ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ခရီးသြားၾကတဲ့အခါ အမ်ားအားျဖင့္ သူငယ္ခ်င္းအေပါင္းအသင္းေတြ၊ မိဘေဆြမ်ိဳးေတြနဲ႔ ပထမဦးဆုံး တိုင္ပင္ အေဖာ္စပ္ေလ့ရွိၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ တကိုယ္ေတာ္ခရီးထြက္ျခင္းဟာ သိပ္ေရပန္းမစားလွေပမယ့္ ႏိုင္ငံတကာမွာေတာ့ တကိုယ္တည္း ခရီးထြက္တယ္ဆိုတာဟာ အဆန္းတၾကယ္ေတာ့ မဟုတ္ပါဘူး။

ဒါေၾကာင့္မလို႔ သင့္အေနနဲ႔ ခရီးေတြ သြားႏိုင္ေနတဲ့ အသက္အ႐ြယ္အပိုင္းအျခားမွာ တသက္မွာတခါဆိုသလိုပဲ တကိုယ္ေတာ္ခရီးထြက္ၾကည့္ဖို႔ေတာ့ ႀကိဳးစားၾကည့္သင့္ပါတယ္။


(၁) မိမိကိုယ္ကို ယုံၾကည္မႈရွိေစမယ္

သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ မိဘေဆြမ်ိဳးေတြမပါဘဲ တကိုယ္ေတာ္ခရီးသြားတဲ့အခါ ဘယ္အရာမဆို မိမိကိုယ္တိုင္သာ ျပဳလုပ္ရတဲ့အျပင္ ကိုယ့္ကိုယ္ကို အားကိုးရတဲ့အတြက္ေၾကာင့္ မိမိကိုယ္ကို ယုံၾကည္မႈကို ပိုမိုျမင့္တက္လာေစႏိုင္ပါတယ္။

(၂) လြတ္လြတ္လပ္လပ္ရွိေစမယ္

တေယာက္တည္းခရီးထြက္တဲ့အခါ မိမိေရာက္ရွိတဲ့ ေနရာေဒသသစ္မွာ အေပါင္းအသင္းေတြနဲ႔ အေဖာ္ညႇိစရာမလိုဘဲ မိမိစိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္သြားလာလည္ပတ္ႏိုင္တဲ့အျပင္ ေဒသအစားအစာေတြနဲ႔ အေတြ႕အႀကဳံသစ္ေတြကို လြတ္လြတ္လပ္လပ္ ခံစားႏိုင္မွာပဲ ျဖစ္ပါတယ္.

(၃) တာဝန္ယူစိတ္ ျပည့္ဝလာေစမယ္

သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ မိဘေဆြမ်ိဳးေတြနဲ႔ ခရီးထြက္တဲ့အခါ သူတို႔က သင့္ရဲ႕အထုပ္အပိုးေတြနဲ႔ သင့္ကိစၥေတြကို ရံဖန္ရံခါအားျဖင့္ ကူညီလုပ္ကိုင္ေပးႏိုင္ေပမယ့္ သင္တဦးတည္း ခရီးထြက္ခ်ိန္မွာေတာ့ သင္ကိုယ္တိုင္ျပဳလုပ္ လုပ္ကိုင္ရမွာျဖစ္တာေၾကာင့္ ကိုယ့္ကိုယ္ကို တာဝန္ယူစိတ္ေတြ ျပည့္ဝလာေစႏိုင္ပါတယ္။

(၄) ကိုယ္ပိုင္အခ်ိန္ေတြ ရရွိလာေစမယ္

ေန႔စဥ္နဲ႔အမွ် လုပ္ငန္းခြင္မွာေရာ၊ အိမ္မွာပါ လူေတြနဲ႔ ထိေတြ႕ဆက္ဆံေနရတဲ့ အတြက္ေၾကာင့္ ကိုယ္ပိုင္အခ်ိန္ဆိုတာဟာ မရွိသေလာက္ကို နည္းပါးလွပါတယ္။ တကိုယ္ေတာ္ခရီးထြက္ျခင္းဟာ သင့္ရဲ႕ကိုယ္ပိုင္အခ်ိန္ေတြကို ေနရာေဒသသစ္မွာ ေအးခ်မ္းစြာ ကုန္ဆုံးေစမွာျဖစ္သလို သင့္ကိုယ္သင္လည္း ျပန္လည္သုံးသပ္ဆင္ျခင္ႏိုင္ဖို႔အတြက္ ကိုယ္ပိုင္အခ်ိန္ေကာင္း ေတြကို ပိုင္ဆိုင္ေစမွာ ျဖစ္ပါတယ္။

(၅) ခရီးသြားျခင္းရဲ႕အရသာကို ပိုမိုခံစားတတ္လာမယ္

တေယာက္တည္းခရီးသြားရမွာ ျဖစ္တဲ့အတြက္ အစစအရာရာမွာ လုံၿခဳံမႈရွိေအာင္ ခရီးစဥ္အစကေန အဆုံးအထိ မိမိသြားမယ့္ေနရာေဒသအလိုက္ အစီအစဥ္ေတြကို ကိုယ္တိုင္ဆုံးျဖတ္စီစဥ္ရမွာ ျဖစ္တာေၾကာင့္ ခရီးသြားျခင္းရဲ႕ အရသာကို ပိုမိုခံစားတတ္လာမွာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

# Unicode Version #

ခရီးသွားကြတဲ့အခါ အများအားဖြင့် သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိဘဆွေမျိုးတွေနဲ့ ပထမဦးဆုံး တိုင်ပင် အဖော်စပ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တကိုယ်တော်ခရီးထွက်ခြင်းဟာ သိပ်ရေပန်းမစားလှပေမယ့် နိုင်ငံတကာမှာတော့ တကိုယ်တည်း ခရီးထွက်တယ်ဆိုတာဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။

ဒါကြောင့်မလို့ သင့်အနေနဲ့ ခရီးတွေ သွားနိုင်နေတဲ့ အသက်အရွယ်အပိုင်းအခြားမှာ တသက်မှာတခါဆိုသလိုပဲ တကိုယ်တော်ခရီးထွက်ကြည့်ဖို့တော့ ကြိုးစားကြည့်သင့်ပါတယ်။


(၁) မိမိကိုယ်ကို ယုံကြည်မှုရှိစေမယ်

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိဘဆွေမျိုးတွေမပါဘဲ တကိုယ်တော်ခရီးသွားတဲ့အခါ ဘယ်အရာမဆို မိမိကိုယ်တိုင်သာ ပြုလုပ်ရတဲ့အပြင် ကိုယ့်ကိုယ်ကို အားကိုးရတဲ့အတွက်ကြောင့် မိမိကိုယ်ကို ယုံကြည်မှုကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။

(၂) လွတ်လွတ်လပ်လပ်ရှိစေမယ်

တယောက်တည်းခရီးထွက်တဲ့အခါ မိမိရောက်ရှိတဲ့ နေရာဒေသသစ်မှာ အပေါင်းအသင်းတွေနဲ့ အဖော်ညှိစရာမလိုဘဲ မိမိစိတ်ကြိုက် လွတ်လွတ်လပ်လပ်သွားလာလည်ပတ်နိုင်တဲ့အပြင် ဒေသအစားအစာတွေနဲ့ အတွေ့အကြုံသစ်တွေကို လွတ်လွတ်လပ်လပ် ခံစားနိုင်မှာပဲ ဖြစ်ပါတယ်.

(၃) တာဝန်ယူစိတ် ပြည့်ဝလာစေမယ်

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိဘဆွေမျိုးတွေနဲ့ ခရီးထွက်တဲ့အခါ သူတို့က သင့်ရဲ့အထုပ်အပိုးတွေနဲ့ သင့်ကိစ္စတွေကို ရံဖန်ရံခါအားဖြင့် ကူညီလုပ်ကိုင်ပေးနိုင်ပေမယ့် သင်တဦးတည်း ခရီးထွက်ချိန်မှာတော့ သင်ကိုယ်တိုင်ပြုလုပ် လုပ်ကိုင်ရမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို တာဝန်ယူစိတ်တွေ ပြည့်ဝလာစေနိုင်ပါတယ်။

(၄) ကိုယ်ပိုင်အချိန်တွေ ရရှိလာစေမယ်

နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်မှာရော၊ အိမ်မှာပါ လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အတွက်ကြောင့် ကိုယ်ပိုင်အချိန်ဆိုတာဟာ မရှိသလောက်ကို နည်းပါးလှပါတယ်။ တကိုယ်တော်ခရီးထွက်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင်အချိန်တွေကို နေရာဒေသသစ်မှာ အေးချမ်းစွာ ကုန်ဆုံးစေမှာဖြစ်သလို သင့်ကိုယ်သင်လည်း ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်ကောင်း တွေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

(၅) ခရီးသွားခြင်းရဲ့အရသာကို ပိုမိုခံစားတတ်လာမယ်

တယောက်တည်းခရီးသွားရမှာ ဖြစ်တဲ့အတွက် အစစအရာရာမှာ လုံခြုံမှုရှိအောင် ခရီးစဉ်အစကနေ အဆုံးအထိ မိမိသွားမယ့်နေရာဒေသအလိုက် အစီအစဉ်တွေကို ကိုယ်တိုင်ဆုံးဖြတ်စီစဉ်ရမှာ ဖြစ်တာကြောင့် ခရီးသွားခြင်းရဲ့ အရသာကို ပိုမိုခံစားတတ်လာမှာပဲ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top