(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×









ဖိုးသူတော် (www.phothutaw.com)
Credit:Burmese.asia

#Unicode Version#

တရုတ်နိုင်ငံက ပလာဇာတစ်ခုမှာ အလှမွေးထားတဲ့ ငါးမန်းကန်ထဲကို အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့တဲ့ ဗွီဒီယိုတစ်ခု တက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီကျင်းပြည်နယ် ရှီချင်းမှ Wuyue Plaza မှာ ရှိတဲ့ ငါးမန်းကန်ထဲ ပြုတ်ကျခဲ့တာ ဖြစ်ပြီး လူအများရဲ့ ရှေ့မှာဖြစ်သွားခဲ့တာပါ။ ငါးမန်ကန်ပေါ်ထိုးထားတဲ့ တံတားအတိုင်း လာနေစဉ် အစာကျွေးဖို့ဖွင့်ထားတဲ့ အပေါက်ကနေ တစ်ဆင့် ကန်ထဲ ချော်ကျသွားခဲ့တာ ဖြစ်ပါတယ်

ကန်ထဲမှာတော့ ငါးမန်းနှစ်ကောင်ဟာ ဒီအမျိုးသမီးရဲ့ ဘေးနားမှာ လှည့်ပတ်ကူးခတ်နေခဲ့ပေမယ့် အန္တရာယ်မပေးခဲ့တာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို လုံခြုံရေးများမှ သိရျီပြီးနောက် အမျိုးသမီးကို ၂ မိနှစ်အတွင်း ကယ်တင်နိုင်ခဲ့တယယ်လို့ထုတ်ပြန်လိုက်ပါတယ်။


ပုံမှန်က အဲ့ကန်ပေါက်ကို အစားကျွေးတဲ့အချိန်ပဲ ဖွင့်ထားရတာ။ ဒါပေမယ့် ဒီအမျိုးသမီးကလည်း အစည်းအဝေးကို အရေးတကြီးသွားရင်း ချော်လဲပြီး ရောက်သွားတာပါ။ သူမကို ကန်ထဲကနေ အမြန်ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး” လို့ထုတ်ပြန်ခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ဒီငါးမန်းတွေဟာ အန္တရာယ်မပေးဘူးလို့ဆိုပါတယ်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top