(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×





Credit: Hla Than Aung
# Unicode Version ဖြင့် ဖတ်ပါ #
တပ်မ ၄၄ ကို သွားတဲ့လမ်းရဲ့ .. အပေါ်မှာ မောင်းတောင် ဘုရား ဆိုတာ ရှိတယ် .. မြွေ တွေ အရမ်းပေါတယ် .. မောင်းတောင် ဘုရားပေါ်ကနေ ကေလာသ ကုသိန္နာရုံ ကျိုက်ထီးရိုး ကျိုက်ပေါလော စတဲ့ ဘုရားတွေကိုပါမြင်ရတယ် လွမ်းမောဖွယ်ရာကြီး မောင်းတောင်ဘုရား က ထူးခြားတယ် .. လပြည့်နေ့ဆိုရင် မောင်းက အလိုလို ထုနေသံ ကြားရတယ် .. အရမ်းဆိုးလာလို့ မောင်း တောင်မှ ဖြုတ်ထားရတယ် .. အခုတော့ ပြန်ချိတ်ထားပါတယ် မောင်းတောင်ဘုရား ရောင်ခြည်တော် ကွန့်မြူးတာ ၃ ကြိမ်တိတိ တွေ့ဖူးပါတယ် .. အဲ့ဘုရား အောက်ဖက် မှာ နဂါးရုံဘုရား ရှိတယ် .. နဂါးရုံဘုရား မှာ တောင်ကျရေ ဆိုတာ ရှိတယ် .. အမြဲတမ်းလိုလို ရေတွေပြည့်နေတာ ..

ကားမီးလုံးလိုမျိုး ရဲနေတဲ့ မီးလုံးနီကြီးတစ်လုံးကို အမြဲတမ်းတွေ့ရပါတယ် .. ဘုရားပေါ် တက်လိုက် ဆင်းလိုက် နဲ့ .. ကျွန်တော့် ကိုယ်တွေ့ပါ .. ဘာကြီးလဲဆိုပြီး လိုက်ကြည့်တာ မမှီဘူး ..

အရင်တုန်းက မောင်းတောင်ဘုရားမှာ ရွှေ ငွေ တွေ ငှါးပေးတယ် ပြောပါတယ် .. အခုတော့ ပိတ်သွားပြီပေါ့ .. ဘုရားပျက်ကြီး ကို ပြန်ပြီး တည်ထားရတာပါ .. 2014 တုန်းကပါ .. 4.4.2014 ကပါ .. ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး လာပြီး အုတ်မြစ်ချပေးတာပါ ..

အရမ်းထူးခြားတဲ့နေရာ တစ်နေရာမှာ .. ကျိုက်ထီးရိုးဘုရားသွားတဲ့ဘုရားဖူးတွေ ရှိရင် သွားကိုသွားသင့်တဲ့နေရာတခုပါ..

ဖိုးသူတော် (www.phothutaw.com)
Credit: Hla Than Aung
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top