ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ရံုးတက္တဲ့သူေတြ၊ အထိုင္မ်ားတဲ့သူေတြ၊ ကိုယ္လက္လႈပ္ရွားခ်ိန္ မရတဲ့သူေတြအေနနဲ႔ အလုပ္လုပ္ျပီးမွ တစ္ေန႔တျခား ဝိတ္ေတြတက္၊ ဗိုက္ေခါက္ေတြ ထြက္လို႔ စိတ္မညစ္ပါနဲ႔။ ခုေဖာ္ျပေပးမယ့္ နည္းလမး္ေလးေတြက ဝိတ္မတက္ဘဲ သင့္ကိုက်န္းမာေနေစမွာပါ။


(၁) ေရေသာက္ပါ

သုေတသနပညာရွင္ေတြရဲ႕အဆိုအရ ေရမ်ားမ်ားေသာက္ျခငး္ဟာ ေရဓာတ္ကို ျပည့္ဝေစတဲ့အျပင္ စိတ္ၾကည္လင္ေစျပီး အလုပ္ကုိ ပိုမိုေကာငး္မြန္စြာ လုပ္ေဆာင္ႏိုင္ေစပါတယ္။ ဒါ့အျပင္ ေခါင္းကုိက္ျခင္းမွ ကာကြယ္ေပးျပီး အားအင္ျပည့္ဝေစတာေၾကာင့္ အလုပ္ကို ပိုျပီးအာရံုစိုက္ႏိုင္ေစပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။

(၂) သြားရည္စာေတြကို ေရွာင္ပါ

သၾကားပါတဲ့ မုန္႔ေတြကုိ တတ္ႏိုင္သမွ်ေရွာင္ပါ။ ဒါတင္မကေသးပါဘူး။ အလုပ္လုပ္ရင္းနဲ႔ စားေနတတ္တဲ့ အာလူးေၾကာ္ေတြ၊ အခ်ဥ္ထုပ္ေတြ၊ အခ်ိဳရည္ေတြကို ေရွာင္ပါ။ ဒီလိုမုန္႔ေတြထက္စာရင္ေတာ့ ၾကက္ဥျပဳတ္၊ ေျမပဲေထာပတ္ ဒါမွမဟုတ္ အေစ့အဆန္ေတြ(ဥပမာ-ေနၾကာေစ့) ကို စားပါ။


(၃) ေန႔လည္စာမစားဘဲ မေနပါနဲ႔

ေန႔လည္စာမစားတာ၊ ဒါမွမဟုတ္ နည္းနည္းပဲ စားတာမ်ိဳးမလုပ္ပါနဲ႔။ ဗိုက္ျပည့္ေအာင္ မစားျခင္းေၾကာင့္ အခ်ိဳေတြ၊ ဆီေၾကာ္မုန္႔ေတြကို ပိုစားခ်င္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေန႔လည္စာကို ဝဝလင္လင္ စားသံုးျပီး မုန္႔ေတြကုိေရွာင္ပါ။

(၄) လမ္းေလွ်ာက္ပါ

အိပ္ခ်င္လာတဲ့အခါ၊ ေညာင္းညာလာတဲ့အခါေတြမွာ လမ္းထေလွ်ာက္ပါ။ ေနာက္ျပီး ထမင္းစားဆင္းခ်ိန္မွာ ခဏတျဖဳတ္ကိုယ္လက္လႈပ္ရွားေလးေတြ လုပ္ေပးပါ။ အထိုင္မ်ားတဲ့အခါ အစာေခ်ဖ်က္မႈ အားနည္းသြားျပီး ေလးလံထိုင္းမိႈငး္ေနတတ္တာေၾကာင့္ တစ္နာရီကို တစ္ခါေလာက္ ထျပီး လမ္းေလွ်ာက္ေပးသင့္ပါတယ္။

(၅) ခဏတျဖဳတ္အိပ္ပါ

အိပ္ပါဆိုတဲ့ေနရာမွာ တစ္ေရးတေမာ အခ်ိန္အၾကာၾကီးအိပ္ခိုင္းတာ မဟုတ္ပါဘူး။ နာဆာက သိပၸံပညာရွင္ေတြရဲ႕ ေျပာၾကားခ်က္အရ ေန႔လည္မွာ မိနစ္ ၂၀ ေလာက္ ခဏတျဖဳတ္ အိပ္ေပးျခင္းျဖင့္ လုပ္ငန္းစြမး္ေဆာင္ရည္ေတြ ပိုမိုတိုးျမင့္ေစျပီး စိတ္ကိုလည္း ၾကည္လင္လန္းဆန္းေစပါတယ္။ ဒါေၾကာင့္ ထမင္းစားခ်ိန္လိုမ်ိဳးမွာ ခဏတျဖဳတ္ အိပ္ေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Auntymay


#Unicode Version#

ရုံးတက်တဲ့သူတွေ၊ အထိုင်များတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားချိန် မရတဲ့သူတွေအနေနဲ့ အလုပ်လုပ်ပြီးမှ တစ်နေ့တခြား ဝိတ်တွေတက်၊ ဗိုက်ခေါက်တွေ ထွက်လို့ စိတ်မညစ်ပါနဲ့။ ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက ဝိတ်မတက်ဘဲ သင့်ကိုကျန်းမာနေစေမှာပါ။

(၁) ရေသောက်ပါ

သုတေသနပညာရှင်တွေရဲ့အဆိုအရ ရေများများသောက်ခြင်းဟာ ရေဓာတ်ကို ပြည့်ဝစေတဲ့အပြင် စိတ်ကြည်လင်စေပြီး အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေးပြီး အားအင်ပြည့်ဝစေတာကြောင့် အလုပ်ကို ပိုပြီးအာရုံစိုက်နိုင်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

(၂) သွားရည်စာတွေကို ရှောင်ပါ

သကြားပါတဲ့ မုန့်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါတင်မကသေးပါဘူး။ အလုပ်လုပ်ရင်းနဲ့ စားနေတတ်တဲ့ အာလူးကြော်တွေ၊ အချဉ်ထုပ်တွေ၊ အချိုရည်တွေကို ရှောင်ပါ။ ဒီလိုမုန့်တွေထက်စာရင်တော့ ကြက်ဥပြုတ်၊ မြေပဲထောပတ် ဒါမှမဟုတ် အစေ့အဆန်တွေ(ဥပမာ-နေကြာစေ့) ကို စားပါ။

(၃) နေ့လည်စာမစားဘဲ မနေပါနဲ့

နေ့လည်စာမစားတာ၊ ဒါမှမဟုတ် နည်းနည်းပဲ စားတာမျိုးမလုပ်ပါနဲ့။ ဗိုက်ပြည့်အောင် မစားခြင်းကြောင့် အချိုတွေ၊ ဆီကြော်မုန့်တွေကို ပိုစားချင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နေ့လည်စာကို ဝဝလင်လင် စားသုံးပြီး မုန့်တွေကိုရှောင်ပါ။

(၄) လမ်းလျှောက်ပါ

အိပ်ချင်လာတဲ့အခါ၊ ညောင်းညာလာတဲ့အခါတွေမှာ လမ်းထလျှောက်ပါ။ နောက်ပြီး ထမင်းစားဆင်းချိန်မှာ ခဏတဖြုတ်ကိုယ်လက်လှုပ်ရှားလေးတွေ လုပ်ပေးပါ။ အထိုင်များတဲ့အခါ အစာချေဖျက်မှု အားနည်းသွားပြီး လေးလံထိုင်းမှိုင်းနေတတ်တာကြောင့် တစ်နာရီကို တစ်ခါလောက် ထပြီး လမ်းလျှောက်ပေးသင့်ပါတယ်။

(၅) ခဏတဖြုတ်အိပ်ပါ

အိပ်ပါဆိုတဲ့နေရာမှာ တစ်ရေးတမော အချိန်အကြာကြီးအိပ်ခိုင်းတာ မဟုတ်ပါဘူး။ နာဆာက သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ နေ့လည်မှာ မိနစ် ၂၀ လောက် ခဏတဖြုတ် အိပ်ပေးခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်တွေ ပိုမိုတိုးမြင့်စေပြီး စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒါကြောင့် ထမင်းစားချိန်လိုမျိုးမှာ ခဏတဖြုတ် အိပ်ပေးသင့်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top