ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အခ်ိန္တိုင္းလိုလို ကိုယ္နဲ႔မကြာ သင့္အနားမွာအၿမဲရွိေနတဲ့ လက္ကိုင္စမတ္ဖုန္းက ဘိုထိုင္အိမ္သာ ဖင္ထိုင္ခြက္ထက္ ၇ ဆကေန ၁၇ ဆထိပိုၿပီး ညစ္ပတ္ ႐ြံစရာေကာင္းေၾကာင္း သုေတသနပညာရွင္မ်ားက စစ္တမ္း မ်ားအရ ေတြ႕ရွိထားပါတယ္။

စမတ္ဖုန္းေတြဟာ တစ္ခ်ိန္လုံး လက္နဲ႔ အပြတ္ခံေနရသလို တစ္ခါတစ္ရံ ေအာက္ျပဳတ္က်တာ၊ အိမ္သာ ထဲထိယူသြားၿပီး ဖုန္း သုံးတာ စသည္ျဖင့္ အေျခအေနတို႔ေၾကာင့္ ပုံမွန္အားျဖင့္ စမတ္ဖုန္း အမ်ားစုဟာ အိမ္သာထိုင္ခြက္ထက္ ၇ ဆပိုၿပီး ညစ္ပတ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ဓါတ္ခြဲခန္းတြင္ စမ္းသပ္ခ်က္အရ လယ္သာကာဗာတပ္ဆင္ထားတဲ့ စမတ္ဖုံးေတြက သာမန္ ပလပ္စတစ္ကာဗာ တပ္ဆင္ထားတဲ့ ဖုန္းေတြထက္ ၆ ဆ ပိုၿပီး ေရာဂါပိုးမႊားမ်ား ေတြ႕ရွိရေၾကာင္း အေျဖထြက္ခဲ့ပါတယ္။

႐ုံးဝန္ထမ္းမ်ားကို စစ္တမ္းေကာက္ယူမႈအရ ၅ ဦးမွာ ၂ ဦးက ဖုန္းကို အိမ္သာထဲထိ ယူသြားၿပီး အသုံးျပဳၾကေၾကာင္း သိရွိရပါတယ္။ သုေတသနပညာရွင္မ်ားက အိမ္သာထိုင္ခြက္ကို အႏုၾကည့္စစ္ေဆးႏိုင္တဲ့ ကရိယာနဲ႔ စကန္(scan)ဖတ္ၾကည့္တဲ့အခါ ဘက္တီးရီးယားေပါက္ပြားတဲ့ အကြက္ေပါင္း ၂၂၀ ကို ေတြ႕ရွိခဲ့ၿပီး စမတ္ဖုန္းမွာေတာ့ အကြက္ေပါင္း ၁၄၇၅ ကြက္ စမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။

Aberdeen တကၠသိုလ္မွ ဘက္တီးရီးယားဆိုင္ရာ ကြၽမ္းက်င္ ဂုဏ္ထူးေဆာင္ပေရာ္ဖက္ဆာ Hugh Pennington က “စမတ္ဖုန္းေတြဟာ ကြၽန္ေတာ္တို႔ သုံးေနၾကတဲ့ လက္ကိုင္ပုဝါလိုပါပဲ လူနဲ႔အၿမဲတေစ ထိစပ္ေနတာေၾကာင့္ ပိုးမႊားေတြအၿမဲ ေပါက္ပြားေနတတ္ပါတယ္” လို႔ ဆိုပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းေပၚမွာ ေတြ႕ရတဲ့ ဘက္တီးရီးယားေတြက ကိုယ့္ဆီကေနပဲ ျပန္ၿပီးေပါက္ပြားလာတာေၾကာင့္ ကိုယ္တိုင္ ျပန္ကူးစက္ဖို႔ ျဖစ္ႏိုင္ေခ် နည္းပါတယ္ သို႔ေသာ္ ဖုန္းတစ္လုံးထဲကို လက္ေျပာင္းလက္လႊဲေတြနဲ႔ ထိေတြ႕ သုံးစြဲမယ္ဆိုရင္ေတာ့ အျပန္အလွန္ ကူးစက္ႏိုင္ေစတယ္လို႔ ပေရာ္ဖက္ဆာက ေျပာၾကားခဲ့ပါတယ္။

ယခုေနာက္ဆုံး ေတြ႕ရွိခ်က္အရ စမတ္ဖုန္း အလုံး ၅၀ ကို စကန္ဖတ္ၾကည့္ခဲ့ရာ လယ္သာကာဗာတပ္ဆင္တဲ့ ဖုန္းေတြက အိမ္သာေႂကြထိုင္ခြက္ထက္ ဘက္တီးရီးယား ေတြ႕ရွိခ်က္က ၁၇ ဆ ပိုမိုမ်ားၿပီး ပလပ္စတစ္ကဗာတပ္ဖုန္းေတြကေတာ့ ၇ ဆ ပိုမ်ားေၾကာင္း ေတြ႕ရွိခဲ့ရသည္။

လူ ၂၀၀၀ ကို စစ္တမ္းေကာက္ယူခဲ့ရာ အိမ္သာထဲ ဖုန္းသုံးသူ ၄၀% ရွိၿပီး သူတို႔ထဲက ၂၀% ကသာ အိမ္သာထဲက ျပန္ထြက္လာရင္ ဖုန္းကို သန႔္ရွင္းေရး ျပန္လုပ္ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
အချိန်တိုင်းလိုလို ကိုယ်နဲ့မကွာ သင့်အနားမှာအမြဲရှိနေတဲ့ လက်ကိုင်စမတ်ဖုန်းက ဘိုထိုင်အိမ်သာ ဖင်ထိုင်ခွက်ထက် ၇ ဆကနေ ၁၇ ဆထိပိုပြီး ညစ်ပတ် ရွံစရာကောင်းကြောင်း သုတေသနပညာရှင်များက စစ်တမ်း များအရ တွေ့ရှိထားပါတယ်။

စမတ်ဖုန်းတွေဟာ တစ်ချိန်လုံး လက်နဲ့ အပွတ်ခံနေရသလို တစ်ခါတစ်ရံ အောက်ပြုတ်ကျတာ၊ အိမ်သာ ထဲထိယူသွားပြီး ဖုန်း သုံးတာ စသည်ဖြင့် အခြေအနေတို့ကြောင့် ပုံမှန်အားဖြင့် စမတ်ဖုန်း အများစုဟာ အိမ်သာထိုင်ခွက်ထက် ၇ ဆပိုပြီး ညစ်ပတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဓါတ်ခွဲခန်းတွင် စမ်းသပ်ချက်အရ လယ်သာကာဗာတပ်ဆင်ထားတဲ့ စမတ်ဖုံးတွေက သာမန် ပလပ်စတစ်ကာဗာ တပ်ဆင်ထားတဲ့ ဖုန်းတွေထက် ၆ ဆ ပိုပြီး ရောဂါပိုးမွှားများ တွေ့ရှိရကြောင်း အဖြေထွက်ခဲ့ပါတယ်။

ရုံးဝန်ထမ်းများကို စစ်တမ်းကောက်ယူမှုအရ ၅ ဦးမှာ ၂ ဦးက ဖုန်းကို အိမ်သာထဲထိ ယူသွားပြီး အသုံးပြုကြကြောင်း သိရှိရပါတယ်။ သုတေသနပညာရှင်များက အိမ်သာထိုင်ခွက်ကို အနုကြည့်စစ်ဆေးနိုင်တဲ့ ကရိယာနဲ့ စကန်(scan)ဖတ်ကြည့်တဲ့အခါ ဘက်တီးရီးယားပေါက်ပွားတဲ့ အကွက်ပေါင်း ၂၂၀ ကို တွေ့ရှိခဲ့ပြီး စမတ်ဖုန်းမှာတော့ အကွက်ပေါင်း ၁၄၇၅ ကွက် စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

Aberdeen တက္ကသိုလ်မှ ဘက်တီးရီးယားဆိုင်ရာ ကျွမ်းကျင် ဂုဏ်ထူးဆောင်ပရော်ဖက်ဆာ Hugh Pennington က “စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ သုံးနေကြတဲ့ လက်ကိုင်ပုဝါလိုပါပဲ လူနဲ့အမြဲတစေ ထိစပ်နေတာကြောင့် ပိုးမွှားတွေအမြဲ ပေါက်ပွားနေတတ်ပါတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် စမတ်ဖုန်းပေါ်မှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေက ကိုယ့်ဆီကနေပဲ ပြန်ပြီးပေါက်ပွားလာတာကြောင့် ကိုယ်တိုင် ပြန်ကူးစက်ဖို့ ဖြစ်နိုင်ချေ နည်းပါတယ် သို့သော် ဖုန်းတစ်လုံးထဲကို လက်ပြောင်းလက်လွှဲတွေနဲ့ ထိတွေ့ သုံးစွဲမယ်ဆိုရင်တော့ အပြန်အလှန် ကူးစက်နိုင်စေတယ်လို့ ပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။

ယခုနောက်ဆုံး တွေ့ရှိချက်အရ စမတ်ဖုန်း အလုံး ၅၀ ကို စကန်ဖတ်ကြည့်ခဲ့ရာ လယ်သာကာဗာတပ်ဆင်တဲ့ ဖုန်းတွေက အိမ်သာကြွေထိုင်ခွက်ထက် ဘက်တီးရီးယား တွေ့ရှိချက်က ၁၇ ဆ ပိုမိုများပြီး ပလပ်စတစ်ကဗာတပ်ဖုန်းတွေကတော့ ၇ ဆ ပိုများကြောင်း တွေ့ရှိခဲ့ရသည်။

လူ ၂၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာ အိမ်သာထဲ ဖုန်းသုံးသူ ၄၀% ရှိပြီး သူတို့ထဲက ၂၀% ကသာ အိမ်သာထဲက ပြန်ထွက်လာရင် ဖုန်းကို သန့်ရှင်းရေး ပြန်လုပ်ကြောင်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top