ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံလိပ္ကြ်န္းတြင္ ျဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရသည့္ အမႈအတြက္ ေသဒဏ္ခ်မွတ္ခံထားရေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးျဖစ္သည့္ ဝင္းေဇာ္ထြန္းႏွင့္ေဇာ္လင္းတို႔၏အယူခံကုိ ယခုလပိုင္းအတြင္း အမိန္႔ခ်မွတ္ဖြယ္ရွိေနေၾကာင္း ဝင္းႏွင့္ေဇာ္အေရး ကူညီေဆာင္ရြက္ေပးေနသူဦးေအာင္မ်ိဳးသန့္က ဒီဇင္ဘာ ၃ရက္ကေျပာပါတယ္။

လက္ရွိတြင္ဝင္းႏွင့္ေဇာ္၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္ကာ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးကလည္း ၄င္းတို႔ႏွစ္ဦးကုိ သြားေရာက္ေတြ႔ဆုံရန္ စီစဥ္ေနေၾကာင္း ၄င္းကရွင္းျပသည္။

ဒီလပိုင္းအတြင္းမွာ ခ်မယ္ေျပာပါတယ္ခင္ဗ် ကြ်န္ေတာ္တို႔ဥပေဒအရ ၁၄ရက္ၾကိဳျပီး ကြ်န္ေတာ္တို႔ဆီအေၾကာင္းၾကားစာပို ့ပါတယ္။ ကြ်န္ေတာ္တို႔ခဏေစာင့္ေပးရမွာပါ။အဲဒီစာရတာနဲ႔ တရားခြင္မွာ သြားျပီးနားေထာင္ဖို ႔ပါ ဟု ဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။

မတ္လအတြင္းကပင္ ႏွစ္ဖက္ေလ်ွာက္လဲခ်က္ေပးခဲ႔ျပီး ေနာက္ထိုင္းႏိုင္ငံဥပေဒအရ ေျခာက္လခန္႔အၾကာတြင္ အမိန္႔ခ်မွတ္ေလ့ရွိသည္႔အတြက္ ယခုလပိုင္းအတြင္အမိန္႔ခ်မွတ္ရန္ ေမ်ွာ္လင့္ေနျခင္းျဖစ္ေၾကာင္းလည္း ဦးေအာင္မ်ိဳးသန္႔ကရွင္းျပသည္။

လက္ရွိအယူခံမွာ ထိုင္းနိုင္ငံ၏ အျမင့္ဆုံးတရားရံုးသို့ တင္ထားျပီး ယခုတရားရံုးကေသဒဏ္ကုိ ဆက္လက္အတည္ျပဳပါက ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ရန္နည္းလမ္းတစ္မ်ိဳးသာ ရွိေတာ့ေၿကာင္း သိရသည္။

ကုိဝင္းေဇာ္ထြန္းနဲ႔ကုိေဇာ္လင္းကုိ ေကာ့စမီတရားရံုးက ေသဒဏ္ခ်မွတ္ခဲ႔ျခင္းျဖစ္ျပီး အဆိုပါေသဒဏ္အတြက္ အယူခံတင္ျခင္းကုိ ပယ္ခ်ခံရျပီးေနာက္ ထိုင္းႏိုင္ငံ၏ အဆင့္ျမင့္ဆုံးတရားရံုးသုိ႔ အယူခံဆက္လက္တင္ခဲ႔ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျပည္ျမန္မာဂ်ာနယ္

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် အမှုအတွက် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို ယခုလပိုင်းအတွင်း အမိန့်ချမှတ်ဖွယ်ရှိနေကြောင်း ဝင်းနှင့်ဇော်အရေး ကူညီဆောင်ရွက်ပေးနေသူဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၃ရက်ကပြောပါတယ်။

လက်ရှိတွင်ဝင်းနှင့်ဇော်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ၎င်းတို့နှစ်ဦးကို သွားရောက်တွေ့ဆုံရန် စီစဉ်နေကြောင်း ၎င်းကရှင်းပြသည်။

ဒီလပိုင်းအတွင်းမှာ ချမယ်ပြောပါတယ်ခင်ဗျ ကျွန်တော်တို့ဥပဒေအရ ၁၄ရက်ကြိုပြီး ကျွန်တော်တို့ဆီအကြောင်းကြားစာပို့ပါတယ်။ ကျွန်တော်တို့ခဏစောင့်ပေးရမှာပါ။အဲဒီစာရတာနဲ့ တရားခွင်မှာ သွားပြီးနားထောင်ဖို့ပါ ဟု ဦးအောင်မျိုးသန့်က ပြောပါတယ်။

မတ်လအတွင်းကပင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး နောက်ထိုင်းနိုင်ငံဥပဒေအရ ခြောက်လခန့်အကြာတွင် အမိန့်ချမှတ်လေ့ရှိသည့်အတွက် ယခုလပိုင်းအတွင်အမိန့်ချမှတ်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်း ဦးအောင်မျိုးသန့်ကရှင်းပြသည်။

လက်ရှိအယူခံမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ တင်ထားပြီး ယခုတရားရုံးကသေဒဏ်ကို ဆက်လက်အတည်ပြုပါက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်နည်းလမ်းတစ်မျိုးသာ ရှိတော့ကြောင်း သိရသည်။

ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းကို ကော့စမီတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဒဏ်အတွက် အယူခံတင်ခြင်းကို ပယ်ချခံရပြီးနောက် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးတရားရုံးသို့ အယူခံဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပြည်မြန်မာဂျာနယ်

# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top