ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



နမၼတူေခ်ာင္းအတြင္း ေတြ႕ရွိေသာ ႐ုပ္အေလာင္းသည္ ေပ်ာက္ဆုံးေနေသာ ေတာင္ကုိရီး ယားႏုိင္ငံသူမဟုတ္ဟု မႏၲေလး ေဆး႐ုံသုိ႔ ပုိ႔ေဆာင္စစ္ေဆးခ်က္ အရ အတည္ျပဳၿပီးေနာက္ ရွာေဖြ မႈမ်ား ဆက္လက္ေဆာင္ရြက္ေန ေၾကာင္း သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕ မွဴး ရဲမွဴးမ်ိဳးႏုိင္က ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္သုိ႔ လာေရာက္ လည္ပတ္သည့္ ေတာင္ကုိရီးယား ႏုိင္ငံသူတစ္ဦးမွာ နမၼတူေခ်ာင္း အတြင္း ႏုိ၀င္ဘာ ၂၃ ရက္က ေရ နစ္ေပ်ာက္ဆုံးခဲ့သည္။

ကိုရီးယား ႏုိင္ငံသူကုိ ရွာေဖြေနစဥ္ နမၼတူ ေခ်ာင္းႏွင့္ထိစပ္ေနေသာ မုိးေတ ေခ်ာင္းအတြင္း ဒီဇင္ဘာ ၁ ရက္ က ႐ုပ္အေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့သည္။

႐ုပ္အေလာင္းကုိ သီေပါေဆး႐ုံမွတစ္ဆင့္ မႏၲေလး ေဆး႐ုံသုိ႔ ဒီဇင္ဘာ ၂ ရက္တြင္ လႊဲေျပာင္း စစ္ေဆးခဲ့ၿပီးေနာက္ ကုိရီးယားႏုိင္ငံသူမဟုတ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သည္။

‘‘႐ုပ္အေလာင္းက အမ်ိဳး သမီးမဟုတ္ဘူး။ အမ်ိဳးသားအ ေလာင္း။ လြန္ခဲ့တဲ့သုံးလေလာက္ က ႐ုပ္အေလာင္းျဖစ္တယ္လုိ႔ ေျပာပါတယ္’’ ဟု ဒီဇင္ဘာ ၃ ရက္က စစ္ေဆးမႈရလဒ္ကုိ ရဲမွဴး မ်ိဳးႏုိင္က ေျပာသည္။

ျမန္မာႏုိင္ငံသုိ႔ လာေရာက္ လည္ပတ္ရင္း ေရနစ္ေပ်ာက္ဆုံး ေနေသာ အသက္(၄၅)ႏွစ္အရြယ္ ေတာင္ကုိရီးယားႏုိင္ငံသူႏွင့့္ပတ္ သက္၍ ေတာင္ကုိရီးယားသံအ မတ္ကုိယ္တုိင္ သီေပါၿမိဳ႕သုိ႔လာ ေရာက္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရး တြင္ ပူးေပါင္းပါ၀င္ခဲ့သည္။ သံ အမတ္သည္ ယခုအခါ ျပန္သြား ၿပီျဖစ္ေသာ္လည္း ေတာင္ကုိရီး ယားသံ႐ုံးမွ ေကာင္စစ္၀န္က်န္ေန ၿပီး ရွာေဖြေရးအဖြဲ႕ႏွင့္အတူ ရွိေနသည္။

ရဲတပ္ဖြဲ႕က လူေပ်ာက္မႈျဖင့္ အမႈဖြင့္ထားၿပီး မည္သည့္အေျခ အေနျဖင့္ျဖစ္ေစ ရွာေတြ႕ပါက ကန္ေဒၚလာငါးေထာင္ ေပးအပ္ မည္ဟု ကုိရီးယားသံအမတ္က သတင္းထုတ္ျပန္ထားသည္။

ငါးဦးပါ၀င္ေသာ ကမၻာ လွည့္ခရီးသြားအဖြဲ႕မွ ေတာင္ကုိ ရီးယားႏုိင္ငံသူသည္ နမၼတူ ေခ်ာင္းအတြင္း ေဘာကြင္းစီးေန စဥ္ ေမ်ာပါသြားျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားထား သည္။

ေတာင္ကုိရီးယားႏုိင္ငံသူ ကုိ ေပ်ာက္ဆုံးသည့္ေန႔မွ ဒီဇင္ဘာ ၃ ရက္ ၁၁ ရက္ၾကာအထိ ရွာမေတြ႕ေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day


#Unicode Version#

နမ္မတူချောင်းအတွင်း တွေ့ရှိသော ရုပ်အလောင်းသည် ပျောက်ဆုံးနေသော တောင်ကိုရီး ယားနိုင်ငံသူမဟုတ်ဟု မန္တလေး ဆေးရုံသို့ ပို့ဆောင်စစ်ဆေးချက် အရ အတည်ပြုပြီးနောက် ရှာဖွေ မှုများ ဆက်လက်ဆောင်ရွက်နေ ကြောင်း သီပေါမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးမျိုးနိုင်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်သို့ လာရောက် လည်ပတ်သည့် တောင်ကိုရီးယား နိုင်ငံသူတစ်ဦးမှာ နမ္မတူချောင်း အတွင်း နိုဝင်ဘာ ၂၃ ရက်က ရေ နစ်ပျောက်ဆုံးခဲ့သည်။

ကိုရီးယား နိုင်ငံသူကို ရှာဖွေနေစဉ် နမ္မတူ ချောင်းနှင့်ထိစပ်နေသော မိုးတေ ချောင်းအတွင်း ဒီဇင်ဘာ ၁ ရက် က ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

ရုပ်အလောင်းကို သီပေါဆေးရုံမှတစ်ဆင့် မန္တလေး ဆေးရုံသို့ ဒီဇင်ဘာ ၂ ရက်တွင် လွှဲပြောင်း စစ်ဆေးခဲ့ပြီးနောက် ကိုရီးယားနိုင်ငံသူမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

‘‘ရုပ်အလောင်းက အမျိုး သမီးမဟုတ်ဘူး။ အမျိုးသားအ လောင်း။ လွန်ခဲ့တဲ့သုံးလလောက် က ရုပ်အလောင်းဖြစ်တယ်လို့ ပြောပါတယ်’’ ဟု ဒီဇင်ဘာ ၃ ရက်က စစ်ဆေးမှုရလဒ်ကို ရဲမှူး မျိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရင်း ရေနစ်ပျောက်ဆုံး နေသော အသက်(၄၅)နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသူနှင့်ပတ် သက်၍ တောင်ကိုရီးယားသံအ မတ်ကိုယ်တိုင် သီပေါမြို့သို့လာ ရောက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး တွင် ပူးပေါင်းပါဝင်ခဲ့သည်။ သံ အမတ်သည် ယခုအခါ ပြန်သွား ပြီဖြစ်သော်လည်း တောင်ကိုရီး ယားသံရုံးမှ ကောင်စစ်ဝန်ကျန်နေ ပြီး ရှာဖွေရေးအဖွဲ့နှင့်အတူ ရှိနေသည်။

ရဲတပ်ဖွဲ့က လူပျောက်မှုဖြင့် အမှုဖွင့်ထားပြီး မည်သည့်အခြေ အနေဖြင့်ဖြစ်စေ ရှာတွေ့ပါက ကန်ဒေါ်လာငါးထောင် ပေးအပ် မည်ဟု ကိုရီးယားသံအမတ်က သတင်းထုတ်ပြန်ထားသည်။

ငါးဦးပါဝင်သော ကမ္ဘာ လှည့်ခရီးသွားအဖွဲ့မှ တောင်ကို ရီးယားနိုင်ငံသူသည် နမ္မတူ ချောင်းအတွင်း ဘောကွင်းစီးနေ စဉ် မျောပါသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထား သည်။

တောင်ကိုရီးယားနိုင်ငံသူ ကို ပျောက်ဆုံးသည့်နေ့မှ ဒီဇင်ဘာ ၃ ရက် ၁၁ ရက်ကြာအထိ ရှာမတွေ့သေးပေ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top