ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေထာပတ္သီးမွာ ခႏၶာကိုယ္ကို က်န္းမာေစတဲ့ ဗီတာမင္၊သတၱဳဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ မ်ားစြာပါဝင္ၿပီး တျခားေသာ အသီးအႏွံေတြနဲ႔မတူတာတခုကေတာ့ ေထာပတ္သီးမွာ ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ အဆီဓာတ္ ၇၇ ရာခိုင္ႏႈန္းခန႔္ ပါဝင္ေနတာပဲ ျဖစ္ပါတယ္။

အခုလို ေထာပတ္သီးေတြ ေပါေပါမ်ားမ်ားရႏိုင္တဲ့ ေထာပတ္သီးရာသီမွာ အသီးေဖ်ာ္ရည္အျဖစ္နဲ႔ပဲ ေသာက္သုံးေနရတာ ၿငီးေငြ႕ေနသူေတြအတြက္ ေထာပတ္သီးနဲ႔ ျပဳလုပ္ႏိုင္တဲ့ အဆာေျပစားစရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေထာပတ္သီးေၾကာ္

ေထာပတ္သီးေၾကာ္ျပဳလုပ္ဖို႔အတြက္ ပထမဦးဆုံး ေထာပတ္သီးကို အခြံခြာၿပီး အစိတ္ေလးေတြ ျဖစ္ေအာင္လွီး၊ ဂ်ဳံမႈန႔္ထဲထည့္နယ္၊ ၿပီးရင္ေတာ့ ေမႊထားတဲ့ ၾကက္ဥထဲ ျဖည္းျဖည္းခ်င္းထည့္စိမ္ေပးပါ။

ၾကက္ဥနဲ႔စိမ္ၿပီးရင္ေတာ့ ေပါင္မုန႔္ေျခာက္အမႈန႔္ေလးေတြနဲ႔ ကပ္ၿပီး ဆီပူပူထဲထည့္ေၾကာ္ေပး႐ုံနဲ႔ အရသာရွိလွတဲ့ ေထာပတ္သီးေၾကာ္ ရရွိၿပီပဲ ျဖစ္ပါတယ္။ အရသာဆိမ့္ဆိမ့္ေလးနဲ႔ ေထာပတ္သီးေၾကာ္ကို အခ်ဥ္ေလးနဲ႔ပဲတို႔စားစား ဒီအတိုင္း အဆိမ့္အရသာေလးအတိုင္းပဲ စားစား အလြယ္တကူ ျပဳလုပ္စားေသာက္ႏိုင္မွာပဲ ျဖစ္ပါတယ္။

(၂) ေထာပတ္သီးနဲ႔ၾကက္ဥ Salad

ေထာပတ္သီးနဲ႔ ၾကက္ဥ Salad ျပဳလုပ္ဖို႔အတြက္ ေထာပတ္သီးနဲ႔ ျပဳတ္ထားၿပီးသား ၾကက္ဥတို႔ကို ေရာေခ်ၿပီး င႐ုတ္ေကာင္းမႈန႔္နည္းနည္း၊ ဆားအနည္းငယ္၊ ဆီအနည္းငယ္တို႔ထည့္ကာ ေပါင္မုန႔္ ဒါမွမဟုတ္ ထမင္းတို႔နဲ႔ အဆာေျပ တြဲဖက္စားသုံးႏိုင္မွာ ျဖစ္ပါတယ္။


(၃) ေထာပတ္သီးသုပ္

ေထာပတ္သီးကိုသုပ္စားမယ္ဆိုရင္ ေန႔လည္ေနခင္း အဆာေျပအျဖစ္ ခ်ဥ္ခ်ဥ္စပ္စပ္ စားခ်င္သူေတြအေနနဲ႔ ေထာပတ္သီးသုပ္က အာဟာရလည္းရွိ၊ အဆာလည္းေျပေစမွာ ျဖစ္ပါတယ္။

ေထာပတ္သီးကို အတုံးငယ္ေလးေတြအျဖစ္လွီး၊ ၾကက္သြန္နီ၊ခရမ္းခ်ဥ္သီးလွီးၿပီးသား အနည္းငယ္ထည့္၊ အစပ္ႀကိဳက္ရင္ င႐ုတ္သီးစိမ္းအနည္းငယ္ထည့္၊ သံပုရာရည္ညႇစ္ၿပီး ဆီအနည္းငယ္ေလာက္ ဆမ္းၿပီး သုပ္လိုက္႐ုံနဲ႔ ခ်ဥ္ခ်ဥ္စပ္စပ္ ေထာပတ္သီးသုတ္ေလးကို စားသုံးႏိုင္ၿပီပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ထောပတ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ ဗီတာမင်၊သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး တခြားသော အသီးအနှံတွေနဲ့မတူတာတခုကတော့ ထောပတ်သီးမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အဆီဓာတ် ၇၇ ရာခိုင်နှုန်းခန့် ပါဝင်နေတာပဲ ဖြစ်ပါတယ်။

အခုလို ထောပတ်သီးတွေ ပေါပေါများများရနိုင်တဲ့ ထောပတ်သီးရာသီမှာ အသီးဖျော်ရည်အဖြစ်နဲ့ပဲ သောက်သုံးနေရတာ ငြီးငွေ့နေသူတွေအတွက် ထောပတ်သီးနဲ့ ပြုလုပ်နိုင်တဲ့ အဆာပြေစားစရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ထောပတ်သီးကြော်

ထောပတ်သီးကြော်ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ထောပတ်သီးကို အခွံခွာပြီး အစိတ်လေးတွေ ဖြစ်အောင်လှီး၊ ဂျုံမှုန့်ထဲထည့်နယ်၊ ပြီးရင်တော့ မွှေထားတဲ့ ကြက်ဥထဲ ဖြည်းဖြည်းချင်းထည့်စိမ်ပေးပါ။

ကြက်ဥနဲ့စိမ်ပြီးရင်တော့ ပေါင်မုန့်ခြောက်အမှုန့်လေးတွေနဲ့ ကပ်ပြီး ဆီပူပူထဲထည့်ကြော်ပေးရုံနဲ့ အရသာရှိလှတဲ့ ထောပတ်သီးကြော် ရရှိပြီပဲ ဖြစ်ပါတယ်။ အရသာဆိမ့်ဆိမ့်လေးနဲ့ ထောပတ်သီးကြော်ကို အချဉ်လေးနဲ့ပဲတို့စားစား ဒီအတိုင်း အဆိမ့်အရသာလေးအတိုင်းပဲ စားစား အလွယ်တကူ ပြုလုပ်စားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။

(၂) ထောပတ်သီးနဲ့ကြက်ဥ Salad

ထောပတ်သီးနဲ့ ကြက်ဥ Salad ပြုလုပ်ဖို့အတွက် ထောပတ်သီးနဲ့ ပြုတ်ထားပြီးသား ကြက်ဥတို့ကို ရောချေပြီး ငရုတ်ကောင်းမှုန့်နည်းနည်း၊ ဆားအနည်းငယ်၊ ဆီအနည်းငယ်တို့ထည့်ကာ ပေါင်မုန့် ဒါမှမဟုတ် ထမင်းတို့နဲ့ အဆာပြေ တွဲဖက်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

(၃) ထောပတ်သီးသုပ်

ထောပတ်သီးကိုသုပ်စားမယ်ဆိုရင် နေ့လည်နေခင်း အဆာပြေအဖြစ် ချဉ်ချဉ်စပ်စပ် စားချင်သူတွေအနေနဲ့ ထောပတ်သီးသုပ်က အာဟာရလည်းရှိ၊ အဆာလည်းပြေစေမှာ ဖြစ်ပါတယ်။

ထောပတ်သီးကို အတုံးငယ်လေးတွေအဖြစ်လှီး၊ ကြက်သွန်နီ၊ခရမ်းချဉ်သီးလှီးပြီးသား အနည်းငယ်ထည့်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းအနည်းငယ်ထည့်၊ သံပုရာရည်ညှစ်ပြီး ဆီအနည်းငယ်လောက် ဆမ်းပြီး သုပ်လိုက်ရုံနဲ့ ချဉ်ချဉ်စပ်စပ် ထောပတ်သီးသုတ်လေးကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top