊ အိမ္အသစ္ေတြ ေဆာက္လုပ္ေပးၿပီး အျခားေနရာေတြမွာ အေျခခ်ေနထိုင္ေစခဲ့ေပမယ့္ အဘိုးကေတာ့ သူ႔အိမ္နီးခ်င္းေတြ ဘယ္လိုပဲေျပာင္းေ႐ႊ႕သြားသြား ေနၿမဲ ဆက္ေနခဲ့ပါတယ္။ ေနာက္ဆုံး ႐ြာကို ဖ်က္ဆီးမယ္ဆိုတဲ့ အခ်ိန္မွာေတာ့ အဘိုးရဲ႕ သက္တံ႐ြာကေလးက အသက္ဝင္လာပါ ေတာ့တယ္။

အဘိုး ပထမဆုံး နံရံေပၚမွာ စဆြဲတဲ့ပုံကေတာ့ ငွက္ပုံေလးပါပဲ။ ဒါဟာ အားလုံးရဲ႕အစပါပဲ။ အဘိုးရဲ႕စိတ္ကူးကေတာ့ ႐ြာတ႐ြာလုံးကို ေဆးေရာင္ျခယ္ဖို႔ပါပဲ။ ေဒသခံ တကၠသိုလ္ေက်ာင္းသားေတြဟာ အဘိုးရဲ႕ အေရာင္ျခယ္ ကမ္းပိန္းမွာ ပါဝင္လာခဲ့ၾကပါတယ္။

ႏွစ္အနည္းငယ္ၾကာ လာတဲ့အခါမွာေတာ့ “အေရာင္ေတြေနတဲ့ သက္တံ႐ြာ”လို႔ နာမည္တြင္လာခဲ့ၿပီး လမ္းမႀကီးမ်ား အပါအဝင္ အိမ္အလုံးေပါင္း ၁၂၀၀ ေက်ာ္ေလာက္ကို ေဆးေရာင္ျခယ္လာႏိုင္ခဲ့ပါတယ္။ အဘိုးအို ဖန္ဆင္းခဲ့တဲ့ အေရာင္ေတြေနတဲ့ သက္တံ႐ြာကေလး ဟာ ထိုင္ဝမ္ႏိုင္ငံ၊ Nantun ခ႐ိုင္ထဲက Taichung ၿမိဳ႕ကေလးထဲက ႐ြာေလး တ႐ြာပါ။


Taichung ဟာ ၂၀၁၇ လူဦးေရစာရင္းအရ ၂ ဒႆမ ၈ သန္း ရွိတဲ့ၿမိဳ႕ ျဖစ္ၿပီး ထိုင္ဝမ္ရဲ႕ ဒုတိယ လူဦးေရအမ်ားဆုံး ၿမိဳ႕ပါ။ အေရာင္ေတြေနတဲ့ “သက္တံ႐ြာ”ကို သြားလည္ခ်င္တယ္ဆိုရင္ေတာ့Taichung ၿမိဳ႕ထဲကေန နံပါတ္ ၂၇ ဘတ္စ္ကားကို စီးသြားရမွာျဖစ္ၿပီး Lin Tung တကၠသိုလ္မွာ ဆင္းရမွာျဖစ္ပါတယ္။

ခရီးစဥ္ဟာ မိနစ္ ၅၀ ေလာက္ၾကာျမင့္မွာျဖစ္ၿပီး ဘတ္စ္ကားမွတ္တိုင္မွာ ဆင္းၿပီးတဲ့ေနာက္မွာေတာ့ လမ္းဆက္ေလွ်ာက္ သြားၿပီး ပထမဆုံးျမင္ရမယ့္ မီးပြိဳင့္ကေန ညာဖက္ ကိုခ်ိဳးသြားမယ္ဆိုရင္ေတာ့ အေရာင္ေတြေနတဲ့ သက္တံ႐ြာဆီကို ေရာက္သြားပါလိမ့္မယ္။

အခုဆိုရင္ေတာ့ သက္တံေတြရဲ႕ အဘိုးအို စတင္ခဲ့တဲ့ အေရာင္ေတြေနတဲ့ သက္တံ႐ြာကေလးဟာ ကမာၻလွည့္ခရီးသြားမ်ားနဲ႔ စည္ကားလို႔ လာခဲ့ပါၿပီ။ အာရွရဲ႕ မသြားမျဖစ္ သြားရမယ့္ ေနရာ ၂၀ ထဲ သက္တံ႐ြာကေလးလည္း ပါဝင္လာခဲ့ပါၿပီ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

အရောင် ၇ မျိုးနဲ့ဖွဲ့စည်းထားတဲ့ သက်တံအရောင်တွေဟာ ကမ္ဘာကြီးအတွက်တော့ သဘာဝတရားက ပေးထားတဲ့ လက်ဆောင်တခုပါ။ သက်တံရောင် ထွက်ပေါ်လာတဲ့အခါ လူတွေဟာ တမေ့တမော ငေးမောကြည့်ရှူလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ကြည့်ရှူခွင့်ရတဲ့ သက်တံ အသက်ဟာ ခဏလေးပါပဲ။

စာရေးသူတို့ ငေးမောကြည့်ရှူနေစဉ်မှာပဲ သက်တံတွေဟာ ကွယ်ပျောက်သွားကြတယ်။ သက်တံတွေဟာ ကွယ်ပျောက် လွယ်ကြပါတယ်။

အဘိုးအို Huang Yung-fu ကို ၁၉ ၂၄ ခုနှစ်မှာ ကွမ်တုံမြို့မှာ မွေးဖွားခဲ့ပါတယ်။ ညီအစ်ကို မောင်နှမ ၇ ယောက် ရှိတဲ့အနက် အဘိုးက အကြီးဆုံးဖြစ်ပြီး သူ့ အောက်မှာတော့ ညီ ၄ ယောက်နဲ့ ညီမ ၂ ယောက် ရှိပါတယ်။ အဘိုးဟာ ၁၉၄၆ ကူမင်တန်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ကွန်မြူနစ်တွေနဲ့ဖြစ်တဲ့ တရုတ်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ်မှာတော့ ကူမင်တန်တွေ စစ်ရှုံးခဲ့ရပြီး ထိုင်ဝမ်ကိုထွက်ပြေးတဲ့ တရုတ်ဖြူစစ်သည်တွေထဲမှာ အဘိုးအို Huang တယောက် ပါဝင်ခဲ့ပါတယ်။ စစ်သည်အများစုဟာ သက်ဆိုင်ရာ ရွာကလေးတွေမှာ ယာယီနေထိုင်ခဲ့ကြပြီး ပြည်တွင်းစစ်ကြီး ပြီးဆုံးတဲ့နောက် မှာတော့ စစ်မှုထမ်းအများစုဟာ ယာယီရွာကလေးတွေကို စွန့်ခွာသွားခဲ့ကြပါတယ်။

အဲဒီရွာကလေးတွေကနေ စွန့်ခွာလာခဲ့ကြသူတွေကို အစိုးရက နစ်နာကြေးပေး ၊ အိမ်အသစ်တွေ ဆောက်လုပ်ပေးပြီး အခြားနေရာတွေမှာ အခြေချနေထိုင်စေခဲ့ပေမယ့် အဘိုးကတော့ သူ့အိမ်နီးချင်းတွေ ဘယ်လိုပဲပြောင်းရွှေ့သွားသွား နေမြဲ ဆက်နေခဲ့ပါတယ်။ နောက်ဆုံး ရွာကို ဖျက်ဆီးမယ်ဆိုတဲ့ အချိန်မှာတော့ အဘိုးရဲ့ သက်တံရွာကလေးက အသက်ဝင်လာပါ တော့တယ်။

အဘိုး ပထမဆုံး နံရံပေါ်မှာ စဆွဲတဲ့ပုံကတော့ ငှက်ပုံလေးပါပဲ။ ဒါဟာ အားလုံးရဲ့အစပါပဲ။ အဘိုးရဲ့စိတ်ကူးကတော့ ရွာတရွာလုံးကို ဆေးရောင်ခြယ်ဖို့ပါပဲ။ ဒေသခံ တက္ကသိုလ်ကျောင်းသားတွေဟာ အဘိုးရဲ့ အရောင်ခြယ် ကမ်းပိန်းမှာ ပါဝင်လာခဲ့ကြပါတယ်။

နှစ်အနည်းငယ်ကြာ လာတဲ့အခါမှာတော့ “အရောင်တွေနေတဲ့ သက်တံရွာ”လို့ နာမည်တွင်လာခဲ့ပြီး လမ်းမကြီးများ အပါအဝင် အိမ်အလုံးပေါင်း ၁၂၀၀ ကျော်လောက်ကို ဆေးရောင်ခြယ်လာနိုင်ခဲ့ပါတယ်။ အဘိုးအို ဖန်ဆင်းခဲ့တဲ့ အရောင်တွေနေတဲ့ သက်တံရွာကလေး ဟာ ထိုင်ဝမ်နိုင်ငံ၊ Nantun ခရိုင်ထဲက Taichung မြို့ကလေးထဲက ရွာလေး တရွာပါ။

Taichung ဟာ ၂၀၁၇ လူဦးရေစာရင်းအရ ၂ ဒဿမ ၈ သန်း ရှိတဲ့မြို့ ဖြစ်ပြီး ထိုင်ဝမ်ရဲ့ ဒုတိယ လူဦးရေအများဆုံး မြို့ပါ။ အရောင်တွေနေတဲ့ “သက်တံရွာ”ကို သွားလည်ချင်တယ်ဆိုရင်တော့Taichung မြို့ထဲကနေ နံပါတ် ၂၇ ဘတ်စ်ကားကို စီးသွားရမှာဖြစ်ပြီး Lin Tung တက္ကသိုလ်မှာ ဆင်းရမှာဖြစ်ပါတယ်။

ခရီးစဉ်ဟာ မိနစ် ၅၀ လောက်ကြာမြင့်မှာဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်မှာ ဆင်းပြီးတဲ့နောက်မှာတော့ လမ်းဆက်လျှောက် သွားပြီး ပထမဆုံးမြင်ရမယ့် မီးပွိုင့်ကနေ ညာဖက် ကိုချိုးသွားမယ်ဆိုရင်တော့ အရောင်တွေနေတဲ့ သက်တံရွာဆီကို ရောက်သွားပါလိမ့်မယ်။

အခုဆိုရင်တော့ သက်တံတွေရဲ့ အဘိုးအို စတင်ခဲ့တဲ့ အရောင်တွေနေတဲ့ သက်တံရွာကလေးဟာ ကမ္ဘာလှည့်ခရီးသွားများနဲ့ စည်ကားလို့ လာခဲ့ပါပြီ။ အာရှရဲ့ မသွားမဖြစ် သွားရမယ့် နေရာ ၂၀ ထဲ သက်တံရွာကလေးလည်း ပါဝင်လာခဲ့ပါပြီ။ ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top