ေဟာင္ေကာင္႐ုပ္ရွင္ေရႊေခတ္တြင္ ေအာင္ျမင္သည့္ သ႐ုပ္ေဆာင္တစ္ဦးသာမက ၿခိဳးၿခံေခၽြတာမွုအတြက္ ေက်ာ္ၾကားသူတစ္ဦးျဖစ္သည့္ ေခ်ာင္ယြန္ဖက္က ကြယ္လြန္ၿပီးေနာက္ က်န္ရွိသည့္ပိုင္ဆိုင္မွုမ်ားကို ပရဟိတအဖြဲ႕သို႔ လွူဒါန္းမည္ဟု ေျပာၾကားခဲ့သည္။

Pirates of the Caribbean ႏွင့္ A Better Tomorrow ဇာတ္ကားမ်ားျဖင့္ နိုင္ငံတကာတြင္ ေအာင္ျမင္ခဲ့သည့္ ေခ်ာင္သည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ရိုးရိုးကုပ္ကုပ္ပုံစံျဖင့္သာ ေနထိုင္ခဲ့သည္။ အသက္ ၆၃ ႏွစ္အရြယ္ရွိ သန္းႂကြယ္သူေဌး ေခ်ာင္သည္ Forbes မဂၢဇင္း၏ ၂၀၁၅ ခုႏွစ္ ဝင္ေငြအမ်ားဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္စာရင္း၏ နံပါတ္ ၂၄ ေနရာတြင္ ရပ္ဆဲလ္ခရိုးႏွင့္အတူ ပူးတြဲေဖာ္ျပခံခဲ့ရသည္။

ေဟာင္ေကာင္တြင္ ေနထိုင္သည့္ ေခ်ာင္သည္ ေဟာင္ေကာင္အနီးတစ္ဝိုက္ကို အမ်ားျပည္သူ ပို႔ေဆာင္ေရးျဖင့္သာ သြားလာခဲ့ၿပီး ၎၏႐ုပ္ရွင္ဇာတ္ကားကို ၾကည့္ရွုရန္အတြက္ လက္မွတ္မ်ားကို တန္းစီဝယ္ယူခဲ့သည္။ ယခုအခါ ၎၏ပိုင္ဆိုင္မွုအားလုံးကို လွူဒါန္းမည္ဟု ေခ်ာင္က ကတိျပဳခဲ့သည္။

“ဒီေငြေတြက သင္အျမဲတမ္းပိုင္ဆိုင္နိုင္မယ့္ အရာေတြမဟုတ္ပါဘူး။ ေသသြားရင္ ဘဏ္စာရင္းထဲက ပိုက္ဆံေတြကို ယူသြားနိုင္မွာမဟုတ္ပါဘူး။ တစ္ေန႔ေန႔မွာ ေသသြားရင္ တျခားသူေတြ သုံးဖို႔အတြက္ ထားခဲ့ရမွာ ပါပဲ” ဟု ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေတာင္ကိုရီးယား႐ုပ္သံ Munhawa Broadcasting Coroporation (MBC) ၌ ထုတ္လႊင့္သည့္ အင္တာဗ်ဴးတြင္ ေခ်ာင္က ေျပာၾကားခဲ့သည္။ မိမိ၏ပိုင္ဆိုင္မွုအားလုံးကို လွူဒါန္းမည့္ ဆုံးျဖတ္ခ်က္ကို ဇနီးကလည္း ေထာက္ခံသည္ဟု ေခ်ာင္က ေျပာၾကားခဲ့သည္။

ေခ်ာင္၏ ပိုင္ဆိုင္မွုမ်ားသည္ ေဒၚလာ ၇၁၅ သန္းခန႔္ရွိသည္ဟု မီဒီယာမ်ားက ေဖာ္ျပခဲ့ေသာ္လည္း မည္မၽွ ႂကြယ္ဝသည္ကို မသိရွိဟု ေခ်ာင္က ေျပာၾကားခဲ့သည္။ ေခ်ာင္သည္ လမ္းေဘးအစားအစာမ်ားကို မၾကာခဏ စားေလ့ရွိေၾကာင္း၊ Nokia ေခါက္ဖုန္းတစ္လုံးကိုသာ ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၿပီး ဖုန္းပ်က္မွသာ စြန႔္ပစ္ခဲ့ေၾကာင္း ၎၏ ဇနီးသည္ ဂ်က္စမင္တန္က ေျပာၾကားခဲ့သည္။

တစ္ခ်ိန္က တံငါသည္ေက်းရြာျဖစ္ခဲ့သည့္ လမ္မာကၽြန္း၏ ေဒသခံတစ္ဦးျဖစ္ေသာ ေခ်ာင္က ရိုးရွင္းသည့္ ေန႔လယ္စာ၊ ညစာမ်ားကိုသာ သေဘာက်ၿပီး ထမင္းႏွင့္ တ႐ုတ္မုန္လာသည္ ၎၏ အႏွစ္သက္ဆုံး အစားအစာျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

ေခ်ာင္သည္ ၎ကိုယ္တိုင္ရိုက္ကူးထားသည့္ ဓာတ္ပုံစာအုပ္တစ္အုပ္ကို ၂၀၀၈ ခုႏွစ္ ဇြန္တြင္ ျဖန႔္ခ်ိခဲ့ၿပီး ယင္းစာအုပ္ေရာင္းခ်မွုမွ ရရွိသည့္ အက်ိဳးအျမတ္မ်ားကို စီခၽြမ္ငလ်င္ဒဏ္ ခံခဲ့ရသူမ်ားအတြက္ လွူဒါန္းခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media

# Unicode Version ျဖင့္ ဖတ္ပါ #

ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်တွင် အောင်မြင်သည့် သရုပ်ဆောင်တစ်ဦးသာမက ခြိုးခြံချွေတာမှုအတွက် ကျော်ကြားသူတစ်ဦးဖြစ်သည့် ချောင်ယွန်ဖက်က ကွယ်လွန်ပြီးနောက် ကျန်ရှိသည့်ပိုင်ဆိုင်မှုများကို ပရဟိတအဖွဲ့သို့ လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

Pirates of the Caribbean နှင့် A Better Tomorrow ဇာတ်ကားများဖြင့် နိုင်ငံတကာတွင် အောင်မြင်ခဲ့သည့် ချောင်သည် ပြီးခဲ့သည့်နှစ်များအတွင်း ရိုးရိုးကုပ်ကုပ်ပုံစံဖြင့်သာ နေထိုင်ခဲ့သည်။ အသက် ၆၃ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေး ချောင်သည် Forbes မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ် ဝင်ငွေအများဆုံး အမျိုးသားသရုပ်ဆောင်စာရင်း၏ နံပါတ် ၂၄ နေရာတွင် ရပ်ဆဲလ်ခရိုးနှင့်အတူ ပူးတွဲဖော်ပြခံခဲ့ရသည်။

ဟောင်ကောင်တွင် နေထိုင်သည့် ချောင်သည် ဟောင်ကောင်အနီးတစ်ဝိုက်ကို အများပြည်သူ ပို့ဆောင်ရေးဖြင့်သာ သွားလာခဲ့ပြီး ၎င်း၏ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုရန်အတွက် လက်မှတ်များကို တန်းစီဝယ်ယူခဲ့သည်။ ယခုအခါ ၎င်း၏ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်ဟု ချောင်က ကတိပြုခဲ့သည်။

“ဒီငွေတွေက သင်အမြဲတမ်းပိုင်ဆိုင်နိုင်မယ့် အရာတွေမဟုတ်ပါဘူး။ သေသွားရင် ဘဏ်စာရင်းထဲက ပိုက်ဆံတွေကို ယူသွားနိုင်မှာမဟုတ်ပါဘူး။ တစ်နေ့နေ့မှာ သေသွားရင် တခြားသူတွေ သုံးဖို့အတွက် ထားခဲ့ရမှာ ပါပဲ” ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် တောင်ကိုရီးယားရုပ်သံ Munhawa Broadcasting Coroporation (MBC) ၌ ထုတ်လွှင့်သည့် အင်တာဗျူးတွင် ချောင်က ပြောကြားခဲ့သည်။ မိမိ၏ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည့် ဆုံးဖြတ်ချက်ကို ဇနီးကလည်း ထောက်ခံသည်ဟု ချောင်က ပြောကြားခဲ့သည်။

ချောင်၏ ပိုင်ဆိုင်မှုများသည် ဒေါ်လာ ၇၁၅ သန်းခန့်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သော်လည်း မည်မျှ ကြွယ်ဝသည်ကို မသိရှိဟု ချောင်က ပြောကြားခဲ့သည်။ ချောင်သည် လမ်းဘေးအစားအစာများကို မကြာခဏ စားလေ့ရှိကြောင်း၊ Nokia ခေါက်ဖုန်းတစ်လုံးကိုသာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ဖုန်းပျက်မှသာ စွန့်ပစ်ခဲ့ကြောင်း ၎င်း၏ ဇနီးသည် ဂျက်စမင်တန်က ပြောကြားခဲ့သည်။

တစ်ချိန်က တံငါသည်ကျေးရွာဖြစ်ခဲ့သည့် လမ်မာကျွန်း၏ ဒေသခံတစ်ဦးဖြစ်သော ချောင်က ရိုးရှင်းသည့် နေ့လယ်စာ၊ ညစာများကိုသာ သဘောကျပြီး ထမင်းနှင့် တရုတ်မုန်လာသည် ၎င်း၏ အနှစ်သက်ဆုံး အစားအစာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ချောင်သည် ၎င်းကိုယ်တိုင်ရိုက်ကူးထားသည့် ဓာတ်ပုံစာအုပ်တစ်အုပ်ကို ၂၀၀၈ ခုနှစ် ဇွန်တွင် ဖြန့်ချိခဲ့ပြီး ယင်းစာအုပ်ရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်များကို စီချွမ်ငလျင်ဒဏ် ခံခဲ့ရသူများအတွက် လှူဒါန်းခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top