ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အမ်ိဳးသားမ်ားနဲ႔ အမ်ိဳးသမီးမ်ားရဲ႕ ခႏၶာကိုယ္ဖြဲ႔စည္းပံုေတြ၊ ႀကီးထြားဖြံ႔ၿဖိဳးမႈမ်ားေတြ မတူကြဲျပားၾကပါတယ္။ တခ်ိဳ႕ လကၡဏာရပ္ေတြက မိန္းကေလးေတြမွာသာ ေတြ႔ရတတ္တာေတြရွိၿပီး တခ်ိဳ႕ ထူးထူးျခားျခား လကၡဏာရပ္ေတြ ကိုလည္း ေယာက်္ားေလးေတြမွာသာ ေတြ႔ရတတ္တာေတြ ရွိပါတယ္။ ဒီေတာ့… အမ်ိဳးသားေတြရဲ႕ ခႏၶာကိုယ္ဖြဲ႔စည္း တည္ေဆာက္ပံုေတြထဲမွာမွ မိန္းကေလးေတြနဲဲ႔ လံုးဝကြဲထြက္ၿပီး ထူးထူးျခားျခား ေတြ႔ရတတ္တဲ့ လကၡဏာရပ္မ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

အေရာင္ခြဲျခားႏုိင္ေခ်အားနည္းတယ္

အမ်ိဳးသားမ်ားဟာ အမ်ိဳးသမီးေတြထက္ပိုၿပီး အေရာင္ခြဲျခားႏုိင္ေခ်စြမ္း အားနည္းတယ္လို႔ ေလ့လာဆန္းစစ္ခ်က္ေတြအရ သိရပါတယ္။ ေနာက္ၿပီး အေရာင္တစ္ေရာင္ခ်င္းစီတုိင္းရဲ႕ အဓိပၸါယ္ဖြင့္ဆိုမႈကလည္း အမ်ိဳးသမီးမ်ားနဲ႔ တူညီမေနပါဘူး။ အမ်ိဳးသမီးေတြေလာက္ အေရာင္ခြဲျခားႏုိင္စြမ္း အားနည္းတယ္ဆုိေပမယ့္ အမ်ိဳးသားမ်ားဟာ မ်က္စိလ်င္တယ္လို႔ ေျပာလုိ႔ရပါတယ္။ လ်င္ျမန္တဲ့ အရာဝတၳဳတစ္ခုကို ျဖတ္ခနဲလွမ္းျမင္တတ္ၿပီး အေဝးက အရာဝတၳဳေတြကိုလည္း အမ်ိဳးသမီးေတြထက္ ပိုၿပီး အာရံုစူးစုိက္ျမင္ႏုိင္စြမ္း ရွိတယ္လို႔ ဆိုပါတယ္။

အိုမင္းရင့္ေရာ္မႈေႏွာင့္ေႏွးျခင္း

ခ်စ္သူစံုတြဲ၊ လင္မယားေတြကို ၾကည့္လိုက္ရင္ မိန္းကေလးက ေယာက်္ားေလးထက္ အသက္ပိုႀကီးေနသလို ထင္ရပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္နဲ႔ အသက္ ၃၈ ႏွစ္အရြယ္ေယာက်္ားတစ္ေယာက္ရဲ႕ အိုမင္းရင့္ေရာ္မႈဟာ တူညီေနတယ္လို႔ ေလ့လာဆန္းစစ္ခ်က္ ေတြအရ သိရပါတယ္။ အမ်ိဳးသားေတြမွာ အိုမင္းရင့္ေရာ္မႈကို ဟန္႔တားေပးႏုိင္တဲ့ စူပါပါဝါရွိေနတယ္လို႔ေတာင္ ေျပာစမွတ္ျပဳၾကပါတယ္။ အမ်ိဳးသားမ်ားဟာ သူတုိ႔ရဲ႕ အသားအေရကို အထူးတလည္ထိန္းသိမ္းေစာင့္ေရွာက္တာမ်ိဳး မရွိေပမယ့္ မိန္းကေလးေတြလို မိတ္ကပ္လိမ္းတာမ်ိဳး၊ အလွကုန္ပစၥည္းေတြ သံုးစြဲတာမ်ိဳး မရွိတဲ့အတြက္ အသားအေရပ်က္စီးမႈသိပ္မရွိတဲ့အတြက္ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ဟန္႔တားႏုိင္တာပါ။

Cellulite အဆီေလ်ာ့နည္းျခင္း

Cellulite အဆီဆိုတာက ေပါင္၊ တင္ပါး စတဲ့ေနရာေတြမွာ ေတြ႔ရတတ္တဲ့ အဆီအစိုင္အခဲႀကီးပါ။ အမ်ိဳးသမီးအမ်ားစုမွာ ေတြ႔ရေလ့ရွိတဲ့ Cellulite အဆီေတြက က်န္းမာေရးကို ေထြေထြထူးထူး ထိခိုက္တာမိ်ဳးေတာ့ မရွိေပမယ့္ အလွပ်က္ေစတဲ့အရာပါ။ ဒါေပမယ့္ ေလ့လာဆန္းစစ္ခ်က္ေတြအရ ေယာက်္ားေလးေတြမွာ Cellulite အဆီသိပ္မရွိၾကပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားမ်ားရဲ႕ ခႏၶာကိုယ္ဖြဲ႔စည္းတည္ေဆာက္ပံု၊ အရိုးၾကြက္သားဖြဲ႔စည္းမႈေၾကာင့္ Cellulite အဆီေတြ ႀကီးထြားဖြံ႔ၿဖိဳးျခင္း မရွိေတာ့တဲ့အတြက္ေၾကာင့္ပါ။

ဦးေႏွာက္ပိုႀကီးတယ္

အမ်ိဳးသားမ်ားရဲ႕ဦးေႏွာက္ဟာ အမ်ိဳးသမီးေတြထက္ ပိုႀကီးတယ္လို႔လည္း ေဆးပညာရွင္မ်ားရဲ႕ ေလ့လာေဖာ္ထုတ္ခ်က္အရ သိရပါတယ္။ ဦးေႏွာက္ႀကီးျခင္း၊ ေသးျခင္းက စာပိုေတာ္တာ၊ ဉာဏ္ပိုေကာင္းတာနဲ႔လည္း မဆုိင္ပါဘူး။ ဒါေပမယ့္ မိန္းကေလးေတြရဲ႕ ဦးေႏွာက္ထက္ႀကီးတဲ့ ဦးေႏွာက္အႀကီးႀကီးကို ပိုင္ဆိုင္ထားတဲ့ ေယာက်္ားေတြဟာ မွတ္ဉာဏ္အားပိုေကာင္းၿပီး အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏုိင္ေခ် ေလ်ာ့နည္းသြားတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့ပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသားများနဲ့ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ၊ ကြီးထွားဖွံ့ဖြိုးမှုများတွေ မတူကွဲပြားကြပါတယ်။ တချို့ လက္ခဏာရပ်တွေက မိန်းကလေးတွေမှာသာ တွေ့ရတတ်တာတွေရှိပြီး တချို့ ထူးထူးခြားခြား လက္ခဏာရပ်တွေ ကိုလည်း ယောကျ်ားလေးတွေမှာသာ တွေ့ရတတ်တာတွေ ရှိပါတယ်။ ဒီတော့… အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွေထဲမှာမှ မိန်းကလေးတွေနဲ့ လုံးဝကွဲထွက်ပြီး ထူးထူးခြားခြား တွေ့ရတတ်တဲ့ လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ပါတယ်။

အရောင်ခွဲခြားနိုင်ချေအားနည်းတယ်

အမျိုးသားများဟာ အမျိုးသမီးတွေထက်ပိုပြီး အရောင်ခွဲခြားနိုင်ချေစွမ်း အားနည်းတယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။ နောက်ပြီး အရောင်တစ်ရောင်ချင်းစီတိုင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကလည်း အမျိုးသမီးများနဲ့ တူညီမနေပါဘူး။ အမျိုးသမီးတွေလောက် အရောင်ခွဲခြားနိုင်စွမ်း အားနည်းတယ်ဆိုပေမယ့် အမျိုးသားများဟာ မျက်စိလျင်တယ်လို့ ပြောလို့ရပါတယ်။ လျင်မြန်တဲ့ အရာဝတ္ထုတစ်ခုကို ဖြတ်ခနဲလှမ်းမြင်တတ်ပြီး အဝေးက အရာဝတ္ထုတွေကိုလည်း အမျိုးသမီးတွေထက် ပိုပြီး အာရုံစူးစိုက်မြင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အိုမင်းရင့်ရော်မှုနှောင့်နှေးခြင်း

ချစ်သူစုံတွဲ၊ လင်မယားတွေကို ကြည့်လိုက်ရင် မိန်းကလေးက ယောကျ်ားလေးထက် အသက်ပိုကြီးနေသလို ထင်ရပါတယ်။ အသက် ၃၅ နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့ အသက် ၃၈ နှစ်အရွယ်ယောကျ်ားတစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုဟာ တူညီနေတယ်လို့ လေ့လာဆန်းစစ်ချက် တွေအရ သိရပါတယ်။ အမျိုးသားတွေမှာ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တဲ့ စူပါပါဝါရှိနေတယ်လို့တောင် ပြောစမှတ်ပြုကြပါတယ်။ အမျိုးသားများဟာ သူတို့ရဲ့ အသားအရေကို အထူးတလည်ထိန်းသိမ်းစောင့်ရှောက်တာမျိုး မရှိပေမယ့် မိန်းကလေးတွေလို မိတ်ကပ်လိမ်းတာမျိုး၊ အလှကုန်ပစ္စည်းတွေ သုံးစွဲတာမျိုး မရှိတဲ့အတွက် အသားအရေပျက်စီးမှုသိပ်မရှိတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်တာပါ။

Cellulite အဆီလျော့နည်းခြင်း

Cellulite အဆီဆိုတာက ပေါင်၊ တင်ပါး စတဲ့နေရာတွေမှာ တွေ့ရတတ်တဲ့ အဆီအစိုင်အခဲကြီးပါ။ အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိတဲ့ Cellulite အဆီတွေက ကျန်းမာရေးကို ထွေထွေထူးထူး ထိခိုက်တာမျိုးတော့ မရှိပေမယ့် အလှပျက်စေတဲ့အရာပါ။ ဒါပေမယ့် လေ့လာဆန်းစစ်ချက်တွေအရ ယောကျ်ားလေးတွေမှာ Cellulite အဆီသိပ်မရှိကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားများရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ အရိုးကြွက်သားဖွဲ့စည်းမှုကြောင့် Cellulite အဆီတွေ ကြီးထွားဖွံ့ဖြိုးခြင်း မရှိတော့တဲ့အတွက်ကြောင့်ပါ။

ဦးနှောက်ပိုကြီးတယ်

အမျိုးသားများရဲ့ဦးနှောက်ဟာ အမျိုးသမီးတွေထက် ပိုကြီးတယ်လို့လည်း ဆေးပညာရှင်များရဲ့ လေ့လာဖော်ထုတ်ချက်အရ သိရပါတယ်။ ဦးနှောက်ကြီးခြင်း၊ သေးခြင်းက စာပိုတော်တာ၊ ဉာဏ်ပိုကောင်းတာနဲ့လည်း မဆိုင်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေရဲ့ ဦးနှောက်ထက်ကြီးတဲ့ ဦးနှောက်အကြီးကြီးကို ပိုင်ဆိုင်ထားတဲ့ ယောကျ်ားတွေဟာ မှတ်ဉာဏ်အားပိုကောင်းပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေ လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ပလပ်ဖောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top