ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အင္းစိန္ေဆး႐ုံက ဦးကတုံး ဒီလူေပါ့ ကိုျပံဳးခ်ိဳ တဲ့ ဒါက အကိုအစ္မ ဆရာမေတြသိတဲ့ နာမည္ က်ေနာ္တို႔ ေခၚတာက ဦးဂတံုး

အင္းစိန္ေဆး႐ံုက က်ားဖ်ားနာေဆာင္ (Male Medical Ward) မွာ သူ ႐ွိတယ္ အေဆာင္ရဲ႕ အေနာက္ဖက္ေကာ္ရစ္ဒါက လူနာေတြအနားမွာ သူ ႐ွိတယ္ လူနာေစာင့္လားဆိုေတာ့ မဟုတ္ဘူး ေဆး႐ံုဝန္ထမ္းလည္း မဟုတ္ျပန္ဘူး ဒါဆို လူနာေတြ လိုအပ္တာေတြကို အခေၾကးေငြယူၿပီး ေဆာင္ရြက္ေပးေနတဲ့သူလား လံုးဝ မဟုတ္ပါ လို႔ပဲေျဖရမယ္ သူ ဘာေတြ လုပ္လဲ အိပ္ယာထဲလဲေနတဲ့ပိုင္႐ွင္မဲ့လူနာေတြကို ေန႔စဥ္ ေခ်းဂ႐ု ေသးဂ႐ု ေသြးျပည္မေ႐ွာင္ သန္႔႐ွင္းေပးတယ္ သူတို႔အတြက္ ေဆး႐ံုမွာ အာဟာရဒါနလာလုပ္ထားတဲ့ ထမင္းဟင္းေတြကို ယူေဆာင္ေကြ်းေမြးတယ္ သူကေတာ့ သူ႔အိမ္မွာပဲ ထမင္း ျပန္စားေလ့႐ွိတယ္ အဲသည့္လူနာေတြကုိ သူနာျပဳဆရာမေလးေတြနဲ႔အတူ ေဆးကူထည့္ေပးတယ္

အရက္ေၾကာင္ေၾကာင္ၿပီး ထိန္းမရသိမ္းမရျဖစ္ေနတဲ့ လူနာေတြကို က်ေနာ္တို႔ မႏိူင္တဲ့အခါမ်ိဳးဆို သူ ဝင္ကူေပးတတ္တယ္ ကူးစက္ေရာဂါေဝဒနာသည္ေတြဆိုလည္း လက္မေ႐ွာင္

အနာအရြဲျပည္တဲတဲေတြဆိုလည္း သူ လက္မတြန္႔ အျမဲတေစ ျပံဳးျပံဳး ျပံဳးျပံဳးပဲ ဘယ္သူကမွ ခိုင္းစရာမလို အျမင္မေတာ္တာျမင္သမွ် ပါးစပ္က အသံတစ္ခ်က္မထြက္ မညည္းမညဴ လုပ္ႏွင့္ၿပီးသား ဒါေတြက က်ေနာ္ျမင္သိရသေလာက္ပဲ ျဖစ္လို႔
သူ႔ေဆာင္ရြက္ခ်က္ေတြ အကုန္ အျပည့္အစံုပါခ်င္မွ ပါပါလိမ့္ဦးမယ္ လူပံုကိုပဲ ၾကည့္ အသားလတ္လတ္ ဗလေတာင့္ေတာင္ ဥပတိ႐ုပ္ေကာင္းေကာင္းနဲ႔လူ..

တစ္ကိုယ္ေတာ္ပရဟိတသမား တံဆိပ္ကပ္မထားတဲ့ဂ႐ုဏာ႐ွင္ အသံတိတ္ေစတနာ့ ဝန္ထမ္းႀကီးတစ္ေယာက္

ေလးစားပါတယ္ ဦးဂတံုး

Photo Crd Prof Dr. MMK

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Real Thadin
# Unicode Version ျဖင့္ ဖတ္ပါ #
အင်းစိန်ဆေးရုံက ဦးကတုံး ဒီလူပေါ့ ကိုပြုံးချို တဲ့ ဒါက အကိုအစ်မ ဆရာမတွေသိတဲ့ နာမည် ကျနော်တို့ ခေါ်တာက ဦးဂတုံး

အင်းစိန်ဆေးရုံက ကျားဖျားနာဆောင် (Male Medical Ward) မှာ သူ ရှိတယ် အဆောင်ရဲ့ အနောက်ဖက်ကော်ရစ်ဒါက လူနာတွေအနားမှာ သူ ရှိတယ် လူနာစောင့်လားဆိုတော့ မဟုတ်ဘူး ဆေးရုံဝန်ထမ်းလည်း မဟုတ်ပြန်ဘူး ဒါဆို လူနာတွေ လိုအပ်တာတွေကို အခကြေးငွေယူပြီး ဆောင်ရွက်ပေးနေတဲ့သူလား လုံးဝ မဟုတ်ပါ လို့ပဲဖြေရမယ် သူ ဘာတွေ လုပ်လဲ အိပ်ယာထဲလဲနေတဲ့ပိုင်ရှင်မဲ့လူနာတွေကို နေ့စဉ် ချေးဂရု သေးဂရု သွေးပြည်မရှောင် သန့်ရှင်းပေးတယ် သူတို့အတွက် ဆေးရုံမှာ အာဟာရဒါနလာလုပ်ထားတဲ့ ထမင်းဟင်းတွေကို ယူဆောင်ကျွေးမွေးတယ် သူကတော့ သူ့အိမ်မှာပဲ ထမင်း ပြန်စားလေ့ရှိတယ် အဲသည့်လူနာတွေကို သူနာပြုဆရာမလေးတွေနဲ့အတူ ဆေးကူထည့်ပေးတယ်

အရက်ကြောင်ကြောင်ပြီး ထိန်းမရသိမ်းမရဖြစ်နေတဲ့ လူနာတွေကို ကျနော်တို့ မနိူင်တဲ့အခါမျိုးဆို သူ ဝင်ကူပေးတတ်တယ် ကူးစက်ရောဂါဝေဒနာသည်တွေဆိုလည်း လက်မရှောင်

အနာအရွဲပြည်တဲတဲတွေဆိုလည်း သူ လက်မတွန့် အမြဲတစေ ပြုံးပြုံး ပြုံးပြုံးပဲ ဘယ်သူကမှ ခိုင်းစရာမလို အမြင်မတော်တာမြင်သမျှ ပါးစပ်က အသံတစ်ချက်မထွက် မညည်းမညူ လုပ်နှင့်ပြီးသား ဒါတွေက ကျနော်မြင်သိရသလောက်ပဲ ဖြစ်လို့
သူ့ဆောင်ရွက်ချက်တွေ အကုန် အပြည့်အစုံပါချင်မှ ပါပါလိမ့်ဦးမယ် လူပုံကိုပဲ ကြည့် အသားလတ်လတ် ဗလတောင့်တောင် ဥပတိရုပ်ကောင်းကောင်းနဲ့လူ..

တစ်ကိုယ်တော်ပရဟိတသမား တံဆိပ်ကပ်မထားတဲ့ဂရုဏာရှင် အသံတိတ်စေတနာ့ ဝန်ထမ်းကြီးတစ်ယောက်

လေးစားပါတယ် ဦးဂတုံး

Photo Crd Prof Dr. MMK

ဖိုးသူတော် (www.phothutaw.com)
Credit: Real Thadin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top