ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







ဖိုးသူတော် (www.phothutaw.com)
Credit:Auntymay


#Unicode Version#

နာမည်ကြီး အစီအစဉ်တင်ဆက်သူ လူပျိုကြီးမောင်မောင်အေးကတော့ သူချစ်ရတဲ့ မိန်းကလေးနဲ့ လက်ထပ်သွားပါပြီ။ တစ်သက်လုံး လူပျိုကြီး လုပ်မလားလို့ ပရိသတ်တွေက ထင်ခဲ့ကြပေမယ့် ကိုမောင်မောင်အေး ကတော့ ပရိသတ်တွေ ကို Surprise လုပ်ခဲ့တာပါ။ FA တစ်ချို့ကတော့ မြန်မာနိုင်ငံရဲ့ FA ဂိုဏ်းချုပ်တွေထဲက တစ်ယောက် FA ဘဝကို စွန့်ခွာသွားလို့ မချိတင့်ကဲ ဖြစ်နေကြပါတယ်။

မင်္ဂလာပွဲလက်မှတ်ရေးထိုးပွဲကိုတော့ ဒီဇင်ဘာ (၃)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာသတို့သား၊သတို့သမီး တွေက အပြာရောင် ဝတ်စုံလေးကို ဝတ်ဆင်ခဲ့ကြပါတယ်။ သတို့သမီးလေးနဲ့ လက်မှတ်ရေးထိုးပွဲက ပုံလေးတွေကိုတော့ သူငယ်ချင်းတွေက စစနောက်နောက်နဲ့ စာလေးတွေ ဖြည့်ပြီး နောက်ပြောင်ထားတာကိုလည်း တွေ့ ရပါတယ်။

ကိုမောင်မောင်အေးနဲ့ မမြင့်မြင့် တို့ရဲ့မင်္ဂလာပွဲကိုတော့ (၅.၁၂.၂၀၁၈)နေ့က သုဝဏ္ဏဘူမိ Event part မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အနုပညာရှင်ဆယ်လီ တွေ အများကြီး တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။

မင်္ဂလာပွဲ အခမ်းအနားကိုလည်း ပုံစံတစ်မျိုးနဲ့ တကယ့်ကို ထူးထူး ခြားခြား ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ လူပျိုကြီးကတော့ မင်္ဂလာပွဲ အတွက် ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်အား ထုတ် ထားသလဲ ဆိုတာကို ပွဲပြင်ဆင်ပုံကို ကြည့်ရင်သိနိုင်ပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top