(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
*လေ့ကျင့်ခန်းလုပ်ပါ
ဖိုးသူတော် (www.phothutaw.com)
Credit:Trend
#Unicode Version#
နောက်ကျောကြွက်သားနာကျင်မှုက လူဦးရေရဲ့၈၀ရာခိုင်နှုန်းနီးပါးကြုံတွေ့ခံစားရတဲ့ ဝေဒနာတစ်ခုပါ။နောက်ကျောဘက်နာကျင်တယ်ဆိုတာလည်းအကြောင်းအမျိုးမျိုးရှိပါတယ်။တစ်ချို့က အထိုင်များလို့၊တစ်ချို့က နောက်ကျောကြွက်သားအားနည်းလို့၊ကိုယ်နေဟန်ထားမမှန်လို့စသဖြင့်အများကြီးပါ။
ဒီလို နောက်ကျောဘက်နာကျင်မှုကို ဆေးမသောက်ပဲ ဖြေရှင်းပျောက်ကင်းချင်တဲ့အခါ ဒီနည်းလမ်းသုံးသွယ်ကိုသေချာမှတ်ထားသင့်ပါတယ်။
ဘယ်လိုနည်းလမ်းတွေလဲဆိုရင်…
*ဘာကြောင့် နောက်ကျောနာကျင်ရလဲဆိုတဲ့အကြောင်းရင်းကိုရှာပါ
နောက်ကျောဘက်နာကျင်မှုစဖြစ်ပြီဆိုတာနဲ့ ဆေးမြီးတိုတွေအသာထားလို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးမေးမြန်းကြည့်ပါ။ဆရာဝန်နဲ့မဆွေးနွေးရင်တောင် ကိုယ်က အထိုင်များတဲ့အချိန်တိုင်း ခါးနာတတ်တာ၊နောြက်ကျောနာတတ်တာလား၊ဒါမှမဟုတ် ကားမောင်းတာများလို့ ခါးနာကျောနာတာလား၊အိပ်တဲ့ပုံစံမမှန်လို့ခါးနာကျောနာတာလားဆိုတာသတိထားကြည့်ပါ။ကိုယ်ဘာကြောင့် ကျောနာ၊ခါးနာရတယ်ဆိုတဲ့အကြောင်းရင်းကိုတွေ့ပြီဆိုရင် ဒုတိယနည်းလမ်းကို ဆက်ပြီးလုပ်ပါ။
*လေ့ကျင့်ခန်းလုပ်ပါ
နောက်ကျောဘက်ကြွက်သားတွေသန်မာကျစ်လစ်မယ်ဆိုရင် ခါးနာကျောနာတာကို လျော့ပါးသက်သာစေပါလိမ့်မယ်။နောက်ထပ် နာကျင်မှုလည်းမဖြစ်စေတော့ပါဘူး။ခါးနာလို့လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် ပိုပြီးဆိုးမှာပါ။ဒါကြောင့် ကိုယ်က ခါးနာကျောနာဖြစ်ပြီဆို ခါးကြွက်သား၊ကျောရိုးကြွက်သားတွေ သန်မာတောင့်တင်းစေတဲ့လေ့ကျင့်ခန်းမျိုးကို ရွေးချယ်လုပ်ပေးသင့်ပါတယ်။အဲ့ဒီလိုအချိန်တွေမှာ ခါးနာကျောနာတာကိုသက်သာစေဖို့ ဆေးရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။
*နောက်ဆုံးနည်းလမ်းကတော့ ခါးနာကျောနာဖြစ်စေတဲ့အကြောင်းတရားတွေကို ရှောင်ပါ
၁) ကိုယ်နေဟန်ထားပုံစံမှန်ကန်အောင်နေပါ
၂) စားပွဲခုံမှာအကြာကြီးထိုင်ပြီးအလုပ်လုပ်ရသူဆို တစ်နာရီခြားတစ်ခါ၊နာရီဝက်ခြားတစ်ခါ လမ်းထလျှောက်ပေးတာမျိုးလုပ်ပေးပါ
၃)မွေ့ယာအထူနဲ့အိပ်နေကျဆိုရင် မွေ့ယာအပါးလေးဖြစ်စေ၊ဖျာလေးနဲ့ဖြစ်စေ ပြောင်းလဲအိပ်ကြည့်ပါ။မွေ့ယာနဲ့ဆိုကျောရိုးကသက်တောင့်သက်သာဖြစ်နေလို့ သူ့ရဲ့အလုပ်တာဝန်ကိုသေချာမထမ်းဆောင်နိုင်တော့ပါဘူး။ဒါကြောင့် ပိုပြီးခါးနာစေ၊ကျောရိုးနာကျင်စေပါတယ်။
၄)အလေးအပင်တွေကို တစ်ရှိန်ထိုးမလိုက်တာမျိုးမလုပ်ပါနဲ့။လေးလံတဲ့ပစ္စည်းတွေသယ်မယ်ဆိုရင်လက်နှစ်ဖက်အလေးချိန်မျှအောင်ကိုင်တွယ်ပါ။
၅)ကိုယ့်ရဲ့ကိုယ်အလေးချိန်ကိုလျှော့ချပြီး သွက်လက်ကျန်းမာတဲ့ခန္ဓာကိုယ်လေးဖြစ်အောင်ကြိုးစားပါ။
ဒီနည်းလမ်းသုံးသွယ်ကိုသေချာလိုက်နာမယ်ဆိုရင် မကြာခဏကျောနာခါးနာဖြစ်ခြင်းကို လျော့ပါးသက်သာစေပါလိမ့်မယ်။စိတ်ဖိစီးမှုတွေမဖြစ်အောင်လည်းနေထိုင်ဖို့ မမေ့ပါနဲ့
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top