ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပရိသတ္ေတြရဲ႕ရင္ထဲမွာ ျပီးခဲ့တဲ့နွစ္ေတြကတည္းကေန အခုအခ်ိန္အထိ ေန ရာယူထားဆဲျဖစ္တဲ့ ဝနဟာ မၾကာခင္မွာမဂၤလာေဆာင္ေတာ့မွာျဖစ္ပါတယ္။ ဝနက သူ႔ရဲ႕တစ္ကုုိယ္ေတာ္အေခြကုိလည္း မဂၤလာေဆာင္ျပီးရင္ထုတ္ဖို႔ရွိေၾကာင္းသိရပါတယ္။ ဒီဇင္ဘာမွာ မဂၤလာေဆာင္မယ္ဆိုျပီး အခုထိသတင္းမၾကားရေသးတဲ့အေပၚစုိးရိမ္ေနၾကတဲ့ပရိသတ္ေတြကုိ ဝနက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာရွင္းျပထားခဲ့ပါတယ္။

ဝ နက ပြဲဆက္ေတြမ်ားလုိ႔ မဂၤလာပြဲကုိေနာက္အနည္းငယ္ေရႊ႕လိုက္ရတဲ့အေၾကာင္း “ကြ်န္ေတာ္နည္းနည္းအလုပ္မ်ားလို႔ေလ ေနာက္ကိုနည္းနည္းထပ္ဆုတ္ထားတယ္။ Pre-wedding ကုိေတာ့ ဇန္နဝါရီလထဲမွာရိုက္မယ္ဗ်။ျမစ္ၾကီးနားမွာ ရိုက္မွာပါ။ ကြ်န္ေတာ့္မိန္းမရဲ႕ဆႏၵေပါ့။ ကြ်န္ေတာ္ကုိ္ယ္တိုင္ကလည္းျမစ္ၾကီးနားဇာတိဆိုေတာ့။ ကြ်န္ေတာ့္ဆႏၵေတာ္ေတာ္မ်ားမ်ားကုိေတာ့ ကြ်န္ေတာ္က secret ထားတာမ်ားတယ္။ သူဝမ္းသာသြားေအာင္ ကြ်န္ေတာ္က တစ္ခ်က္တစ္ခ်က္မွထုတ္ျပတာ”လုိ႔ ရယ္ေမာျပီးေျဖၾကားထားပါတယ္။

ခ်စ္သူနွစ္ေယာက္က အရမ္းကုိခ်စ္ၾကျပီး မဂၤလာပြဲအတြက္အစစအရာရာတုိင္ပင္ျဖစ္ေၾကာင္းကုိလည္း “သူအဝတ္အစားေရာ သူျဖစ္ခ်င္တဲ့ဆႏၵေရာ အားလံုးကိုသူေျပာျပတယ္။ အရာရာသူ႔သေဘာပဲ ခ်စ္တာကုိး။ ေတာ္ေတာ္မ်ားမ်ားတူတယ္ဗ် ကြ်န္ေတာ့္မိန္းမနဲ႔ကြ်န္ေတာ္နဲ႔ တူလို႔လည္းအိမ္သူျဖစ္တာေပါ့”လို႔ ေျပာျပထားပါတယ္။

မဂၤလာပြဲကို ျမစ္ၾကီးနားမွာက်င္းပမွာျဖစ္ေၾကာင္းကိုလည္း “ျမစ္ၾကီးနားမွာပဲ လုပ္ဖို႔စီစဥ္ထားတယ္ဗ်။ ရန္ကုန္မွာေတာ့ ကြ်န္ေတာ္တို႔ Dinner ေလးလုပ္မယ္ေပါ့။ ဇန္နဝါရီေဖေဖာ္ဝါရီေလာက္လုပ္မယ္ဗ်။အဲဒီထက္ေတာ့ေနာက္က်လို႔မရေတာ့ဘူး”လို႔ ေျဖၾကားထားျပီး အေခြကုိ မဂၤလာပြဲျပီးမွထြက္မယ့္အေၾကာင္း “အေခြကေတာ့ ကြ်န္ေတာ္တို႔မဂၤလာေဆာင္ျပီးမွ အေခြထြက္ေတာ့မယ္ဗ်”လို႔ ေျပာျပထားပါေသးတယ္။

ဝနက ကေလးအရမ္းခ်စ္တတ္လို႔ ကေလးမ်ားမ်ားလိုခ်င္ေၾကာင္းကုိ “ကြ်န္ေတာ္တို႔က သားသမီးေတြဘာေတြဆို သံုးေယာက္ေမြးမွာတခါတည္း ကြ်န္ေတာ္ကေလးခ်စ္တယ္။ သံုးမႊာပူးတစ္ခါတည္းေမြးမွာ။ကြ်န္ေတာ့္မိန္းမလည္းသေဘာတူပါတယ္။ မိန္းကေလးေမြးေမြးေယာက္်ားေလးေမြးေမြးခ်စ္မွာပဲ”လို႔ ပီတိျဖာေနတဲ့မ်က္နွာၾကီးနဲ႔ ေျဖၾကားထားပါတယ္။

ပရိသတ္ၾကီးေရာ ဝနကုိခ်စ္ၾကလား။ ဝနရဲ႕မ်ိဳးဆက္သစ္ ဂ်ဴနီယာဝနေလးေတြြထြက္လာရင္ေရာ အားေပးၾကမွာလား။ ဝနရဲ႕အေခြအသစ္ကုိေရာ ဝယ္ယူအားေပးၾကမွာလား။ေျပာခဲ့ၾကဦးေနာ္။

Video ၾကည့္ရန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To SaY   
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေရဲ့ရင်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းကနေ အခုအချိန်အထိ နေ ရာယူထားဆဲဖြစ်တဲ့ ဝနဟာ မကြာခင်မှာမင်္ဂလာဆောင်တော့မှာဖြစ်ပါတယ်။ ဝနက သူ့ရဲ့တစ်ကိုယ်တော်အခွေကိုလည်း မင်္ဂလာဆောင်ပြီးရင်ထုတ်ဖို့ရှိကြောင်းသိရပါတယ်။ ဒီဇင်ဘာမှာ မင်္ဂလာဆောင်မယ်ဆိုပြီး အခုထိသတင်းမကြားရသေးတဲ့အပေါ်စိုးရိမ်နေကြတဲ့ပရိသတ်တွေကို ဝနက မီဒီယာတွေနဲ့အင်တာဗျူးမှာရှင်းပြထားခဲ့ပါတယ်။

ဝ နက ပွဲဆက်တွေများလို့ မင်္ဂလာပွဲကိုနောက်အနည်းငယ်ရွှေ့လိုက်ရတဲ့အကြောင်း “ကျွန်တော်နည်းနည်းအလုပ်များလို့လေ နောက်ကိုနည်းနည်းထပ်ဆုတ်ထားတယ်။ Pre-wedding ကိုတော့ ဇန်နဝါရီလထဲမှာရိုက်မယ်ဗျ။မြစ်ကြီးနားမှာ ရိုက်မှာပါ။ ကျွန်တော့်မိန်းမရဲ့ဆန္ဒပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်းမြစ်ကြီးနားဇာတိဆိုတော့။ ကျွန်တော့်ဆန္ဒတော်တော်များများကိုတော့ ကျွန်တော်က secret ထားတာများတယ်။ သူဝမ်းသာသွားအောင် ကျွန်တော်က တစ်ချက်တစ်ချက်မှထုတ်ပြတာ”လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

ချစ်သူနှစ်ယောက်က အရမ်းကိုချစ်ကြပြီး မင်္ဂလာပွဲအတွက်အစစအရာရာတိုင်ပင်ဖြစ်ကြောင်းကိုလည်း “သူအဝတ်အစားရော သူဖြစ်ချင်တဲ့ဆန္ဒရော အားလုံးကိုသူပြောပြတယ်။ အရာရာသူ့သဘောပဲ ချစ်တာကိုး။ တော်တော်များများတူတယ်ဗျ ကျွန်တော့်မိန်းမနဲ့ကျွန်တော်နဲ့ တူလို့လည်းအိမ်သူဖြစ်တာပေါ့”လို့ ပြောပြထားပါတယ်။

မင်္ဂလာပွဲကို မြစ်ကြီးနားမှာကျင်းပမှာဖြစ်ကြောင်းကိုလည်း “မြစ်ကြီးနားမှာပဲ လုပ်ဖို့စီစဉ်ထားတယ်ဗျ။ ရန်ကုန်မှာတော့ ကျွန်တော်တို့ Dinner လေးလုပ်မယ်ပေါ့။ ဇန်နဝါရီဖေဖော်ဝါရီလောက်လုပ်မယ်ဗျ။အဲဒီထက်တော့နောက်ကျလို့မရတော့ဘူး”လို့ ဖြေကြားထားပြီး အခွေကို မင်္ဂလာပွဲပြီးမှထွက်မယ့်အကြောင်း “အခွေကတော့ ကျွန်တော်တို့မင်္ဂလာဆောင်ပြီးမှ အခွေထွက်တော့မယ်ဗျ”လို့ ပြောပြထားပါသေးတယ်။

ဝနက ကလေးအရမ်းချစ်တတ်လို့ ကလေးများများလိုချင်ကြောင်းကို “ကျွန်တော်တို့က သားသမီးတွေဘာတွေဆို သုံးယောက်မွေးမှာတခါတည်း ကျွန်တော်ကလေးချစ်တယ်။ သုံးမွှာပူးတစ်ခါတည်းမွေးမှာ။ကျွန်တော့်မိန်းမလည်းသဘောတူပါတယ်။ မိန်းကလေးမွေးမွေးယောက်ျားလေးမွေးမွေးချစ်မှာပဲ”လို့ ပီတိဖြာနေတဲ့မျက်နှာကြီးနဲ့ ဖြေကြားထားပါတယ်။

ပရိသတ်ကြီးရော ဝနကိုချစ်ကြလား။ ဝနရဲ့မျိုးဆက်သစ် ဂျူနီယာဝနလေးတွေထွက်လာရင်ရော အားပေးကြမှာလား။ ဝနရဲ့အခွေအသစ်ကိုရော ဝယ်ယူအားပေးကြမှာလား။ပြောခဲ့ကြဦးနော်။

Video ကြည့်ရန်

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To SaY   
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top