ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


တပတ္တိတိ စမတ္ဖုန္းနဲ႔ဂိမ္းကစားခဲ့တာေၾကာင့္ တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတaယာက္ရဲ႕ ညာဘက္လက္ငါးေခ်ာင္းလုံး အေၾကာေသသြားခဲ့တယ္လို႔ OC သတင္းမွာေဖာ္ျပပါတယ္။

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ ဒီအမ်ိဳးသမီးဟာ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ကျဖစ္ၿပီး သူမဟာ အလုပ္ကေနခြင့္ရတဲ့ တပတ္လုံးကို စမတ္ဖုန္းနဲ႔ ဂိမ္းကစားကာ ကုန္ဆုံးခဲ့ပါတယ္။

သူမဟာ အိပ္တဲ့အခ်ိန္ တခ်ိန္ကလြဲလို႔ က်န္အခ်ိန္အားလုံးကို ဂိမ္းကစားျခင္းနဲ႔ ကုန္ဆုံးခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ သူမရဲ႕ ညာဘက္လက္ဟာ ဂိမ္းကစားစဥ္ ဖုန္းကိုကိုင္ထားတဲ့ ပုံစံအတိုင္း အေၾကာေတြေသသြားခဲ့တာပဲျဖစ္ပါတယ္။

သူမဟာ စတင္ဂိမ္းကစားၿပီး ရက္အနည္းငယ္အၾကာမွာ ညာဘက္က နာက်င္တဲ့ေဝဒနာကို စတင္ခံစားခဲ့ရတာျဖစ္ၿပီး အဲ့ဒီအခ်ိန္ထိ ဂိမ္းကစားျခင္းကို မရပ္တန႔္ဘဲ ဆက္လက္လုပ္ေဆာင္ခဲ့လို႔ ညာဘက္လက္က လက္ေခ်ာင္း ငါးေခ်ာင္းလုံး အေၾကာေသသြားခဲ့ရတာပါ။

အဲ့ဒီေနာက္မွာ သူမဟာ ေဆး႐ုံကို သြားေရာက္ခဲ့ၿပီး စစ္ေဆးမႈေတြျပဳလုပ္ၿပီးခ်ိန္မွာ အခ်ိန္ၾကာျမင့္စြာ ဖုန္းကို လက္ကဆုပ္ကိုင္ကာ ဂိမ္းကစားခဲ့တာေၾကာင့္ သူမဟာ tenosynovitis လို႔ေခၚတဲ့ ေဝဒနာကို ခံစားေနရတယ္ဆိုတာကို ေတြ႕ခဲ့ရပါတယ္။

ဒီေရာဂါဟာ အ႐ြတ္ေတြနဲ႔ ဝိုင္းရံထားတဲ့ အ႐ိုးအဆစ္ေတြေရာင္ယမ္းတဲ့ ေဝဒနာျဖစ္ၿပီး ပုံမွန္အ႐ိုးအဆစ္ေတြကို အလြန္အကြၽံအသုံးျပဳတာေၾကာင့္ ျဖစ္တဲ့ ေဝဒနာတမ်ိဳးပဲျဖစ္ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ ဒီအမ်ိဳးသမီးရဲ႕ ေဝဒနာကို ဆရာဝန္ေတြက ေအာင္ျမင္စြာကုသႏိုင္ခဲ့တဲ့ အတြက္ လက္တစ္ဖက္ကို ဆုံးရႈံးရမယ့္အေျခအေနကေန လြတ္ေျမာက္သြားခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ဆရာဝန္ေတြက tenosynovitis ေရာဂါဟာ ပုံမွန္ျဖစ္ပြားေလ့ရွိတယ္လို႔ သတိေပးခဲ့ကာ စမတ္ဖုန္းကို အလြန္အကြၽံသုံးျပဳသူေတြအေနနဲ႔ ဖုန္းကို အခ်ိန္ၾကာျမင့္စြာ အသုံးျပဳၿပီးတဲ့ေနာက္မွာ အ႐ိုးအဆစ္ေတြကို အနားေပးသင့္တယ္လို႔လည္း အႀကံျပဳေျပာဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwin Pyin

#Unicode Version#

တပတ်တိတိ စမတ်ဖုန်းနဲ့ဂိမ်းကစားခဲ့တာကြောင့် တရုတ်နိုင်ငံက အမျိုးသမီးတaယာက်ရဲ့ ညာဘက်လက်ငါးချောင်းလုံး အကြောသေသွားခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ဒီအမျိုးသမီးဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကဖြစ်ပြီး သူမဟာ အလုပ်ကနေခွင့်ရတဲ့ တပတ်လုံးကို စမတ်ဖုန်းနဲ့ ဂိမ်းကစားကာ ကုန်ဆုံးခဲ့ပါတယ်။

သူမဟာ အိပ်တဲ့အချိန် တချိန်ကလွဲလို့ ကျန်အချိန်အားလုံးကို ဂိမ်းကစားခြင်းနဲ့ ကုန်ဆုံးခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သူမရဲ့ ညာဘက်လက်ဟာ ဂိမ်းကစားစဉ် ဖုန်းကိုကိုင်ထားတဲ့ ပုံစံအတိုင်း အကြောတွေသေသွားခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ စတင်ဂိမ်းကစားပြီး ရက်အနည်းငယ်အကြာမှာ ညာဘက်က နာကျင်တဲ့ဝေဒနာကို စတင်ခံစားခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်ထိ ဂိမ်းကစားခြင်းကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်ခဲ့လို့ ညာဘက်လက်က လက်ချောင်း ငါးချောင်းလုံး အကြောသေသွားခဲ့ရတာပါ။

အဲ့ဒီနောက်မှာ သူမဟာ ဆေးရုံကို သွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာ အချိန်ကြာမြင့်စွာ ဖုန်းကို လက်ကဆုပ်ကိုင်ကာ ဂိမ်းကစားခဲ့တာကြောင့် သူမဟာ tenosynovitis လို့ခေါ်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

ဒီရောဂါဟာ အရွတ်တွေနဲ့ ဝိုင်းရံထားတဲ့ အရိုးအဆစ်တွေရောင်ယမ်းတဲ့ ဝေဒနာဖြစ်ပြီး ပုံမှန်အရိုးအဆစ်တွေကို အလွန်အကျွံအသုံးပြုတာကြောင့် ဖြစ်တဲ့ ဝေဒနာတမျိုးပဲဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ ဒီအမျိုးသမီးရဲ့ ဝေဒနာကို ဆရာဝန်တွေက အောင်မြင်စွာကုသနိုင်ခဲ့တဲ့ အတွက် လက်တစ်ဖက်ကို ဆုံးရှုံးရမယ့်အခြေအနေကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆရာဝန်တွေက tenosynovitis ရောဂါဟာ ပုံမှန်ဖြစ်ပွားလေ့ရှိတယ်လို့ သတိပေးခဲ့ကာ စမတ်ဖုန်းကို အလွန်အကျွံသုံးပြုသူတွေအနေနဲ့ ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုပြီးတဲ့နောက်မှာ အရိုးအဆစ်တွေကို အနားပေးသင့်တယ်လို့လည်း အကြံပြုပြောဆိုထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top