(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×

 



Credit:Nanmalgyi

#Unicode Version#
မောင်မောင်အေးဆိုတာကတော့ ဟိုးအရင်ကတည်းက အစီအစဉ်တွေ တင်ဆက်ရင်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Presenter တယောက်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Presenter အပြင် အနုပညာလှုပ်ရှားမှုတွေလည်း လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ထို့နောက် လောလောလတ်လတ်မှာလည်း မိန်းမချောချောလေး တယောက်ကိုလည်း ယူထားတာ ဖြစ်ပြီး FA ဘဝမှာ ကျွတ်လွတ်သွား ခဲ့ပြီ ဖြစ်ပါတယ်။ ကိုမောင်မောင်အေးကတော့ သူ့ရဲ့မင်္ဂလာဆောင်လေးကိုတော့ အများနဲ့မတူတဲ့ ပုံစံလေးနဲ့ ကျင်းပခဲ့ပြီး အနုပညာမောင်နှမတွေနဲ့ ခမ်းခမ်းနားနားဖြစ်ခဲ့ပါသေးတယ်။

မင်္ဂလာဆောင်ပြီးတော့ လက်ဖွဲ့တွေ၊ လက်ဆောင်တွေ ရခဲ့ပေမယ့်လည်း မောင်မောင်အေးအတွက် လုံးဝ အသုံးမလိုတဲ့ လက်ဆောင်ရခဲ့လို မောင်မောင်အေးတယောက်ကတော့ Facebook ပေါ်အထိတက်ပြီး ရင်ဖွင့်ခဲ့ပါသေးတယ်။ သူအတွက် လုံးဝအသုံးမလိုတဲ့ လက်ဆောင် ပစ္စည်းကတော့ တခြားမဟုတ်ဘူး။ ဆံပင်လေမှုတ်စက် (Hair Dryer) ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မောင်မောင်အေးတယောက်ကတော့ Facebook ပေါ်မှာ “ပြောတော့ ဇနီးမောင်နှံအတွက်တဲ့ ပေးတော့ ဟဲဒွိုင်ယာ အဟင်း မပြောတေးပု” ဆိုပြီးတော့ စတေးတပ်တင်ထားတာ ဖြစ်ပါတယ်။ မောင်မောင်အေးလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ ထင်ရှားမှုကတော့ ကတုံးဖြစ်နေတာပါပဲ။ မြန်မာပြည်က ပရိသတ်တွေ စသိတဲ့အချိန်ကတည်းက မောင်မောင်အေးတယောက်ကတော့ ကတုံးနဲ့ပါပဲ။ လက်ရှိချိန်ထိလည်း ကတုံးနဲ့ဖြစ်နေဆဲပါပဲ။

ဒါကိုတော့ ဆံပင်လေမှုတ်စက်ပေးတဲ့သူကတော့ သူ့ကို ပျော်စေချင်တဲ့စိတ်နဲ့ နောက်လိုက်တယ် ထင်တယ်။ မောင်မောင်အေးတယောက်ကတော့ သူ့လက်ဆောင်အတွက် တော်တော်တွေးလိုက်ရမယ် ထင်တယ်နော်။ ဒါပေမယ့်လည်း ဘယ်လိုပဲ ပြောပြော မောင်မောင်အေး တယောက်ကတော့ လူပျိုကြီးဘဝကနေ ကျွတ်သွားပြီး ဇနီးချောချောလေးနဲ့ ပြောနေပြီနော်။ သင်တို့ရော ဘယ်အချိန်စွံကြမှာလဲ။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top