iMyanmarHouse.com - Best Property Website for Myanmar
×


ျမန္မာႏုိင္ငံက ျပည္သူေတြအေနနဲ႔ ေႏြဥတု၊ မိုးဥတု၊ ေဆာင္းဥတုဆိုတဲ့ ရာသီဥတု ၃ ပါးနဲ႔ ယဥ္ပါးေနသလို ေန႔နဲ႔ ညဆိုတဲ့ အခ်ိန္ကာလအပိုင္းအျခားေတြနဲ႔လည္း ယဥ္ပါးေနၿပီးသားျဖစ္မွာပါ။

နံနက္ပိုင္း၊ ေန႔လည္ပိုင္း၊ ညေနပိုင္း၊ ညပိုင္း စတဲ့ အခ်ိန္ကာလအပိုင္းအျခားေတြဟာ ေနထြက္မႈ၊ ေနဝင္မႈေတြအေပၚမူတည္ၿပီး ေျပာင္းလဲေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အံ့ၾသဖြယ္အေနနဲ႔ ေနဘယ္ေတာ့မွ မဝင္တဲ့ ေနရာေဒသေတြ ကမၻာေပၚမွာရွိေနပါတယ္။

အာတိတ္စက္ဝိုင္းရဲ႕ ေျမာက္ဘက္ေဒသေတြနဲ႔ အႏၱာတိတ္စက္ဝိုင္း ေတာင္ဘက္ေဒသမွာ တည္ရွိတဲ့ ႏုိင္ငံေတြမွာ ဒီအျဖစ္အပ်က္ေတြ တည္ရွိေနတာျဖစ္ပါတယ္။

ကမၻာႀကီးရဲ႕ဖြဲ႔စည္းပံု၊ ေနအဖြဲ႔အစည္းရဲ႕ လည္ပတ္လႈပ္ရွားေနမႈေတြနဲ႔ ပတ္သက္ဆက္ႏြယ္ေနတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ကမၻာေပၚက ေနဘယ္ေတာ့မွ မဝင္ပဲ ညမရွိတဲ့ ႏုိင္ငံေတြကို ေဖာ္ျပေပးပါမယ္။

၁။ ေနာ္ေဝ

ေနာ္ေဝႏုိင္ငံဟာ အာတိတ္စက္ဝိုင္းေဒသအတြင္းတည္ရွိပါတယ္။ ေနဘယ္ေတာ့မွမဝင္ပဲ ညသန္းေခါင္ယံအထိေနကို ၾကည့္ႏုိင္တဲ့ႏုိင္ငံအျဖစ္လည္း လူသိမ်ားပါတယ္။

ေမလ ကေန ဇူလိုင္လအတြင္း ၇၆ ရက္ကာလဟာ ေနဘယ္ေတာ့မွ မဝင္ပါဘူး။ တစ္ေန႔လံုးရဲ႕ နာရီ ၂ဝ ေလာက္အထိကို ေနေရာင္က လႊမ္းမိုးထားေလ့ရွိပါတယ္။

၂။ အိုင္စလန္

အုိင္စလန္ဟာ ဂရိတ္ၿဗိတိန္အၿပီး ဥေရာပေဒသရဲ႕ အႀကီးဆံုးကၽြန္းႏုိင္ငံျဖစ္ပါတယ္။ သာယာလွပတဲ့ ႏုိင္ငံတစ္ႏိုင္ငံျဖစ္သလို ေမလ ကေန ဇူလိုင္လအတြင္း ေတာက္ပတဲ့ ေနေရာင္ေတြက အၿမဲလႊမ္းမိုးထားပါတယ္။

ေနေရာင္ကအၿမဲႀကီးစိုးထားတဲ့ အိုင္စလန္ႏုိင္ငံမွာ ေတာင္တက္ျခင္း၊ စက္ဘီးစီးျခင္းစတာေတြကိုလည္း ျပဳလုပ္လို႔ေကာင္းတယ္လို႔ သိရပါတယ္။

၃။ ကေနဒါ

ကမၻာေပၚမွာ ဒုတိယအႀကီးဆံုးႏုိင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ ေဒသေတာ္ေတ္ာမ်ားမ်ားက ႏွင္းေတြနဲ႔ ဖံုးလႊမ္းေနေလ့ရွိပါတယ္။ ေနဘယ္ေတာ့မွ မဝင္ပဲ ေတာက္ပတဲ့ ေႏြဥတုက ရက္ ၅ဝ ေလာက္ၾကာျမင့္ပါတယ္။

ႏိုင္ငံအတြင္း ေတာင္တန္းေတြနဲ႔ အံ့ဖြယ္ေနရာေဒသေတြ၊ သမုိင္းဝင္ေဒသေတြ အမ်ားအျပားလည္းတည္ရွိပါတယ္။

၄။ အာလာစကာ

ေမလ ကေန ဇူလိုင္လအတြင္း ေနဘယ္ေတာ့မွ မဝင္တဲ့ ႏိုင္ငံျဖစ္ပါတယ္။ လွပၿပီး စိတ္လႈပ္ရွားဖြယ္ရသေတြ ေပးစြမ္းႏုိင္တဲ့ ေနရာေဒသလည္းျဖစ္ပါတယ္။ျခြင္းခ်က္အေနနဲ႔ ေဆာင္းရာသီအတြင္းလေတြမွာေတာ့ ႏုိင္ငံအတြင္း ေမွာင္ေနေလ့ရွိပါတယ္။

၅။ ဆြီဒင္

ဥေရာပေဒသရဲ႕ ဆြီဒင္ႏုိင္ငံမွာလည္း ညဘက္ဆိုတာ မရွိသေလာက္ပါပဲ။ ညသန္းေခါင္ယံအထိ ေနရွိေနဆဲျဖစ္ၿပီး နံနက္ ၄ နာရီ ၃ဝ ေလာက္မွာ ေနတစ္ဖန္ျပန္ထြက္လာေလ့ရွိပါတယ္။

ေမလ ကေန ၾသဂုတ္လအတြင္း ဒီအေျခအေနေတြကို အၿမဲႀကံဳေတြ႔ေလ့ရွိပါတယ္။ဆြီဒင္ႏုိင္ငံဟာ ခရီးသြားေတြအတြက္ စိတ္ဝင္စားစရာေနရာေဒသအမ်ားအျပားရွိၿပီး adventure အစီအစဥ္ေတြ လုပ္ေဆာင္ဖို႔လည္း အဆင္ေျပတဲ့ ေဒသျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ThutaSone

#Unicode Version#

မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နွေဥတု၊ မိုးဥတု၊ ဆောင်းဥတုဆိုတဲ့ ရာသီဥတု ၃ ပါးနဲ့ ယဉ်ပါးနေသလို နေ့နဲ့ ညဆိုတဲ့ အချိန်ကာလအပိုင်းအခြားတွေနဲ့လည်း ယဉ်ပါးနေပြီးသားဖြစ်မှာပါ။

နံနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း စတဲ့ အချိန်ကာလအပိုင်းအခြားတွေဟာ နေထွက်မှု၊ နေဝင်မှုတွေအပေါ်မူတည်ပြီး ပြောင်းလဲနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အံ့သြဖွယ်အနေနဲ့ နေဘယ်တော့မှ မဝင်တဲ့ နေရာဒေသတွေ ကမ္ဘာပေါ်မှာရှိနေပါတယ်။

အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ဒေသတွေနဲ့ အန္တာတိတ်စက်ဝိုင်း တောင်ဘက်ဒေသမှာ တည်ရှိတဲ့ နိုင်ငံတွေမှာ ဒီအဖြစ်အပျက်တွေ တည်ရှိနေတာဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံ၊ နေအဖွဲ့အစည်းရဲ့ လည်ပတ်လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်က နေဘယ်တော့မှ မဝင်ပဲ ညမရှိတဲ့ နိုင်ငံတွေကို ဖော်ပြပေးပါမယ်။

၁။ နော်ဝေ

နော်ဝေနိုင်ငံဟာ အာတိတ်စက်ဝိုင်းဒေသအတွင်းတည်ရှိပါတယ်။ နေဘယ်တော့မှမဝင်ပဲ ညသန်းခေါင်ယံအထိနေကို ကြည့်နိုင်တဲ့နိုင်ငံအဖြစ်လည်း လူသိများပါတယ်။

မေလ ကနေ ဇူလိုင်လအတွင်း ၇၆ ရက်ကာလဟာ နေဘယ်တော့မှ မဝင်ပါဘူး။ တစ်နေ့လုံးရဲ့ နာရီ ၂ဝ လောက်အထိကို နေရောင်က လွှမ်းမိုးထားလေ့ရှိပါတယ်။

၂။ အိုင်စလန်

အိုင်စလန်ဟာ ဂရိတ်ဗြိတိန်အပြီး ဥရောပဒေသရဲ့ အကြီးဆုံးကျွန်းနိုင်ငံဖြစ်ပါတယ်။ သာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို မေလ ကနေ ဇူလိုင်လအတွင်း တောက်ပတဲ့ နေရောင်တွေက အမြဲလွှမ်းမိုးထားပါတယ်။

နေရောင်ကအမြဲကြီးစိုးထားတဲ့ အိုင်စလန်နိုင်ငံမှာ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းစတာတွေကိုလည်း ပြုလုပ်လို့ကောင်းတယ်လို့ သိရပါတယ်။

၃။ ကနေဒါ

ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ ဒေသတော်တေ်ာများများက နှင်းတွေနဲ့ ဖုံးလွှမ်းနေလေ့ရှိပါတယ်။ နေဘယ်တော့မှ မဝင်ပဲ တောက်ပတဲ့ နွေဥတုက ရက် ၅ဝ လောက်ကြာမြင့်ပါတယ်။

နိုင်ငံအတွင်း တောင်တန်းတွေနဲ့ အံ့ဖွယ်နေရာဒေသတွေ၊ သမိုင်းဝင်ဒေသတွေ အများအပြားလည်းတည်ရှိပါတယ်။

၄။ အာလာစကာ

မေလ ကနေ ဇူလိုင်လအတွင်း နေဘယ်တော့မှ မဝင်တဲ့ နိုင်ငံဖြစ်ပါတယ်။ လှပပြီး စိတ်လှုပ်ရှားဖွယ်ရသတွေ ပေးစွမ်းနိုင်တဲ့ နေရာဒေသလည်းဖြစ်ပါတယ်။ခြွင်းချက်အနေနဲ့ ဆောင်းရာသီအတွင်းလတွေမှာတော့ နိုင်ငံအတွင်း မှောင်နေလေ့ရှိပါတယ်။

၅။ ဆွီဒင်

ဥရောပဒေသရဲ့ ဆွီဒင်နိုင်ငံမှာလည်း ညဘက်ဆိုတာ မရှိသလောက်ပါပဲ။ ညသန်းခေါင်ယံအထိ နေရှိနေဆဲဖြစ်ပြီး နံနက် ၄ နာရီ ၃ဝ လောက်မှာ နေတစ်ဖန်ပြန်ထွက်လာလေ့ရှိပါတယ်။

မေလ ကနေ သြဂုတ်လအတွင်း ဒီအခြေအနေတွေကို အမြဲကြုံတွေ့လေ့ရှိပါတယ်။ဆွီဒင်နိုင်ငံဟာ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာဒေသအများအပြားရှိပြီး adventure အစီအစဉ်တွေ လုပ်ဆောင်ဖို့လည်း အဆင်ပြေတဲ့ ဒေသဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top