ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မင္းေကာင္မေလးနဲ႔ မင္း chatting ထိုင္ေနတယ္ ။႐ုတ္တရက္ သူနဲ႔ sex chat လုပ္ခ်င္ လာတယ္ ။

မင္း သူ႔ဆီက ေဖာ္ခၽြတ္ ျပထားတဲ့ ဓာတ္ပံုကို ေတာင္းတယ္။ေကာင္မေလးက မေပးဘူး ျငင္းတယ္ ။မင္း ဆက္ေတာင္းတယ္ ။ေကာင္မေလးက သူ႔ကို နားလည္ေပးဖို႔ ေတာင္းဆိုတယ္ ။

မင္းကလည္း မင္းကို ယံုဖို႔ ေျပာျပတယ္ ။ေကာင္မေလးက ပံုမျပရဲဘူး ထပ္ျငင္းတယ္ ။မင္း ဆက္ေတာင္းေသး တယ္ ။ေကာင္မေလးက မင္းကို ခဏေစာင့္ ခိုင္းတယ္ ။မင္း ခဏေစာင့္ေန လိုက္တယ္။

ဓာတ္ပံု ေရာက္လာ တယ္ ။မင္းေပ်ာ္သြားတယ္။မင္းဖာသာ အာသာေျဖတယ္။မင္းကိစၥၿပီးေတာ့ သူ႔ဓာတ္ပံုကို ျပန္ၾကည့္ တယ္။မင္း ရြံသြားတယ္။တန္ဖိုး ထားစရာ မေကာင္းေတာ့ဘူး။ မသတီ ေတာ့ဘူး။

မင္း တစ္ခုခု ဆံုးျဖတ္ခ်က္ ခ်လိုက္တယ္။ဓာတ္ပံုကို ေဖ့စ္ဘုတ္ေပၚ ကို တင္လိုက္တယ္။သူ႔ကိုပါ Tag တြဲလိုက္ ေသးတယ္။ေကာင္မေလး ေတြ႕သြားတယ္။မင္းကို ဖ်က္ခိုင္းတယ္။ ငိုယိုၿပီး ေတာင္းပန္ ရွာတယ္။

ဒါေပမယ့္ မင္း မဖ်က္ဘူး။ေကာင္မေလးက မင္းဖ်က္ေပးရင္ ဓာတ္ပံုေတြ ထပ္ပို႔ ပါ့မယ္လို႔ ေျပာတယ္။မင္းက မင္း အကုန္ ျမင္ၿပီးၿပီ မို႔ မလိုေတာ့ဘူးလို႔ ေျပာလိုက္တယ္။လူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ လာ လက္မေထာင္ ၾကတယ္။Reaction ေတြ ေပးၾကတယ္ ။

တခ်ိဳ႕က ကြန္မန္႔ေတြမွာ ေအာက္လံုးေတြနဲ႔ လာ႐ိုင္းၾကတယ္။တခ်ိဳ႕က ကာကြယ္ေပးေန ၾကတယ္။တခ်ိဳ႕ကေတာ့ သနားၾကတယ္။တခ်ိဳ႕ကေတာ့ ရယ္ေမာ ေလွာင္ေျပာင္ ၾကတယ္။သူ႔ သူငယ္ခ်င္းေတြပါ ဓာတ္ပံုကို ေတြ႕သြားၾကတယ္။

ဘာမဟုတ္တဲ့ ကိစၥ တစ္ခုေၾကာင့္ ေကာင္မေလး တစ္ေယာက္ ကေတာ့ ဘဝပါ ေျပာင္းသြားခဲ့ ပါၿပီ 2

တခ်ိဳ႕ သူငယ္ခ်င္းေတြ စိတ္ပ်က္ကုန္ ၾကတယ္တခ်ိဳ႕က စတင္ ပုတ္ခတ္လာ ၾကတယ္။တခ်ိဳ႕ သူငယ္ခ်င္းေတြက ကာကြယ္ေပး ၾကတယ္။ဒါေပမယ့္ တစ္ေယာက္ အတြက္မွ ထူးမသြားဘူး။

မိေမြးတိုင္း ဖေမြးတိုင္း ပံုဆိုတာ လူတိုင္း ျမင္ဖူးၿပီးသား။တခ်ိဳ႕ေတြက ရွယ္ၾကတယ္။တခ်ိဳ႕ေတြက ေဆ့ဗ္ လုပ္ထားၾကတယ္။တခ်ိဳ႕ဆိုရင္ ေကာင္မေလးရဲ႕ အမ်ိဳးေတြကို သြားျပၾကတယ္။ေကာင္မေလး ေနာင္တ ရတယ္။ ငိုတယ္။

ေနာက္တစ္ေန႔ သူမ ေက်ာင္းသြားေတာ့ လူေတြက သူ႔ကို မဲ့ရြဲ႕ျပတယ္။အတန္းထဲ ဝင္ထိုင္ထိုင္ခ်င္း ေက်ာင္းအုပ္က လွမ္းေခၚတယ္။သူမ ရွင္းျပတယ္။ လက္မခံဘူး။ မိဘ ေခၚခံရတယ္။မိဘေတြ လိုက္လာတဲ့ အခါ သူမကို ေက်ာင္းထုတ္ ပစ္လိုက္ၾကတယ္။

မိဘေတြက ရွိခိုးၿပီး ေတာင္းပန္တယ္။ေက်ာင္းအုပ္က ေခါင္းကို ေကာ့ေနေအာင္ ေမာ့ထားတယ္။သူတို႔ သံုးေယာက္ အိမ္ျပန္သြားၾကတယ္။လမ္းမွာ အေမက ဆူၿပီး အိမ္မွာ အေဖက ႐ိုက္တယ္။

ဖုန္းကို သိမ္းတယ္။ သူမ ဘဝ အကုန္ ႐ိုက္ခ်ိဳး ခံလိုက္ရတယ္။ေကာင္မေလး အိမ္က ထြက္ေျပးတယ္။လမ္းတေလွ်ာက္ လူေတြက လက္ညႇိဳးေတြ ထိုးရယ္ ၾကတယ္။အေတြးေတြ မ်ားလာၿပီး ေနခ်င္စိတ္ေတြ နည္းလာတယ္။ေသခ်င္စိတ္ေတြ ျပင္းလာၿပီး သတ္ေသဖို႔ ဆံုးျဖတ္ လိုက္တယ္။

အိမ္ကို ျပန္တယ္။အေမ့ ကုတင္ေအာက္က ႂကြက္သတ္ေဆး ကို ယူတယ္။အခန္းကို ျပန္တယ္။ ပုလင္း အဖံုးကို ဖြင့္တယ္။ျမန္ျမန္ ေမာ့ခ်ၿပီး သူမ ကုတင္ေပၚ ပစ္လွဲ လိုက္တယ္။၂ မိနစ္ အတြင္း ေသဆံုးသြား ခဲ့တယ္။

မိဘေတြက ႐ိုက္ရတာ အားမရလို႔ ထပ္႐ိုက္ဖို႔ ေခၚတယ္။သူ ျပန္မထူး ခဲ့ဘူး။စိတ္ေတြဆိုးၿပီး ထပ္ေအာ္ ေခၚတယ္။ေကာင္မေလး အသံထြက္ မလာေတာ့ဘူး။အခန္းထဲထိ ဝင္႐ိုက္မယ္ လုပ္ၿပီး ဝင္သြားၾကတယ္။ေသေနတဲ့ သမီးရဲ႕ အေလာင္းကို ေတြ႕ခဲ့ၾကတယ္။

ႂကြက္သတ္ေဆး ဝယ္မိတဲ့ အေမက ကိုယ့္ကိုယ္ကို အျပစ္တင္တယ္။႐ိုက္မိတဲ့ အေဖက ကိုယ့္ကိုယ္ ကို အျပစ္တင္တယ္။သူတို႔ ၂ ေယာက္ စလံုး အႀကီးအက်ယ္ ငိုေႂကြးၾကတယ္။ေသဆံုးတဲ့ သတင္း ၾကားတဲ့အခါ အမ်ိဳးေတြလည္း စိတ္မေကာင္း ျဖစ္ၾကတယ္။

သူငယ္ခ်င္း အရင္းေတြလည္း ဝမ္းနည္း ၾကတယ္။ငိုယိုၾက ပါတယ္။မင္းလည္း ဒီသတင္းကို ၾကားမိတယ္။အခ်ိန္ေတြကို အေနာက္ ျပန္ရစ္ခ်င္ လာတယ္။လူတစ္ေယာက္ရဲ႕ ကံၾကမၼာကို ျပန္ျပင္ေပးခ်င္ လာတယ္။

အသုဘ ခ်တဲ့ေန႔မွာ လူအားလံုး ငိုေႂကြးေနၾကတယ္။အသုဘ ၿပီးသြားၿပီ။ အားလံုး ကိုယ္စီ ျပန္သြားၾကၿပီ။ေကာင္မေလးရဲ႕ မိဘေတြ ဘဝ ေျပာင္းလဲ သြားၾကၿပီ။သူ႔ သူငယ္ခ်င္းေတြ ဘဝ ေျပာင္းလဲ သြားၾကၿပီ။မင္းရဲ႕ ဘဝ လည္း ေျပာင္းလဲ သြားခဲ့ၿပီ။

ဘာမဟုတ္တဲ့ ကိစၥ တစ္ခုေၾကာင့္ ေကာင္မေလး တစ္ေယာက္ ကေတာ့ ဘဝပါ ေျပာင္းသြားခဲ့ ပါၿပီ။ဘဝဆိုတာ ဓာတ္လိုက္ တတ္တယ္။

လူတိုင္းဟာ မင္းကို ေရွာ့ခ္ရ ေစႏိုင္တယ္။

#kyawnge

Sarcasm မွ ပို႔စ္တစ္ခုကို မွီျငမ္း ေဖာ္ျပသည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာသူ
# Unicode version ျဖင့္ ဖတ္ပါ #
မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ် ။ရုတ်တရက် သူနဲ့ sex chat လုပ်ချင် လာတယ် ။

မင်း သူ့ဆီက ဖော်ချွတ် ပြထားတဲ့ ဓာတ်ပုံကို တောင်းတယ်။ကောင်မလေးက မပေးဘူး ငြင်းတယ် ။မင်း ဆက်တောင်းတယ် ။ကောင်မလေးက သူ့ကို နားလည်ပေးဖို့ တောင်းဆိုတယ် ။

မင်းကလည်း မင်းကို ယုံဖို့ ပြောပြတယ် ။ကောင်မလေးက ပုံမပြရဲဘူး ထပ်ငြင်းတယ် ။မင်း ဆက်တောင်းသေး တယ် ။ကောင်မလေးက မင်းကို ခဏစောင့် ခိုင်းတယ် ။မင်း ခဏစောင့်နေ လိုက်တယ်။

ဓာတ်ပုံ ရောက်လာ တယ် ။မင်းပျော်သွားတယ်။မင်းဖာသာ အာသာဖြေတယ်။မင်းကိစ္စပြီးတော့ သူ့ဓာတ်ပုံကို ပြန်ကြည့် တယ်။မင်း ရွံသွားတယ်။တန်ဖိုး ထားစရာ မကောင်းတော့ဘူး။ မသတီ တော့ဘူး။

မင်း တစ်ခုခု ဆုံးဖြတ်ချက် ချလိုက်တယ်။ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ် ကို တင်လိုက်တယ်။သူ့ကိုပါ Tag တွဲလိုက် သေးတယ်။ကောင်မလေး တွေ့သွားတယ်။မင်းကို ဖျက်ခိုင်းတယ်။ ငိုယိုပြီး တောင်းပန် ရှာတယ်။

ဒါပေမယ့် မင်း မဖျက်ဘူး။ကောင်မလေးက မင်းဖျက်ပေးရင် ဓာတ်ပုံတွေ ထပ်ပို့ ပါ့မယ်လို့ ပြောတယ်။မင်းက မင်း အကုန် မြင်ပြီးပြီ မို့ မလိုတော့ဘူးလို့ ပြောလိုက်တယ်။လူတွေ တစ်ယောက်ပြီး တစ်ယောက် လာ လက်မထောင် ကြတယ်။Reaction တွေ ပေးကြတယ် ။

တချို့က ကွန်မန့်တွေမှာ အောက်လုံးတွေနဲ့ လာရိုင်းကြတယ်။တချို့က ကာကွယ်ပေးနေ ကြတယ်။တချို့ကတော့ သနားကြတယ်။တချို့ကတော့ ရယ်မော လှောင်ပြောင် ကြတယ်။သူ့ သူငယ်ချင်းတွေပါ ဓာတ်ပုံကို တွေ့သွားကြတယ်။

ဘာမဟုတ်တဲ့ ကိစ္စ တစ်ခုကြောင့် ကောင်မလေး တစ်ယောက် ကတော့ ဘဝပါ ပြောင်းသွားခဲ့ ပါပြီ 2

တချို့ သူငယ်ချင်းတွေ စိတ်ပျက်ကုန် ကြတယ်တချို့က စတင် ပုတ်ခတ်လာ ကြတယ်။တချို့ သူငယ်ချင်းတွေက ကာကွယ်ပေး ကြတယ်။ဒါပေမယ့် တစ်ယောက် အတွက်မှ ထူးမသွားဘူး။

မိမွေးတိုင်း ဖမွေးတိုင်း ပုံဆိုတာ လူတိုင်း မြင်ဖူးပြီးသား။တချို့တွေက ရှယ်ကြတယ်။တချို့တွေက ဆေ့ဗ် လုပ်ထားကြတယ်။တချို့ဆိုရင် ကောင်မလေးရဲ့ အမျိုးတွေကို သွားပြကြတယ်။ကောင်မလေး နောင်တ ရတယ်။ ငိုတယ်။

နောက်တစ်နေ့ သူမ ကျောင်းသွားတော့ လူတွေက သူ့ကို မဲ့ရွဲ့ပြတယ်။အတန်းထဲ ဝင်ထိုင်ထိုင်ချင်း ကျောင်းအုပ်က လှမ်းခေါ်တယ်။သူမ ရှင်းပြတယ်။ လက်မခံဘူး။ မိဘ ခေါ်ခံရတယ်။မိဘတွေ လိုက်လာတဲ့ အခါ သူမကို ကျောင်းထုတ် ပစ်လိုက်ကြတယ်။

မိဘတွေက ရှိခိုးပြီး တောင်းပန်တယ်။ကျောင်းအုပ်က ခေါင်းကို ကော့နေအောင် မော့ထားတယ်။သူတို့ သုံးယောက် အိမ်ပြန်သွားကြတယ်။လမ်းမှာ အမေက ဆူပြီး အိမ်မှာ အဖေက ရိုက်တယ်။

ဖုန်းကို သိမ်းတယ်။ သူမ ဘဝ အကုန် ရိုက်ချိုး ခံလိုက်ရတယ်။ကောင်မလေး အိမ်က ထွက်ပြေးတယ်။လမ်းတလျှောက် လူတွေက လက်ညှိုးတွေ ထိုးရယ် ကြတယ်။အတွေးတွေ များလာပြီး နေချင်စိတ်တွေ နည်းလာတယ်။သေချင်စိတ်တွေ ပြင်းလာပြီး သတ်သေဖို့ ဆုံးဖြတ် လိုက်တယ်။

အိမ်ကို ပြန်တယ်။အမေ့ ကုတင်အောက်က ကြွက်သတ်ဆေး ကို ယူတယ်။အခန်းကို ပြန်တယ်။ ပုလင်း အဖုံးကို ဖွင့်တယ်။မြန်မြန် မော့ချပြီး သူမ ကုတင်ပေါ် ပစ်လှဲ လိုက်တယ်။၂ မိနစ် အတွင်း သေဆုံးသွား ခဲ့တယ်။

မိဘတွေက ရိုက်ရတာ အားမရလို့ ထပ်ရိုက်ဖို့ ခေါ်တယ်။သူ ပြန်မထူး ခဲ့ဘူး။စိတ်တွေဆိုးပြီး ထပ်အော် ခေါ်တယ်။ကောင်မလေး အသံထွက် မလာတော့ဘူး။အခန်းထဲထိ ဝင်ရိုက်မယ် လုပ်ပြီး ဝင်သွားကြတယ်။သေနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ခဲ့ကြတယ်။

ကြွက်သတ်ဆေး ဝယ်မိတဲ့ အမေက ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။ရိုက်မိတဲ့ အဖေက ကိုယ့်ကိုယ် ကို အပြစ်တင်တယ်။သူတို့ ၂ ယောက် စလုံး အကြီးအကျယ် ငိုကြွေးကြတယ်။သေဆုံးတဲ့ သတင်း ကြားတဲ့အခါ အမျိုးတွေလည်း စိတ်မကောင်း ဖြစ်ကြတယ်။

သူငယ်ချင်း အရင်းတွေလည်း ဝမ်းနည်း ကြတယ်။ငိုယိုကြ ပါတယ်။မင်းလည်း ဒီသတင်းကို ကြားမိတယ်။အချိန်တွေကို အနောက် ပြန်ရစ်ချင် လာတယ်။လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြန်ပြင်ပေးချင် လာတယ်။

အသုဘ ချတဲ့နေ့မှာ လူအားလုံး ငိုကြွေးနေကြတယ်။အသုဘ ပြီးသွားပြီ။ အားလုံး ကိုယ်စီ ပြန်သွားကြပြီ။ကောင်မလေးရဲ့ မိဘတွေ ဘဝ ပြောင်းလဲ သွားကြပြီ။သူ့ သူငယ်ချင်းတွေ ဘဝ ပြောင်းလဲ သွားကြပြီ။မင်းရဲ့ ဘဝ လည်း ပြောင်းလဲ သွားခဲ့ပြီ။

ဘာမဟုတ်တဲ့ ကိစ္စ တစ်ခုကြောင့် ကောင်မလေး တစ်ယောက် ကတော့ ဘဝပါ ပြောင်းသွားခဲ့ ပါပြီ။ဘဝဆိုတာ ဓာတ်လိုက် တတ်တယ်။

လူတိုင်းဟာ မင်းကို ရှော့ခ်ရ စေနိုင်တယ်။

#kyawnge

Sarcasm မှ ပို့စ်တစ်ခုကို မှီငြမ်း ဖော်ပြသည်

ဖိုးသူတော် (www.phothutaw.com)
Credit: တောသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top