ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ အႏၲရာယ္ရွိ ႀကိဳးတံတား ငါးစင္းအနက္ တစ္စင္းျဖစ္သည့္ လပြတၱာၿမိဳ႕ႏွင့္ အျခားၿမိဳ႕နယ္ တိုင္းဒသႀကီးမ်ားကို ဆက္သြယ္ေပးထားသည့္ တစ္ခုတည္းေသာ တံတားျဖစ္ေသာ လပြတၱာ (ပင္လယ္ေလး) ႀကိဳးတံတားကို စတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ေျမာင္းျမႀကိဳးတံတား ပ်က္က်ၿပီးေနာက္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ က်န္ရွိေနေသာ ႀကိဳးတံတားမ်ား၏ ႀကံ့ခိုင္မႈကို လိုက္လံစစ္ေဆးရာတြင္ ႀကံ့ခိုင္မႈအားနည္းၿပီး အႏၲရာယ္ရွိ ႀကိဳးတံတားမ်ားအျဖစ္ သတ္မွတ္ခံရသည့္ တံတားမ်ားအနက္ လပြတၱာ (ပင္လယ္ေလး) ႀကိဳးတံတားကို လက္ရွိအသုံးျပဳေနသည့္ ႀကိဳးတံတားအျဖစ္မွ သံကူကြန္ကရိတံတားအျဖစ္ အဆင့္ျမႇင့္တင္ လုပ္ေဆာင္ႏိုင္ရန္ လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး တံတားျပင္ဆင္ေနသည့္ အခ်ိန္အတြင္း ခရီးသြားလာေရး အဆင္ေျပေစေရးအတြက္ ေမာ္ေတာ္ယာဥ္မ်ားကို ဇက္ေရယာဥ္မ်ားႏွင့္ အခေၾကးေငြ သတ္မွတ္ကာ ေျပးဆြဲေပးသြားပးမည္ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ဇက္ေရယာဥ္မ်ား အတက္အဆင္းလမ္းအတြက္ တည္ေဆာက္ေနမႈမွာ ရာခိုင္ႏႈန္း ၈၀ ခန႔္ ၿပီးစီးေနၿပီျဖစ္ၿပီး ျပည္တြင္းေရေၾကာင္းမွ တာဝန္ယူေျပးဆြဲေပးေနမည့္ ဇက္ေရယာဥ္မ်ား ေရာက္ရွိလာပါက ပင္မတံတားမွ သံေဘာင္ဆြဲဆိုင္းႀကိဳးမ်ားကို ျဖဳတ္သိမ္းကာ အဆင့္ျမႇင့္တင္ တည္ေဆာက္မည္ ျဖစ္ေၾကာင္း သိရသည္။

“ဇက္ေရယာဥ္ေတြ ေရာက္ၿပီဆိုတာနဲ႔ ပထမဆုံး သုံးရက္ကို ခရီးသြားလာျပည္သူေတြ အဆင္ေျပမေျပ စမ္းသပ္ကူးေပးၿပီးေတာ့ ေစာင့္ၾကည့္သြားမွာပါ။ အဆင္ေျပၿပီဆိုတာနဲ႔ ပင္မတံတား ျဖဳတ္သိမ္းေရး လုပ္ငန္းေတြ စတင္ လုပ္ေဆာင္သြားမွာပါ။ တံတား တည္ေဆာက္မႈကို အခုဘ႑ာႏွစ္အတြင္းမွာပဲ အၿပီးတည္ေဆာက္သြားၿပီးမွာပါ။ ကြၽန္ေတာ္တို႔ဘက္က လုပ္ငန္းစဖို႔ အကုန္အဆင္သင့္ ျဖစ္ေနပါၿပီ”ဟု လပြတၱာတံတား တည္ေဆာက္ေရး တံတားဦးစီးဌာန တည္ေဆာက္ေရးအဖြဲ႕ (၁) မွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးခင္ေနာင္က ေျပာၾကားသည္။

လပြတၱာ (ပင္လယ္ေလး) ႀကိဳးတံတား ျပဳျပင္ေနစဥ္အတြင္း လပြတၱာၿမိဳ႕မွ အျခားၿမိဳ႕မ်ားသို႔ သြားလာရာတြင္ ပင္လယ္ေလးဇက္ ႏွင့္ ေျမာင္းျမဇက္ဟူ၍ ဇက္ႏွစ္ႀကိမ္ ကူးသန္းသြားလာရမည္ ျဖစ္ေသာေၾကာင့္ လပြတၱာၿမိဳ႕ေပၚတြင္ ကုန္စည္းစီးဆင္းမႈ ေႏွာင့္ေႏွးမႈမ်ား ႏွင့္ ကုန္ေစ်းႏႈန္း ျမင့္တက္လာမႈမ်ားကို ႀကဳံေတြ႕လာမည္ကိုလည္း ေဒသခံမ်ားမွ စိုးရိမ္ပူပန္ေနမႈမ်ားလည္း ရွိေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven media


#Unicode Version#

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ ကြိုးတံတား ငါးစင်းအနက် တစ်စင်းဖြစ်သည့် လပွတ္တာမြို့နှင့် အခြားမြို့နယ် တိုင်းဒသကြီးများကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော တံတားဖြစ်သော လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိနေသော ကြိုးတံတားများ၏ ကြံ့ခိုင်မှုကို လိုက်လံစစ်ဆေးရာတွင် ကြံ့ခိုင်မှုအားနည်းပြီး အန္တရာယ်ရှိ ကြိုးတံတားများအဖြစ် သတ်မှတ်ခံရသည့် တံတားများအနက် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားကို လက်ရှိအသုံးပြုနေသည့် ကြိုးတံတားအဖြစ်မှ သံကူကွန်ကရိတံတားအဖြစ် အဆင့်မြှင့်တင် လုပ်ဆောင်နိုင်ရန် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး တံတားပြင်ဆင်နေသည့် အချိန်အတွင်း ခရီးသွားလာရေး အဆင်ပြေစေရေးအတွက် မော်တော်ယာဉ်များကို ဇက်ရေယာဉ်များနှင့် အခကြေးငွေ သတ်မှတ်ကာ ပြေးဆွဲပေးသွားပးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဇက်ရေယာဉ်များ အတက်အဆင်းလမ်းအတွက် တည်ဆောက်နေမှုမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး ပြည်တွင်းရေကြောင်းမှ တာဝန်ယူပြေးဆွဲပေးနေမည့် ဇက်ရေယာဉ်များ ရောက်ရှိလာပါက ပင်မတံတားမှ သံဘောင်ဆွဲဆိုင်းကြိုးများကို ဖြုတ်သိမ်းကာ အဆင့်မြှင့်တင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

“ဇက်ရေယာဉ်တွေ ရောက်ပြီဆိုတာနဲ့ ပထမဆုံး သုံးရက်ကို ခရီးသွားလာပြည်သူတွေ အဆင်ပြေမပြေ စမ်းသပ်ကူးပေးပြီးတော့ စောင့်ကြည့်သွားမှာပါ။ အဆင်ပြေပြီဆိုတာနဲ့ ပင်မတံတား ဖြုတ်သိမ်းရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်သွားမှာပါ။ တံတား တည်ဆောက်မှုကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ အပြီးတည်ဆောက်သွားပြီးမှာပါ။ ကျွန်တော်တို့ဘက်က လုပ်ငန်းစဖို့ အကုန်အဆင်သင့် ဖြစ်နေပါပြီ”ဟု လပွတ္တာတံတား တည်ဆောက်ရေး တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်နောင်က ပြောကြားသည်။

လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား ပြုပြင်နေစဉ်အတွင်း လပွတ္တာမြို့မှ အခြားမြို့များသို့ သွားလာရာတွင် ပင်လယ်လေးဇက် နှင့် မြောင်းမြဇက်ဟူ၍ ဇက်နှစ်ကြိမ် ကူးသန်းသွားလာရမည် ဖြစ်သောကြောင့် လပွတ္တာမြို့ပေါ်တွင် ကုန်စည်းစီးဆင်းမှု နှောင့်နှေးမှုများ နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုများကို ကြုံတွေ့လာမည်ကိုလည်း ဒေသခံများမှ စိုးရိမ်ပူပန်နေမှုများလည်း ရှိနေသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top