ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ဘရာဇီးႏုိင္ငံမွ အမ်ဳိးသမီးတစ္ဦးဟာ ေသဆုံးသူအလွဴ႐ွင္ထံမွ ရယူအစားထုိးခဲ့တဲ့ သားအိမ္အသုံးျပဳၿပီး က်န္းမာတဲ့ မိန္းကေလးတစ္ဦးကုိ ေအာင္ျမင္စြာ ေမြးဖြားခဲ့ေၾကာင္းနဲ႕ ထုိသုိ႕ေမြးဖြားမႈဟာ ကမာၻမွာ ပထမဆုံးအႀကိမ္ ျဖစ္တယ္လို႕ ဆရာဝန္ေတြက ေျပာပါတယ္။

ယခင္က သားအိမ္အစားထိုးမႈ ၃၉ ခု ျပဳလုပ္ခဲ့ဖူးၿပီး အဆုိပါ သားအိမ္အစားထုိး ကုသမႈခံယူခဲ့တဲ့ အမ်ဳိးသမီးေတြက ကေလး ၁၁ ဦး ေမြးဖြားခဲ့ပါတယ္။ သို႕ေသာ္ ၎တုိ႕အားလုံးဟာ မိခင္ေတြက သမီးေတြကုိ သားအိမ္လွဴဒါန္းေပးမႈ အပါအဝင္ အသက္႐ွင္လ်က္ အမ်ဳိးသမီးမ်ားထံမွသာ သားအိမ္ကုိရယူခဲ့တာလည္း ျဖစ္ပါတယ္။

ေသဆုံးသူထံမွသားအိမ္ျဖင့္ အစားထုိးကုသမႈကုိေတာ့ ယခင္က ၁၀ ႀကိမ္ ျပဳလုပ္ခဲ့ဖူးေပမဲ့ ေအာင္ျမင္စြာျဖင့္ ကေလးေမြးဖြားႏုိင္ျခင္း မ႐ွိခဲ့ဘူးလုိ႕ သိရပါတယ္။ ယခုအခါမွာေတာ့ ေသဆုံးသူထံမွသားအိမ္ျဖင့္ အစားထုိးကုသမႈ ခံယူထားတဲ့ ဘရာဇီးအမ်ဳိးသမီးက ကေလးတစ္ဦးကုိ ေအာင္ျမင္စြာေမြးဖြားႏုိင္ခဲ့ေၾကာင္း The Lancet ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

အဆုိပါ အသက္ ၃၂ ႏွစ္အ႐ြယ္ ဘရာဇီးအမ်ဳိးသမီးဟာ ေမြးဖြားစဥ္ကတည္းက သားအိမ္မပါခဲ့သူလည္း ျဖစ္ပါတယ္။ သူမကုိ ၂၀၁၆ ခုႏွစ္အတြင္း ဘရာဇီးႏုိင္ငံ ေဆာ္ေပါလုိၿမဳိ႕မွာ ေသဆုံးသူတစ္ဦးထံမွ သားအိမ္ျဖင့္ ၁၀ နာရီၾကာ အစားထိုးကုသမႈ ျပဳလုပ္ေပးခဲ့ပါတယ္။

သားအိမ္လွဴဒါန္းခဲ့တဲ့ အမ်ဳိးသမီးဟာ အသက္ ၄၀ ေက်ာ္အ႐ြယ္ျဖစ္ၿပီး ဦးေႏွာက္အတြင္း ေသြးယုိစိမ့္မႈေၾကာင့္ ေသဆုံးခဲ့တာျဖစ္ပါတယ္။ သားအိမ္အစားထုိးကုသမႈ ခံယူခဲ့ရတဲ့ အမ်ဳိးသမီးကေတာ့ Mayer-Rokitansky-Küster-Hauser ေခၚ အမ်ဳိးသမီး ၄,၅၀၀ မွာ တစ္ဦးျဖစ္ႏုိင္တဲ့ ေမြးဖြားစဥ္ကတည္းက သားအိမ္မပါတဲ့ က်န္းမာေရးျပႆနာ ႀကဳံခ့ဲရပါတယ္။

ေသဆုံးသူထံမွ သားအိမ္ျဖင့္ အစားထုိးကုသမႈခံယူခဲ့တဲ့ ဘရာဇီးအမ်ဳိးသမီးဟာ ၈ လ၊ ၃ ပတ္နဲ႕ ၃ ရက္ၾကာ ပုံမွန္အတုိင္း ကုိယ္ဝန္ေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၁၅ ရက္မွာ ကုိယ္အေလးခ်ိန္ ၆ ေပါင္႐ွိတဲ့ သမီးေလးကုိ ေအာင္ျမင္စြာ ဗုိက္ခြဲေမြးဖြားႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

အဆုိပါ အမ်ဳိးသမီးဟာ သားအိမ္အစားထုိးကုသမႈ ခံယူခဲ့ၿပီး ခုနစ္လနဲ႕ ၁၀ ရက္အၾကာမွာ ကုိယ္ဝန္႐ွိေနၿပီလို႕ အတည္ျပဳႏုိင္ခဲ့တယ္လုိ႕ Reuters သတင္းက ေျပာပါတ္။

သူမ ေမြးဖြားခဲ့တဲ့ ကေလးကေတာ့ ခုနစ္လနဲ႕ ရက္ ၂၀ သမီးအ႐ြယ္မွာ ကုိယ္အေလးခ်ိန္ ၁၆ ေပါင္အထိ ႐ွိလာခဲ့တယ္လုိ႕လည္း The Lancet က်န္းမာေရးဂ်ာနယ္မွာ ေဖာ္ျပထားၿပီး မၾကာမီ ရက္ပုိင္းအတြင္း အသက္တစ္ႏွစ္ျပည္ေတာ့မွာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun


#Unicode Version#

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သေဆုံးသူအလှူရှင်ထံမှ ရယူအစားထိုးခဲ့တဲ့ သားအိမ်အသုံးပြုပြီး ကျန်းမာတဲ့ မိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်းနဲ့ ထိုသို့မွေးဖွားမှုဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ယခင်က သားအိမ်အစားထိုးမှု ၃၉ ခု ပြုလုပ်ခဲ့ဖူးပြီး အဆိုပါ သားအိမ်အစားထိုး ကုသမှုခံယူခဲ့တဲ့ အမျိုးသမီးတွေက ကလေး ၁၁ ဦး မွေးဖွားခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးဟာ မိခင်တွေက သမီးတွေကို သားအိမ်လှူဒါန်းပေးမှု အပါအဝင် အသက်ရှင်လျက် အမျိုးသမီးများထံမှသာ သားအိမ်ကိုရယူခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသူထံမှသားအိမ်ဖြင့် အစားထိုးကုသမှုကိုတော့ ယခင်က ၁၀ ကြိမ် ပြုလုပ်ခဲ့ဖူးပေမဲ့ အောင်မြင်စွာဖြင့် ကလေးမွေးဖွားနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုအခါမှာတော့ သေဆုံးသူထံမှသားအိမ်ဖြင့် အစားထိုးကုသမှု ခံယူထားတဲ့ ဘရာဇီးအမျိုးသမီးက ကလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အသက် ၃၂ နှစ်အရွယ် ဘရာဇီးအမျိုးသမီးဟာ မွေးဖွားစဉ်ကတည်းက သားအိမ်မပါခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၆ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့မှာ သေဆုံးသူတစ်ဦးထံမှ သားအိမ်ဖြင့် ၁၀ နာရီကြာ အစားထိုးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။

သားအိမ်လှူဒါန်းခဲ့တဲ့ အမျိုးသမီးဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သားအိမ်အစားထိုးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသမီးကတော့ Mayer-Rokitansky-Küster-Hauser ခေါ် အမျိုးသမီး ၄,၅၀၀ မှာ တစ်ဦးဖြစ်နိုင်တဲ့ မွေးဖွားစဉ်ကတည်းက သားအိမ်မပါတဲ့ ကျန်းမာရေးပြဿနာ ကြုံခဲ့ရပါတယ်။

သေဆုံးသူထံမှ သားအိမ်ဖြင့် အစားထိုးကုသမှုခံယူခဲ့တဲ့ ဘရာဇီးအမျိုးသမီးဟာ ၈ လ၊ ၃ ပတ်နဲ့ ၃ ရက်ကြာ ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ ကိုယ်အလေးချိန် ၆ ပေါင်ရှိတဲ့ သမီးလေးကို အောင်မြင်စွာ ဗိုက်ခွဲမွေးဖွားနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ သားအိမ်အစားထိုးကုသမှု ခံယူခဲ့ပြီး ခုနစ်လနဲ့ ၁၀ ရက်အကြာမှာ ကိုယ်ဝန်ရှိနေပြီလို့ အတည်ပြုနိုင်ခဲ့တယ်လို့ Reuters သတင်းက ပြောပါတ်။

သူမ မွေးဖွားခဲ့တဲ့ ကလေးကတော့ ခုနစ်လနဲ့ ရက် ၂၀ သမီးအရွယ်မှာ ကိုယ်အလေးချိန် ၁၆ ပေါင်အထိ ရှိလာခဲ့တယ်လို့လည်း The Lancet ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပြီး မကြာမီ ရက်ပိုင်းအတွင်း အသက်တစ်နှစ်ပြည်တော့မှာလည်း ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top