ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: Popolay
# Unicode Version ဖြင့် ဖတ်ပါ #
အမျိုးသမီးအကျဉ်းသားတစ်ဦးအား ဆေးကုသမှုခံယူရန် ထောင်မှ ဆေးရုံသို့ ပြောင်းရွေ့ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံပေါ်တွင် ရဲသားနှစ်ဦးက အဓ္ဓမပြုကျင့်ခဲ့မှုတစ်ခု နိုဝင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

အမျိုးသမီးမှာ ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်ခံထားရပြီး အမှုရင်ဆိုင်ရန် စောင်ဆိုင်းနေရစဉ်ကာလအတွင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ဆေးကုသမှုခံယူရန် သီရိခရစ္စနားဆေးတက္ကသိုလ်ဆေးရုံ(SKMCH)သို့ နိုဝင်ဘာလ ၁၁ ရက်နေ့ထဲက လွှဲပြောင်းပို့ဆောင် ကုသမှုခံယူနေခဲ့ရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ အစောင့်ရဲ ၂ ဦးက သူမကို သန့်စင်ခန်းထဲသို့ အတင်းဆွဲသွင်းကာ ဝိုင်းဝန်းအဓ္ဓမပြုကျင့်ခဲ့ကြကြောင်း စွပ်စွဲတိုင်ကြားခဲ့သည်။ တိုင်ကြားချက်ကို ရဲကလက်ခံအမှုဖွင့်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နဲ့ ဆက်လျဉ်းပြီး နိုင်ငံရေး အတိုက်အခံခေါင်းဆောင် Tejashwi Yadav က ဝန်ကြီးချုပ် Nitish Kumar ရဲ့ ထောင်နဲ့ပက်သက်ပြီး စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်း သူ့ရဲ့တွစ်တာပေါ်ကနေတစ်ဆင့် ဝေဖန်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top