(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


အေမရိကန္ျပည္ေထာင္စု၊ မစစၥပီမွာေနထုိင္တဲ့ မိသားစုက ဘြားေအျဖစ္သူက လသားအရြယ္ကေလးငယ္ ေျမးျဖစ္သူကုိ ဓါးနဲ႔ထုိးသတ္ၿပီးေနာက္ ေပါင္းအုိးမီးဖုိထဲ ထည့္ဖုတ္ပစ္ခဲ့တယ္လုိသိရပါတယ္။ ဒီ့အတြက္ေၾကာင့္ အသက္ ၄၈ အရြယ္အဘြားအုိျဖစ္တဲ့ ကာရုိလင္းဂ်ဳန္းစ္ကုိ လူသတ္မႈသံသယရွိ စစ္ေဆးေတြ႔ရွိျခင္းနဲ႔ ရဲတပ္ဖြဲ႔ က ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနၤလာေန႔မွာဆုိရင္ ဘြားေအလုပ္သူဟာ လသားအရြယ္ ေျမးျဖစ္တဲ့ ကေလးငယ္ ရြိဳင္ရယ္လ္တီမာရီဖ ေလာ္ကုိ မစစၥပီ၊ ေရွာက ေနအိမ္မွာ သတ္ျဖတ္ပစ္ခဲ့တာျဖစ္ပါတယ္။ ယင္းသုိ႔ ကေလးငယ္ေသဆံုးၿပီး မီးဖုိထဲ ထည့္ဖုတ္ခံခဲ့ရတဲ့ ျမင္ကြင္းကုိ မိသားစုဝင္ေဆြ မ်ိဳးေတြက ေတြ႔ရွိခဲ့ၿပီး ရဲတပ္ဖြဲ႔သုိ႔အေၾကာင္းၾကားခဲ့ပါတယ္။

ရဲတပ္ဖြဲ႔အႀကီးအကဲ ကယ္လ္ဗင္ဝီလ်ံက ရဲတပ္ဖြဲ႔စစ္ေဆးေတြ႔ရွိျခင္းမွာဆုိရင္ ေသဆံုးသြားခဲ့တဲ့ ကေလးငယ္ဟာ ဓါးထုိးခံရ မႈေတြ ရွိၿပီးေတာ့ မီးေလာင္ကၽြမ္းခံရျခင္းေတြ ေတြ႔ရွိခဲ့ရတယ္လုိ႔ ဆုိပါတယ္။ “ ကၽြန္ေတာ္ ႀကံဳခဲ့ရသမွ် ေတာ့ ဒါဟာ အဆုိရြား ဆံုးအရာ တစ္ခုပါပဲ။ ကေလးငယ္ေတြနဲ႔ ပတ္သက္တဲ့ အမႈအခင္းထဲမွာေတာ့ ဒါဟာ အဆုိးရြားဆံုးပါပဲ” လုိ႔ သူက ဆုိပါတယ္။

အဆုိပါ လသားကေလးငယ္ ညွင္းပန္းသတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီးေတာ့ က်ဴးလြန္ခဲ့တဲ့ တရားခံ ဘြားေအျဖစ္ သူကုိ လူသတ္ မႈက်ဴးလြန္ျခင္းစံုစမ္းစစ္ေဆးျခင္းခံရျဖစ္ကာ အဘယ္ေၾကာင့္ သတ္ျဖတ္ခဲ့ရသလဲဆုိတဲ့ အေၾကာင္းအရင္းကုိေတာ့ စစ္ေဆးေန ဆဲျဖစ္တယ္လုိ႔ သိရွိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

အမေရိကန်ပြည်ထောင်စု၊ မစစ္စပီမှာနေထိုင်တဲ့ မိသားစုက ဘွားအေဖြစ်သူက လသားအရွယ်ကလေးငယ် မြေးဖြစ်သူကို ဓါးနဲ့ထိုးသတ်ပြီးနောက် ပေါင်းအိုးမီးဖိုထဲ ထည့်ဖုတ်ပစ်ခဲ့တယ်လိုသိရပါတယ်။ ဒီ့အတွက်ကြောင့် အသက် ၄၈ အရွယ်အဘွားအိုဖြစ်တဲ့ ကာရိုလင်းဂျုန်းစ်ကို လူသတ်မှုသံသယရှိ စစ်ဆေးတွေ့ရှိခြင်းနဲ့ ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ တင်္နလာနေ့မှာဆိုရင် ဘွားအေလုပ်သူဟာ လသားအရွယ် မြေးဖြစ်တဲ့ ကလေးငယ် ရွိုင်ရယ်လ်တီမာရီဖ လော်ကို မစစ္စပီ၊ ရှောက နေအိမ်မှာ သတ်ဖြတ်ပစ်ခဲ့တာဖြစ်ပါတယ်။ ယင်းသို့ ကလေးငယ်သေဆုံးပြီး မီးဖိုထဲ ထည့်ဖုတ်ခံခဲ့ရတဲ့ မြင်ကွင်းကို မိသားစုဝင်ဆွေ မျိုးတွေက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲ ကယ်လ်ဗင်ဝီလျံက ရဲတပ်ဖွဲ့စစ်ဆေးတွေ့ရှိခြင်းမှာဆိုရင် သေဆုံးသွားခဲ့တဲ့ ကလေးငယ်ဟာ ဓါးထိုးခံရ မှုတွေ ရှိပြီးတော့ မီးလောင်ကျွမ်းခံရခြင်းတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ “ ကျွန်တော် ကြုံခဲ့ရသမျှ တော့ ဒါဟာ အဆိုရွား ဆုံးအရာ တစ်ခုပါပဲ။ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ အမှုအခင်းထဲမှာတော့ ဒါဟာ အဆိုးရွားဆုံးပါပဲ” လို့ သူက ဆိုပါတယ်။

အဆိုပါ လသားကလေးငယ် ညှင်းပန်းသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ ကျူးလွန်ခဲ့တဲ့ တရားခံ ဘွားအေဖြစ် သူကို လူသတ် မှုကျူးလွန်ခြင်းစုံစမ်းစစ်ဆေးခြင်းခံရဖြစ်ကာ အဘယ်ကြောင့် သတ်ဖြတ်ခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ စစ်ဆေးနေ ဆဲဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top