(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေဖြးေဖြးက တစ္ေယာက္နဲ႔ တစ္ေယာက္ ပိန္လာတယ္၊ ဝလာတယ္ ေျပာဆုိၾကတဲ့အေပၚ မႏွစ္သက္တဲ့ အေၾကာင္း သူ႔ရင္ထဲက ခံစားခ်က္ေတြ ကုိ ဖြင့္ဟထားပါတယ္။ ေဖြးေဖြးကုိ ခ်စ္တဲံ့ ပရိသတ္ေတြကလည္း အားေပးခဲ့ၾကပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီ မင္းသမီးေခ်ာေလး ေဖြးေဖြးက ပိန္တာ ဝတာကုိ အေၾကာင္းျပဳၿပီး သူ႔စိတ္ကူးထဲက ခံစားခ်က္ကုိ အခုလုိ ေျပာ ျပထား ပါတယ္။ ဝတာ ပိန္တာ ဆုိတဲ့ စကားအသံုးအႏႈန္းေတြဟာ တကယ္ေတာ့ ႏႈတ္ဆက္ စကားမဟုတ္ဘူးဆုိတာကုိလည္း ဆက္လက္ ေျပာျပထားပါေသးတယ္။

“ဝလာတယ္ ပိန္သြားတယ္ တို႔ ဆိုတာ ႏူတ္ဆက္တာမဟုတ္ပါဘူး။ အဲ့ဒါရိုင္းပါတယ္ ေနာ။ ဘိုလိုပဲ ျပန္ေျပာၾကည့္ပါ။ Hey you look fat , you look thin ။ စိတ္ၾကည္လား မၾကည္လားမသိ ေနေကာင္းလား မေကာင္းလား မသိ shhhhhh…. #Show More Love #ေနေကာင္း လား #အဆင္ေျပရဲ႕လား #ဘာေတြလုပ္ေနလဲ#StopJudging” ဆုိၿပီးေတာ့ စက္တင္ဘာလ ၂၁ ရက္ေန႔ ေန႔လည္ပုိင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာပါ။

ေဖြးေဖြးေရးထားတဲ့ ဒီ စာသားေလးနဲ႔ ပတ္သက္ၿပီး အားေပးေထာက္ခံ ခဲ့ၾကတဲ့ ပရိသတ္ေတြ၊ အႏုပညာရွင္ ေမာင္ႏွမေတြကလည္း အမ်ားႀကီးပါ။ သူဟာ မၾကာခင္က ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး ရိုက္ကူးေနတဲ့ “သူစိမ္းအိမ္” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္ရိုက္ကူးေနတယ္လို႕ သိရပါ တယ္။ အဲ့ဒီဇာတ္ကားမွာ ေဖြးေဖြးအျပင္ ထြန္းအိိျႏၵာဗိုနဲ႕ အျခားေသာ အႏုပညာရွင္ေတြလည္း မ်ားစြာ ပါဝင္ထားၾကပါေသးတယ္။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု ကို ရရွိခဲ့ပါတယ္။၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ ထာားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

ေဖြးေဖြးကုိေတာ့ ခပ္မုိက္မုိက္စတုိင္လ္ေတြနဲ႔ ဗီဒီယုိ ဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ရာကေန ပရိသတ္ေတြ စတင္ သိရွိလာတာ ျဖစ္ပါ တယ္။ အဲ့ဒီေနာက္ ေၾကာ္ျငာေတြ၊ Music MTV ေတြ ကေန တဆင့္ ပရိသတ္ ပုိ သတိထားမိလာေစပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္း က လည္း ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လာခဲ့ပါၿပီ။

မွတ္ခ်က္-ဆယ္လီရပ္ကြက္စာမ်က္ႏွာမွတဆင့္ကူးယူေဖာ္ျပထားပါသည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆယ္လီရပ္ကြက္
# Unicode Version ျဖင့္ ဖတ္ပါ #
ဖွေးဖွေးက တစ်ယောက်နဲ့ တစ်ယောက် ပိန်လာတယ်၊ ဝလာတယ် ပြောဆိုကြတဲ့အပေါ် မနှစ်သက်တဲ့ အကြောင်း သူ့ရင်ထဲက ခံစားချက်တွေ ကို ဖွင့်ဟထားပါတယ်။ ဖွေးဖွေးကို ချစ်တဲံ့ ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး ဖွေးဖွေးက ပိန်တာ ဝတာကို အကြောင်းပြုပြီး သူ့စိတ်ကူးထဲက ခံစားချက်ကို အခုလို ပြော ပြထား ပါတယ်။ ဝတာ ပိန်တာ ဆိုတဲ့ စကားအသုံးအနှုန်းတွေဟာ တကယ်တော့ နှုတ်ဆက် စကားမဟုတ်ဘူးဆိုတာကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။

“ဝလာတယ် ပိန်သွားတယ် တို့ ဆိုတာ နူတ်ဆက်တာမဟုတ်ပါဘူး။ အဲ့ဒါရိုင်းပါတယ် နော။ ဘိုလိုပဲ ပြန်ပြောကြည့်ပါ။ Hey you look fat , you look thin ။ စိတ်ကြည်လား မကြည်လားမသိ နေကောင်းလား မကောင်းလား မသိ shhhhhh…. #Show More Love #နေကောင်း လား #အဆင်ပြေရဲ့လား #ဘာတွေလုပ်နေလဲ#StopJudging” ဆိုပြီးတော့ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

ဖွေးဖွေးရေးထားတဲ့ ဒီ စာသားလေးနဲ့ ပတ်သက်ပြီး အားပေးထောက်ခံ ခဲ့ကြတဲ့ ပရိသတ်တွေ၊ အနုပညာရှင် မောင်နှမတွေကလည်း အများကြီးပါ။ သူဟာ မကြာခင်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ အဲ့ဒီဇာတ်ကားမှာ ဖွေးဖွေးအပြင် ထွန်းအိန္ဒြာဗိုနဲ့ အခြားသော အနုပညာရှင်တွေလည်း များစွာ ပါဝင်ထားကြပါသေးတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင် ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဖွေးဖွေးကိုတော့ ခပ်မိုက်မိုက်စတိုင်လ်တွေနဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရာကနေ ပရိသတ်တွေ စတင် သိရှိလာတာ ဖြစ်ပါ တယ်။ အဲ့ဒီနောက် ကြော်ငြာတွေ၊ Music MTV တွေ ကနေ တဆင့် ပရိသတ် ပို သတိထားမိလာစေပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း က လည်း ဆယ်စုနှစ်တစ်ခုကို ကျော်လာခဲ့ပါပြီ။

မှတ်ချက်-ဆယ်လီရပ်ကွက်စာမျက်နှာမှတဆင့်ကူးယူဖော်ပြထားပါသည်

ဖိုးသူတော် (www.phothutaw.com)
Credit: ဆယ်လီရပ်ကွက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top