ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင်ပိုင်ဖြိုးသုနှင့်ဒါရိုက်တာဏကြီးတို့ရဲ့မင်္ဂလာဆောင်မကြာခင်ကျင်းပတော့မှာဖြစ်လို့ပိုင်ဖြိုးသု က မင်္ဂလာဆောင်နီးလာလို့နည်းနည်းကြောက်တဲ့စိတ်ဖြစ်မိတယ်လို့ပြောပါတယ်။

“သုတို့မင်္ဂလာဆောင်ကဇန်နဝါရီလထဲမှာပါ။ မင်္ဂလာပွဲကိုရိုးရိုးလေးပဲကျင်းပဖြစ်မှာပါ။ အခုချိန်မှာသတို့သမီး တစ်ယောက်လိုမျိုး စိတ်လှုပ်ရှားနေလားဆိုရင် အမှန်အတိုင်းဝန်ခံရရင်လေ စိတ်လှုပ်ရှားဖို့အချိန်ကိုမရှိဘူးဖြစ် နေတယ်။မနေ့ကBella ရိုက်ကွင်းမှာ သတို့သမီးလိုဝတ်တော့မှပဲ မင်္ဂလာဆောင်နီးပြီဆိုတာလေး သတိရပြီး တော့နည်းနည်းကြောက်တဲ့စိတ်ဖြစ်သွားတယ်။ သုရဲ့မင်္ဂလာပွဲကစိတ်ကူးထဲက မင်္ဂလာဆောင်ပုံစံမျိုးပဲဖြစ်မှာပါ။ ဝတ်စုံလေးကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ”လို့ ဆိုပါတယ်။

ဆက်လက်ပြီးပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးရဲ့မေတ္တာတရားတွေကြောင့် အခုလိုလက်ထပ်ဖို့ထိ ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။

“သူ့ကိုယူဖို့ဆုံးဖြတ်ချက်ချလိုက်ပြီး သဘောကျတဲ့အချက်က ဘာလဲဆိုတော့ အဓိကက သူ့စိတ်ထားလေးကြောင့်ပါ။ သုသုလေးစားလို့ရတယ်၊ အထင်ကြီးလို့ရတဲ့ စိတ်ဓာတ်လေးတွေနောက်ပြီး သုအပေါ်မှာထားတဲ့ မေတ္တာတရားေ တွကြောင့်ပါ။ အဲ့ဒီ့အချက်တွေကြောင့်ပဲ ရွေးချယ်ဖြစ်ခဲ့တာပါ”လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ပလပ်ဖောင်း
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top