(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လက္႐ွိအခ်ိန္မွာ “မီ”႐ုပ္႐ွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္ၿပီး ပြက္ေလာ႐ုိက္ေနပါတယ္။ ဒီကားက လူငယ္ေတြအတြက္ အတုယူစရာမွားေကာင္းမွားႏုိင္တယ္ဆုိၿပီး ေျပာဆုိေနၾကတာလည္း႐ွိပါတယ္။ ဒါနဲ႔ပန္သက္ၿပီး ဒီကားကုိ စိတ္ကူးပုံေဖာ္႐ုိက္ကူးထားတဲ့ ဒါ႐ုိက္တာဏႀကီးကေတာ့ ဆင္ဆာျဖတ္လုိက္တဲ့ အခန္းေတြေၾကာင့္ မီရဲ႕ကာ႐ုိက္တာကုိ ေလ်ာ့သြားေစတယ္လုိ႔ ေပၚပ်ဴလာရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆုိသြားခဲ့ပါတယ္။

ဒါ႐ုိက္တာ ဏႀကီးက “အခု ကြၽန္ေတာ္တုိ႔ “မီ”ကားႀကီးကုိ စကၤာပူမွာ ၆ရက္ေန႔ကေန ၁၉ရက္ေန႔အထိ ၂ပတ္ျပမွာပါ။ အဲ့ဒီမွာလည္း ကြၽန္ေတာ္တုိ႔က ဘယ္လုိေျပာမလဲ ဟုိမွာလည္း တစ္ခါ Ratingတစ္ခါထပ္ျဖတ္ရတယ္ေလ။ ျဖတ္ရတယ္ဆုိေတာ့ ကြၽန္ေတာ္လည္း ဘယ္လုိေျပာရမလဲ ဒီမွာ ဆင္ဆာထိထားတဲ့အခန္းေလးေတြ အခန္း၇ခန္းေလာက္ အခန္းဆုိတာစင္းေတာ့မဟုတ္ပါဘူး ကတ္ေလးေတြ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ ဂ်င္ေသာက္တာ ဘရန္နီေသာက္တာကုိ သူတုိ႔က ျဖတ္ေတာက္ေပးပါဆုိလုိ႔ ခြက္ေလးယူၿပီး ႏႈခမ္းေတ့ ႏႈတ္ခမ္းေတ့တဲ့အထိေတာ့ရတယ္။

အဲ့ႏႈမ္းေတ့ေန ၿမိဳခ်တာမရဘူးဆုိေတာ့ ဘယ္လုိေျပာမလဲ ေမာ့တာနဲ႔ ၿမိဳခ်တာနဲ႔ ျဖတ္ထားတယ္။ အဲ့တာေလးေတြက ျပန္ထည့္လုိ႔ရတယ္ဆုိေတာ့ အဲ့တာ ျပန္ထည့္လုိက္ၿပီးေတာ့ စကၤာပူမွာ ျပျဖစ္ပါတယ္။ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီမွာ ဆင္ဆာရလဲ ေဆးလိပ္ေသာက္တာကုိလည္း ခြင့္ျပဳထားတယ္။ ဘရန္ဒီေသာက္တာေလးပဲ အမ်ိဳးသမီးေတြအေနနဲ႔ ဘရန္ဒီေသာက္တာက မသင့္ေတာ္ဘူးဆုိလုိ႔ ကြၽန္ေတာ္တုိ႔ ျဖတ္ထားရတာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီဟာက ေသးေသးေလးေပါ့ေနာ္စကၠန္႔ပုိင္းအရလည္း အရမ္းနည္းတယ္ဆုိေတာ့ဒါက ဘာမွမဟုတ္ဘူးဆုိၿပီးေတာ့လည္း ေျပာရင္လည္း ေျပာလုိ႔ရတာေပါ့ေနာ္။ ဒါေပမဲ့ ကြၽန္ေတာ္တုိ႔ အတြက္က်ေတာ့ ဒါက ေတာ္ေတာ္ႀကီးမားတဲ့ ေျပာင္းလဲမႈ ကြၽန္ေတာ္တုိ႔ Editမွာကလည္း Tempo နဲ႔ Flowနဲ႔ဆုိတာ ႐ွိတယ္။

ဘယ္ေနရာမွာ ဘယ္ေလာက္အထိ ျပရမလဲ ဘာညာဆုိေတာ့ လူက ၾကည့္ေနရင္းနဲ႔ အဲ့ကတ္ေလးကုိ အားရေလာက္တဲ့အထိမွ ေနာက္တစ္ကတ္ကုိ ေျပာရတာေပါ့ေနာ္။ ျပသင့္ျပထုိက္တာကုိလည္း ျပရတယ္ေပါ့ေနာ္။ အဲ့လုိမ်ိဳးေလးဆုိေတာ့ ဒီEditအရ အ႐ွိန္အေနနဲ႔လည္း ထိခုိက္တယ္ ေနာက္တစ္ခုက မီရဲ႕ Characterization ေပါ့ေနာ္။ ဥပမာဆုိပါဆုိ႔ သူက နည္းနည္းေလး offျဖစ္ေနရတယ္။ ပုံမွန္ႀကီးအျမဲႀကီးဖန္လုိ႔မရဘူး သူ႔ဘဝမွာ စိတ္ညစ္စရာေတြနဲ႔ပဲ တစ္သက္လုံးေနထုိင္လာခဲ့တဲ့လူ သူက ပုံမွန္ေနရင္ သူ႔အတြက္က ပုိၿပီးေတာ့ စိတ္ညစ္ရတယ္။ အဲ့အတြက္ေၾကာင့္ သူကဘရန္နီကုိသူက မွီခုိေနရတဲ့ သေဘာမ်ိဳးေတာင္ျဖစ္လာတယ္ေပါ့ေနာ္။ ဒါကအျမဲတမ္း ထမင္းစားေရေသာက္ ေသာက္ေနတာဆုိေတာ့။

ကုိေနတုိးနဲ႔ သူနဲ႔စေတြ႔တဲ့ အခန္းဆုိရင္ စစ လာလာခ်ခ်င္းပဲ သတိထားမိလုိက္လားေတာ့မသိဘူး ကုိေနတုိးက ဝီစကီကုိ မကုိင္ေသးဘူး။ သူကခ်ခ်ခ်င္းကဲ တစ္ခါထဲေသာက္လုိက္တယ္။ ဒီဟာက ဘာလဲဆုိေတာ့ သူဒီဟာကုိ ေရငတ္သလုိငတ္တယ္ အဲ့တာေလး႐ွိေနမွ နည္းနည္းေလးOffျဖစ္ေနမွ သူ႔ဘဝအတြက္က ေနသာထုိင္သာ႐ွိတယ္ဆုိတဲ့ဟာမ်ိဳးေပါ့ေနာ္။ ဒါကမီရဲ႕ Characterization အရလုိအပ္တဲ့ဟာမ်ိဳးေပါ့ေနာ္ ဥပမဆုိၾကပါဆုိ႔ ဦးတင္ေမာင္ကုိ သတ္ၿပီးသြားေတာ့ ရဲေတြဘာေတြ လာၿပီးတဲ့အခ်ိန္မွာ သူပန္းျခံထဲမွာ ထုိင္ၿပီးေတာ့ အားကုိးတစ္ႀကီးေပါ့။ သူကဘာလဲဆုိေတာ့ ဘာကုိမွသိပ္ဂ႐ုမစုိက္တဲ့လူ at the same timeမွာ လူဆန္တယ္။

လူဆန္တယ္ဆုိတဲ့အတြက္ေၾကာင့္ သူစုိးရိမ္တာပဲ ဘာကုိစုိးရိမ္မွန္းမသိ သူစုိးရိမ္ေနတယ္ အဲ့စုိးရိမ္ေနတဲ့ အပူႀကီး ၿငိမ္းသြားပါေစဆုိၿပီးေတာ့ ဘရန္နီခြက္ကုိ ေမာ့ၾကည့္တယ္။ ဒါေပမဲ့လည္း ဘာမွမေျပာင္းသြားဘူး ဒီဟာက ႐ွိေနတုန္းပဲ။ ဒီဟာက စိတ္အေျခအေနေတြကုိ ေဖာ္ျပတဲ့ဟာေပါ့ေနာ္။ ၿပီးေတာ့ မီရဲ႕ Characterizationကုိေဖာ္ျပတဲ့ ဟာဆုိေတာ့ ကြၽန္ေတာ့္အတြက္ကေတာ့ Edit အ႐ွိန္ေတြေရာ Characterization ေတြေရာ ေတာ္ေတာ္ေလးကုိ ေျပာင္းလဲသြားတယ္လုိ႔ ခံစားရတယ္။ အဲ့အခန္းေတြပါရင္ ကြၽန္ေတာ့္အတြက္က ညႇက္ညႇက္ေညာေညာနဲ႔ Flowမွန္မွန္သြားေနတယ္လုိ႔ကုိ ျမင္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိအချိန်မှာ “မီ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပွက်လောရိုက်နေပါတယ်။ ဒီကားက လူငယ်တွေအတွက် အတုယူစရာမှားကောင်းမှားနိုင်တယ်ဆိုပြီး ပြောဆိုနေကြတာလည်းရှိပါတယ်။ ဒါနဲ့ပန်သက်ပြီး ဒီကားကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာဏကြီးကတော့ ဆင်ဆာဖြတ်လိုက်တဲ့ အခန်းတွေကြောင့် မီရဲ့ကာရိုက်တာကို လျော့သွားစေတယ်လို့ ပေါ်ပျူလာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒါရိုက်တာ ဏကြီးက “အခု ကျွန်တော်တို့ “မီ”ကားကြီးကို စင်္ကာပူမှာ ၆ရက်နေ့ကနေ ၁၉ရက်နေ့အထိ ၂ပတ်ပြမှာပါ။ အဲ့ဒီမှာလည်း ကျွန်တော်တို့က ဘယ်လိုပြောမလဲ ဟိုမှာလည်း တစ်ခါ Ratingတစ်ခါထပ်ဖြတ်ရတယ်လေ။ ဖြတ်ရတယ်ဆိုတော့ ကျွန်တော်လည်း ဘယ်လိုပြောရမလဲ ဒီမှာ ဆင်ဆာထိထားတဲ့အခန်းလေးတွေ အခန်း၇ခန်းလောက် အခန်းဆိုတာစင်းတော့မဟုတ်ပါဘူး ကတ်လေးတွေ မြန်မာအမျိုးသမီးတစ်ယောက် ဂျင်သောက်တာ ဘရန်နီသောက်တာကို သူတို့က ဖြတ်တောက်ပေးပါဆိုလို့ ခွက်လေးယူပြီး နှုခမ်းတေ့ နှုတ်ခမ်းတေ့တဲ့အထိတော့ရတယ်။

အဲ့နှုမ်းတေ့နေ မြိုချတာမရဘူးဆိုတော့ ဘယ်လိုပြောမလဲ မော့တာနဲ့ မြိုချတာနဲ့ ဖြတ်ထားတယ်။ အဲ့တာလေးတွေက ပြန်ထည့်လို့ရတယ်ဆိုတော့ အဲ့တာ ပြန်ထည့်လိုက်ပြီးတော့ စင်္ကာပူမှာ ပြဖြစ်ပါတယ်။တော်တော်များများကတော့ ဒီမှာ ဆင်ဆာရလဲ ဆေးလိပ်သောက်တာကိုလည်း ခွင့်ပြုထားတယ်။ ဘရန်ဒီသောက်တာလေးပဲ အမျိုးသမီးတွေအနေနဲ့ ဘရန်ဒီသောက်တာက မသင့်တော်ဘူးဆိုလို့ ကျွန်တော်တို့ ဖြတ်ထားရတာပေါ့နော်။ တော်တော်များများကတော့ ဒီဟာက သေးသေးလေးပေါ့နော်စက္ကန့်ပိုင်းအရလည်း အရမ်းနည်းတယ်ဆိုတော့ဒါက ဘာမှမဟုတ်ဘူးဆိုပြီးတော့လည်း ပြောရင်လည်း ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်ကျတော့ ဒါက တော်တော်ကြီးမားတဲ့ ပြောင်းလဲမှု ကျွန်တော်တို့ Editမှာကလည်း Tempo နဲ့ Flowနဲ့ဆိုတာ ရှိတယ်။

ဘယ်နေရာမှာ ဘယ်လောက်အထိ ပြရမလဲ ဘာညာဆိုတော့ လူက ကြည့်နေရင်းနဲ့ အဲ့ကတ်လေးကို အားရလောက်တဲ့အထိမှ နောက်တစ်ကတ်ကို ပြောရတာပေါ့နော်။ ပြသင့်ပြထိုက်တာကိုလည်း ပြရတယ်ပေါ့နော်။ အဲ့လိုမျိုးလေးဆိုတော့ ဒီEditအရ အရှိန်အနေနဲ့လည်း ထိခိုက်တယ် နောက်တစ်ခုက မီရဲ့ Characterization ပေါ့နော်။ ဥပမာဆိုပါဆို့ သူက နည်းနည်းလေး offဖြစ်နေရတယ်။ ပုံမှန်ကြီးအမြဲကြီးဖန်လို့မရဘူး သူ့ဘဝမှာ စိတ်ညစ်စရာတွေနဲ့ပဲ တစ်သက်လုံးနေထိုင်လာခဲ့တဲ့လူ သူက ပုံမှန်နေရင် သူ့အတွက်က ပိုပြီးတော့ စိတ်ညစ်ရတယ်။ အဲ့အတွက်ကြောင့် သူကဘရန်နီကိုသူက မှီခိုနေရတဲ့ သဘောမျိုးတောင်ဖြစ်လာတယ်ပေါ့နော်။ ဒါကအမြဲတမ်း ထမင်းစားရေသောက် သောက်နေတာဆိုတော့။

ကိုနေတိုးနဲ့ သူနဲ့စတွေ့တဲ့ အခန်းဆိုရင် စစ လာလာချချင်းပဲ သတိထားမိလိုက်လားတော့မသိဘူး ကိုနေတိုးက ဝီစကီကို မကိုင်သေးဘူး။ သူကချချချင်းကဲ တစ်ခါထဲသောက်လိုက်တယ်။ ဒီဟာက ဘာလဲဆိုတော့ သူဒီဟာကို ရေငတ်သလိုငတ်တယ် အဲ့တာလေးရှိနေမှ နည်းနည်းလေးOffဖြစ်နေမှ သူ့ဘဝအတွက်က နေသာထိုင်သာရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါကမီရဲ့ Characterization အရလိုအပ်တဲ့ဟာမျိုးပေါ့နော် ဥပမဆိုကြပါဆို့ ဦးတင်မောင်ကို သတ်ပြီးသွားတော့ ရဲတွေဘာတွေ လာပြီးတဲ့အချိန်မှာ သူပန်းခြံထဲမှာ ထိုင်ပြီးတော့ အားကိုးတစ်ကြီးပေါ့။ သူကဘာလဲဆိုတော့ ဘာကိုမှသိပ်ဂရုမစိုက်တဲ့လူ at the same timeမှာ လူဆန်တယ်။

လူဆန်တယ်ဆိုတဲ့အတွက်ကြောင့် သူစိုးရိမ်တာပဲ ဘာကိုစိုးရိမ်မှန်းမသိ သူစိုးရိမ်နေတယ် အဲ့စိုးရိမ်နေတဲ့ အပူကြီး ငြိမ်းသွားပါစေဆိုပြီးတော့ ဘရန်နီခွက်ကို မော့ကြည့်တယ်။ ဒါပေမဲ့လည်း ဘာမှမပြောင်းသွားဘူး ဒီဟာက ရှိနေတုန်းပဲ။ ဒီဟာက စိတ်အခြေအနေတွေကို ဖော်ပြတဲ့ဟာပေါ့နော်။ ပြီးတော့ မီရဲ့ Characterizationကိုဖော်ပြတဲ့ ဟာဆိုတော့ ကျွန်တော့်အတွက်ကတော့ Edit အရှိန်တွေရော Characterization တွေရော တော်တော်လေးကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ အဲ့အခန်းတွေပါရင် ကျွန်တော့်အတွက်က ညှက်ညှက်ညောညောနဲ့ Flowမှန်မှန်သွားနေတယ်လို့ကို မြင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top