(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ဆံေကသာ အလွ က လူတုိင္းျမတ္ႏိုးတန္ဖိုးထားရတဲ့ အလွတရားတစ္ရပ္ပါပဲ။ ဒါ့ေၾကာင့္ အလွစစ္ကို ေကသာမွာရွာ လို႔ ေရွးလူႀကီးေတြက ေျပာစမွတ္ျပဳခဲ့ၾကတာပါ။ ဒါေပမယ့္ ဒီလိုလွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ရရွိဖို႔အတြက္ ထိန္းသိမ္းရတာလည္း မလြယ္ကူလွပါဘူး။ ဒါ့ေၾကာင့္ အၿမဲတမ္းလိုလို ဆံပင္ က အဆီေတြနဲ႔ ေစးကပ္ကပ္ ျဖစ္ေနတဲ့ သူေတြအတြက္ သက္သာေစမယ့္ အလြယ္ကူဆံုး သဘာဝ နည္းလမ္းေကာင္းမ်ားကို ရွာေဖြၿပီး ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ပန္းသီး ရွာလကာရည္


ပန္းသီးရွာလကာရည္ကေတာ့ အလွအပေရးရာမွာ ေတာ္ေတာ့္ကို အသံုးဝင္တဲ့ အရာတစ္ခုပါပဲ။ ဒီေတာ့..ပန္းသီးရွာလကာရည္ရဲ႕ ေကာင္းက်ိဳးေတြကိုေတာ့ အေထြအထူးေျပာေနစရာ မလိုေတာ့ဘူး ထင္ပါတယ္။ ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္းႏွစ္ဇြန္းကို တစ္လီတာပမာဏရွိတဲ့ ေရထဲ ေရာစပ္လိုက္ပါ။ ေခါင္းေလွ်ာ္ၿပီးတဲ့အခ်ိန္မွာ ပန္းသီးရွာလကာရည္ေရာစပ္ထားတဲ့ ေရနဲ႔ ဦးေရျပားေပၚ ေလာင္းခ်ၿပီး ေဆးေၾကာသန္႔စင္ေပးပါ။ ေနာက္ၿပီး ေရသန္႔သန္႔တစ္ခြက္နဲ႔ ျပန္လည္သန္႔စင္လိုက္ရံု ပါပဲ။

ပန္းသီးရွာလကာရည္ကို အသံုးျပဳၿပီးေနာက္မွာလည္း ဆံပင္ေပါင္းေဆးကို ထပ္သံုးစရာ မလို ေတာ့ ပါဘူးေနာ္။ တကယ္လို႔ ေပါင္းတင္ေဆးကို သံုးခ်င္တယ္ဆိုရင္ေတာင္ ပန္းသီးရွာ လကာ ရည္ မေလာင္းခ်ခင္ ေခါင္းေလွ်ာ္ကတည္းက တစ္ခါတည္း အသံုးျပဳလိုက္ပါ။ ပန္းသီးရွာ လကာ ရည္က ဦးေရျပားအဆီေတြကို ပိုမိုထုတ္လႊတ္ေစတဲ့ ဆဲလ္ေသမ်ားနဲ႔ ဘတ္တီးရီးယား ပိုးမႊား မ်ားကို ဖယ္ရွား သန္႔စင္ေပးတဲ့ အတြက္ နည္းလမ္းေကာင္းေလး တစ္ရပ္ပါပဲ။

(၂) ၾကက္ဥအကာ


ၾကက္ဥနဲ႔ ဆံပင္ေပါင္းတင္တဲ့ နည္းလမ္းကလည္း လူသိမ်ားၿပီးေတာ့ တကယ့္ကို ထိေရာက္တဲ့ နည္းလမ္းေလးပါပဲေနာ္။ ၾကက္ဥအကာမွ ပါဝင္တဲ့ ပရိုတင္းဓာတ္က ဦးေရျပားနဲ႔ဆံသားမ်ားကို အားျဖည့္သန္စြမ္းေစၿပီးေတာ့ ဦးေရျပားအဆီျပန္ျခင္းကိုလည္း သက္သာေစပါတယ္။ ၾကက္ဥအကာ တစ္လံုးထဲကို သံပရိုရည္ ဒါမွမဟုတ္ သံပရာရည္ သံုးစက္ေလာက္ ေရာစပ္ေပးၿပီး ဦးေရျပားအႏံွ႔ သုတ္လိမ္းေပးပါ။

၃မိနစ္ခန္႔ ဦးေရျပားကို ညင္သာစြာ Massage လုပ္ေပးၿပီး shower cap နဲ႔ နာရီဝက္ခန္႔ အုပ္ထားေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ရံုပါပဲ။ ဒီနည္းလမ္း အတုိင္း တစ္ပတ္ႏွစ္ႀကိိမ္ေလာက္ ပံုမွန္ျပဳလုပ္ေပးသြားမယ္ဆုိရင္ေတာ့ ဆံပင္ေစးကပ္ကပ္ျဖစ္တာ သိသိ သာသာ ေလ်ာ့ပါးသြားတာကို ေတြ႔ျမင္ရမွာပါ။

(၃) မုန္႔ဖုတ္ဆိုဒါ


မုန္႔ဖုတ္ဆိုဒါက ဆံေကသာနဲ႔ ဦးေရျပားေပၚမွာ ကပ္ညွိေနတဲ့ အညစ္အေၾကးမ်ားကို ေခါင္းေလွ်ာ္ရည္ လိုမ်ိဳး ဖယ္ရွားသန္႔စင္ေပးႏိုင္တဲ့ အစြမ္းရွိၿပီးေတာ့ ဆံပင္ေပါင္းတင္ေဆးလို ဆံေကသာကို ေပ်ာ့ေပ်ာင္း ေစတဲ့ အက်ိဳးအာနိသင္ ႏွစ္မ်ိဳးစလံုးကို တစ္ၿပိဳင္နက္ ေပးစြမ္းႏိုင္ပါတယ္။ ဒ့ါေၾကာင့္ အဆီျပန္လြန္းတဲ့ ဆံေကသာကို ပိုင္ဆိုင္ထားသူေတြအတြက္ေတာ့ ထိေရာက္တဲ့ နည္းလမ္းေကာင္း တစ္ရပ္ပါပဲေနာ္။

 မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၅ဇြန္း၊ ၆ဇြန္းေလာက္ကို ေရေႏြးတစ္ခြက္ထဲ ေရာထည့္ လိုက္ပါ။ ၿပီးရင္ေတာ့ ဦးေရျပားနဲ႔ ဆံေကသာေပၚ ႏွံ႔ေနေအာင္ သုတ္လိမ္းၿပီး ၅မိနစ္ခန္႔ ေပါင္းတင္ ထားပါ။ ေနာက္ဆံုးမွာေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေဆးေၾကာသန္႔စင္ လိုက္ရံုပါပဲ။ ဒီနည္းအတုိင္းကို ေတာ့ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးရံုနဲ႔ ထူးျခားတဲ့ ရလဒ္ကို ခံစားရမွာပါ။

(၄) ငွက္ေပ်ာသီး


ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ သဘာဝဓာတ္ပစၥည္းမ်ားက ဆံေကသာကို အားျဖည့္ေပးမယ့္ အေကာင္းဆံုး ေသာ အရာတစ္ခုပါပဲ။ ငွက္ေပ်ာသီးႏွစ္လံုး၊ သံလြင္ဆီ၊ အုန္းဆီနဲ႔ ပ်ားရည္ တို႔ကို စားပြဲတင္ဇြန္း တစ္ဇြန္းစီ ဆတူေရာစပ္ၿပီး ဦးေရျပားနဲ႔ ဆံေကသာအႏွံ႔သုတ္လိမ္းေပးပါ။

၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ထားၿပီး ေခါင္းေလွ်ာ္လိုက္ရံုပါပဲေနာ္။ ငွက္ေပ်ာသီးက ဆံေကသာနဲ႔ ဦးေရျပားေပၚက အဆီေတြကို ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ အေကာင္းဆံုး ကူညီေပးႏိုင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊအင္းေလး

#Unicode Version#

ဆံကေသာ အလှ က လူတိုင်းမြတ်နိုးတန်ဖိုးထားရတဲ့ အလှတရားတစ်ရပ်ပါပဲ။ ဒါ့ကြောင့် အလှစစ်ကို ကေသာမှာရှာ လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုခဲ့ကြတာပါ။ ဒါပေမယ့် ဒီလိုလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရရှိဖို့အတွက် ထိန်းသိမ်းရတာလည်း မလွယ်ကူလှပါဘူး။ ဒါ့ကြောင့် အမြဲတမ်းလိုလို ဆံပင် က အဆီတွေနဲ့ စေးကပ်ကပ် ဖြစ်နေတဲ့ သူတွေအတွက် သက်သာစေမယ့် အလွယ်ကူဆုံး သဘာဝ နည်းလမ်းကောင်းများကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်ကတော့ အလှအပရေးရာမှာ တော်တော့်ကို အသုံးဝင်တဲ့ အရာတစ်ခုပါပဲ။ ဒီတော့..ပန်းသီးရှာလကာရည်ရဲ့ ကောင်းကျိုးတွေကိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို တစ်လီတာပမာဏရှိတဲ့ ရေထဲ ရောစပ်လိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ပန်းသီးရှာလကာရည်ရောစပ်ထားတဲ့ ရေနဲ့ ဦးရေပြားပေါ် လောင်းချပြီး ဆေးကြောသန့်စင်ပေးပါ။ နောက်ပြီး ရေသန့်သန့်တစ်ခွက်နဲ့ ပြန်လည်သန့်စင်လိုက်ရုံ ပါပဲ။

ပန်းသီးရှာလကာရည်ကို အသုံးပြုပြီးနောက်မှာလည်း ဆံပင်ပေါင်းဆေးကို ထပ်သုံးစရာ မလို တော့ ပါဘူးနော်။ တကယ်လို့ ပေါင်းတင်ဆေးကို သုံးချင်တယ်ဆိုရင်တောင် ပန်းသီးရှာ လကာ ရည် မလောင်းချခင် ခေါင်းလျှော်ကတည်းက တစ်ခါတည်း အသုံးပြုလိုက်ပါ။ ပန်းသီးရှာ လကာ ရည်က ဦးရေပြားအဆီတွေကို ပိုမိုထုတ်လွှတ်စေတဲ့ ဆဲလ်သေများနဲ့ ဘတ်တီးရီးယား ပိုးမွှား များကို ဖယ်ရှား သန့်စင်ပေးတဲ့ အတွက် နည်းလမ်းကောင်းလေး တစ်ရပ်ပါပဲ။

(၂) ကြက်ဥအကာ

ကြက်ဥနဲ့ ဆံပင်ပေါင်းတင်တဲ့ နည်းလမ်းကလည်း လူသိများပြီးတော့ တကယ့်ကို ထိရောက်တဲ့ နည်းလမ်းလေးပါပဲနော်။ ကြက်ဥအကာမှ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဦးရေပြားနဲ့ဆံသားများကို အားဖြည့်သန်စွမ်းစေပြီးတော့ ဦးရေပြားအဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ ကြက်ဥအကာ တစ်လုံးထဲကို သံပရိုရည် ဒါမှမဟုတ် သံပရာရည် သုံးစက်လောက် ရောစပ်ပေးပြီး ဦးရေပြားအနံှ့ သုတ်လိမ်းပေးပါ။

၃မိနစ်ခန့် ဦးရေပြားကို ညင်သာစွာ Massage လုပ်ပေးပြီး shower cap နဲ့ နာရီဝက်ခန့် အုပ်ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်း အတိုင်း တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ဆံပင်စေးကပ်ကပ်ဖြစ်တာ သိသိ သာသာ လျော့ပါးသွားတာကို တွေ့မြင်ရမှာပါ။

(၃) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ဆံကေသာနဲ့ ဦးရေပြားပေါ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးများကို ခေါင်းလျှော်ရည် လိုမျိုး ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပြီးတော့ ဆံပင်ပေါင်းတင်ဆေးလို ဆံကေသာကို ပျော့ပျောင်း စေတဲ့ အကျိုးအာနိသင် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ပေးစွမ်းနိုင်ပါတယ်။ ဒ့ါကြောင့် အဆီပြန်လွန်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားသူတွေအတွက်တော့ ထိရောက်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါပဲနော်။

 မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၅ဇွန်း၊ ၆ဇွန်းလောက်ကို ရေနွေးတစ်ခွက်ထဲ ရောထည့် လိုက်ပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံကေသာပေါ် နှံ့နေအောင် သုတ်လိမ်းပြီး ၅မိနစ်ခန့် ပေါင်းတင် ထားပါ။ နောက်ဆုံးမှာတော့ ခေါင်းလျှော်ရည်နဲ့ ဆေးကြောသန့်စင် လိုက်ရုံပါပဲ။ ဒီနည်းအတိုင်းကို တော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ထူးခြားတဲ့ ရလဒ်ကို ခံစားရမှာပါ။

(၄) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများက ဆံကေသာကို အားဖြည့်ပေးမယ့် အကောင်းဆုံး သော အရာတစ်ခုပါပဲ။ ငှက်ပျောသီးနှစ်လုံး၊ သံလွင်ဆီ၊ အုန်းဆီနဲ့ ပျားရည် တို့ကို စားပွဲတင်ဇွန်း တစ်ဇွန်းစီ ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံကေသာအနှံ့သုတ်လိမ်းပေးပါ။

 ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲနော်။ ငှက်ပျောသီးက ဆံကေသာနဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အကောင်းဆုံး ကူညီပေးနိုင်မှာပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top