(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ပရိသတ္ေတြအရမ္းခ်စ္ၾကတဲ့ အႏုပညာရွင္မိသားစုေလးျဖစ္တဲ့ လင္းဇာနည္ေဇာ္တို႔ရဲ႕မိသားစုေလးကေတာ့ အခုလက္ရွိမွာ အဆိုးဆံုးအခ်ိန္ကို ရင္ဆိုင္ေက်ာ္ျဖတ္ေနၾကရတာပဲ ျဖစ္ပါတယ္။ အကိုျဖစ္သူ ဒါရိုက္တာ မိုက္တီးက ေဆးအမႈနဲ႔ အခ်ဳပ္က်ေနျပီး ဖခင္ျဖစ္သူ ဒါရိုက္တာ ဦးခင္ေဇာ္ကလည္း ျပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ရက္ေန႔ညက ကြယ္လြန္အနိစၥေရာက္သြားခဲ့တာေၾကာင့္ က်န္ရစ္သူေတြအကုန္လံုး ပူေဆြးေသာကေရာက္ေနၾကရတာပါ။

အခ်ဳပ္ထဲသို႔ေရာက္ရွိေနတဲ့ ဒါရိုက္တာမိုက္တီးကလည္း မိသားစုကို အရမ္းစိတ္ပူျပီး ေသာကေရာက္ေနတဲ့အေၾကာင္းကို လင္းဇာနည္ေဇာ္က လူမႈကြန္ယက္မွာ စိတ္မေကာင္းစြာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။

လင္းဇာနည္ေဇာ္ကေတာ့ “ဒီအခ်ိန္က ကိုႀကီးတို႔မိသားစုရဲ႔ ‘အဆိုးဆံုး’အခ်ိန္တဲ့.. ဒီအခ်ိန္ဆိုးႀကီးကိုႀကိဳးစားၿပီး ေက်ာ္ျဖတ္ပါကိုႀကီးရယ္.ကိုႀကီးကိုထည့္မတြက္နဲ႔.-ကိုႀကီးခံနိုင္ေအာင္ႀကိဳးစားထားတယ္-အေမ့ကိုဘဲဂရုစိုက္ လို႔ေျပာတဲ့ ကိုႀကီးရင္ထဲမွာ ဘယ္ေလာက္ထိျဖစ္ေနမလဲ~အေဖကအရမ္းခ်စ္တဲ့-အေဖ့ကိုအရမ္းခ်စ္တဲ့-ကိုႀကီးအတြက္-တစ္ဘဝလံုးယူႀကံဳးရလို႔မဆံုးျဖစ္ေတာ့မွာကိုေတြးၿပီး..ကိုႀကီးမွာလိုက္သလို လံုးဝမၿပိဳလဲပဲေဖႀကီးရဲ႕ ေနာက္ဆံုးခရီးေလးကို ေဖႀကီးစိတ္ခ်ခ်ထြက္နိုင္ေအာင္ ညီမေလးတို႔ေတာင့္ခံၿပီး ႀကိဳးစားသြားမွာပ” ဆိုျပီး အကိုျဖစ္သူရဲ႕အေၾကာင္းကို ရင္နင့္ဖြယ္ ရင္ဖြင့္ထားတာ ေတြ႔ရပါတယ္

ဖခင္ၾကီး သက္ရွိထင္ရွားရွိစဥ္ကလည္း သမီးေတြသာမကပဲ သားျဖစ္သူ ဒါရိုက္တာမိုက္တီးကလည္း ဖခင္ကို အျမဲ ဂရုတစိုက္နဲ႔ ေစာင့္ေရွာက္ေလ့ရွိတာ ေတြ႔ရပါတယ္။

ဒါ႐ိုက္တာမိုက္တီးကေတာ့ ဖခင္ ႀကီးကြယ္လြန္သြားတာေၾကာင့္ အေဖကို ပိုးေကာင္ေလးလိုတယုတယ ျပဳစုခဲ့ၾကတဲ့ ညီမေလးေတြကို အားတင္းဖို႔ေျပာျပီး အေမကို ဂရုစိုက္ဖို႔မွာေနတာေၾကာင့္ သူကိုယ္တိုင္ထက္ မိသားစုကို ဘယ္ေလာက္အထိခ်စ္ေၾကာင္း ျမင္ေတြ႔ရတာေၾကာင့္ စိတ္မေကာင္းျဖစ္ရပါတယ္။

မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ဒါ႐ိုက္တာမိုက္တီး ၊ခ်စ္ခ်စ္ေဇာ္ ၊ လင္းဇာနည္ေဇာ္တို႔ရဲ႕ ခ်စ္မဝတဲ့ ဖခင္ၾကီး ဒါရိုက္တာ ဦးခင္ေဇာ္တစ္ေယာက္ ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းပါေစလို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cele
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်မိသားစုလေးဖြစ်တဲ့ လင်းဇာနည်ဇော်တို့ရဲ့မိသားစုလေးကတော့ အခုလက်ရှိမှာ အဆိုးဆုံးအချိန်ကို ရင်ဆိုင်ကျော်ဖြတ်နေကြရတာပဲ ဖြစ်ပါတယ်။ အကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးက ဆေးအမှုနဲ့ အချုပ်ကျနေပြီး ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့ညက ကွယ်လွန်အနိစ္စရောက်သွားခဲ့တာကြောင့် ကျန်ရစ်သူတွေအကုန်လုံး ပူဆွေးသောကရောက်နေကြရတာပါ။

အချုပ်ထဲသို့ရောက်ရှိနေတဲ့ ဒါရိုက်တာမိုက်တီးကလည်း မိသားစုကို အရမ်းစိတ်ပူပြီး သောကရောက်နေတဲ့အကြောင်းကို လင်းဇာနည်ဇော်က လူမှုကွန်ယက်မှာ စိတ်မကောင်းစွာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

လင်းဇာနည်ဇော်ကတော့ “ဒီအချိန်က ကိုကြီးတို့မိသားစုရဲ့ ‘အဆိုးဆုံး’အချိန်တဲ့.. ဒီအချိန်ဆိုးကြီးကိုကြိုးစားပြီး ကျော်ဖြတ်ပါကိုကြီးရယ်.ကိုကြီးကိုထည့်မတွက်နဲ့.-ကိုကြီးခံနိုင်အောင်ကြိုးစားထားတယ်-အမေ့ကိုဘဲဂရုစိုက် လို့ပြောတဲ့ ကိုကြီးရင်ထဲမှာ ဘယ်လောက်ထိဖြစ်နေမလဲ~အဖေကအရမ်းချစ်တဲ့-အဖေ့ကိုအရမ်းချစ်တဲ့-ကိုကြီးအတွက်-တစ်ဘဝလုံးယူကြုံးရလို့မဆုံးဖြစ်တော့မှာကိုတွေးပြီး..ကိုကြီးမှာလိုက်သလို လုံးဝမပြိုလဲပဲဖေကြီးရဲ့ နောက်ဆုံးခရီးလေးကို ဖေကြီးစိတ်ချချထွက်နိုင်အောင် ညီမလေးတို့တောင့်ခံပြီး ကြိုးစားသွားမှာပ” ဆိုပြီး အကိုဖြစ်သူရဲ့အကြောင်းကို ရင်နင့်ဖွယ် ရင်ဖွင့်ထားတာ တွေ့ရပါတယ်

ဖခင်ကြီး သက်ရှိထင်ရှားရှိစဉ်ကလည်း သမီးတွေသာမကပဲ သားဖြစ်သူ ဒါရိုက်တာမိုက်တီးကလည်း ဖခင်ကို အမြဲ ဂရုတစိုက်နဲ့ စောင့်ရှောက်လေ့ရှိတာ တွေ့ရပါတယ်။

ဒါရိုက်တာမိုက်တီးကတော့ ဖခင် ကြီးကွယ်လွန်သွားတာကြောင့် အဖေကို ပိုးကောင်လေးလိုတယုတယ ပြုစုခဲ့ကြတဲ့ ညီမလေးတွေကို အားတင်းဖို့ပြောပြီး အမေကို ဂရုစိုက်ဖို့မှာနေတာကြောင့် သူကိုယ်တိုင်ထက် မိသားစုကို ဘယ်လောက်အထိချစ်ကြောင်း မြင်တွေ့ရတာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ချစ်မဝတဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်

ဖိုးသူတော် (www.phothutaw.com)
Credit: Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top