ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: Burmese - Asia

# Unicode Version ဖြင့် ဖတ်ပါ #

ဝေါဒေသခံ ကျပ်သိန်းတစ်သောင်းဆုရှင် ယနေ့ကွယ်လွန်

တောင်ငူ၊ ဒီဇင်ဘာ ၆ပြီးခဲ့သည့်၂၁ ကြိမ်မြောက် အောင်ဘာလေသိန်းထီ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀ ကို ဝေါဒေသခံ သက် ၈၈ နှစ်အရွယ် ဦးကျင်ရိန်က ဆွတ်ခူးခဲ့ပြီး ၆ရက်အကြာ ယနေ့(ဒီဇင်ဘာ ၆)နံနက်၂ နာရီခန့်ကချမ်းမြသာစည်ရပ်ကွက် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

“လူကြီးရောဂါနဲ့ဆုံးပါးသွားတာလို့ သိရပါတယ်။ အောင်ဘာလေသိန်းသောင်းဆုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲထုတ်ယူပြီးပြီလို့သိရတယ်။ သားသမီးခြောက်ယောင်ကျန်ခဲ့တယ်။ ကျွန်တော်တို့မနက်ကပဲ နာရေးအိမ်ရောက်ခဲ့ပြီးပြီ”ဟု မြို့ခံအမျိုးသားတစ်ဦးကပြောကြားသည်။

၂၀ ကြိမ်မြောက်နှင့်၂၁ ကြိမ်မြောက် အောင်ဘာလေသိန်းထီ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးဒေသအသက် ၇၀ ကျော်အရွယ် အမျသားနှစ်ဦးက ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ ယခုကွယ်လွန်ဆုံးပါးခဲ့သည့် ဦးကျင်ရိန်သည် အငြိမ်းစားတပ်မတော်သားတစ်ဦးဖြစ်ပီး ထီပေါက်သည်ကို ထီဖွင့်ပြီးနောက်တစ်ရက်မှ သိရှိခဲ့ခြင်းဖြစ်သည်

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top