(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×



















Credit: နန်း အိ
# Unicode Version ဖြင့် ဖတ်ပါ #
ကိုယ့် သူငယ်ချင်းတွေထဲ ခေးမေမေတွေများလို့ မနေ့က သားရှိန်းလေး ဖြစ်သွားတဲ့ အဖြစ်လေး ပြောပြပီး သတိပေးချင်လို့ပါ

အကယ်၍ သံဓာတ်အားဆေးနေရာမှာ အကိုက်ခဲပျောက်ဆေးတခုခုသာ ဖြစ်နေခဲ့ရင် တကယ်မတွေးဝံ့စရာပါ

ဆေးဘူးတွေ ကို ခလေးတွေ နဲ့ ဝေးနိုင်သမျှ ဝေးဝေးထားကြပါ

မနေ့က ကိုယ်က ဟင်းချက်နေတုန်း သူက ထိုင်ခုံကိုဆွဲယူပီး ရေခဲသေတ္တာပေါ်က ဆေးဘူးကို လှမ်းဆွဲတာကိုယ်က မြင်တော့ ဆေးဘူးက အဖုံးပွင့်ပီး အောက်ပြုတ်ကျ ပြန့်ကျဲနေရော

“သွားသွား သား အပြင်ထွက် ဒီနားမလာနဲ့ ဒါ စားစရာတွေ မဟုတ်ဘူး “
စိတ်တိုတိုနဲ့ အော်ထုတ်လိုက်မိတယ်

ဖြစ်ချင်တော့ အဖုံးပွင့်ပီး ကျသွားတဲ့ဆေးတွေက သူ့အိတ်ကပ်လေးထဲ မှာ ဝင်နေတာ မသိလိုက်မိဘူး

အ့နဲ့ သူက အပြင်မှာ ငြိမ်ငြိမ်လေးသွားနေနေတာကိုယ်က ဆေးတွေ ကျန်မှာစိုးလို့ သေချာလိုက်ကောက်နေတာပေါ့

ခနနေ သူကို သွားကြည့်တော့ ဆေးတွေ ဝါးစားနေတာများဆို အကုန်ထွေးထုတ်ခိုင်း ပလုတ်ကျင်းခိုင်း လုပ်လိုက်တာပဲ

ခဏနေကြ ထမင်းစားပီး အိပ်ရောအိပ်ရာက နိုးတော့ တအီအီနဲ့ ငိုပီ

ပြီးတော့ အန်တယ် စားထားသမျှ အကုန်ပဲနောက်တခေါက် ထပ်အန်တယ်

ခလေးက တော်တော်နုံးနေပီဆေးခန်းပြေးဖို့ ပြင်တုန်း ထပ်အန်တယ်

လူလည်းတော်တော် ထူပူနေပီအနီးဆုံး မြနန္ဒာဆေးရုံပြေးဆေးရုံက ကုတင်၅၅၀ ကိုလွှတ်တယ်

ဆေးရုံကဝေးလို့ ပြနေကြ ခလေးဆရာဝန်ဆီ အရင်ဝင်ပြမယ်ဆိုပြီး ဆေးခန်းရောက်
အဲ့မှာတင် အအန်ပျောက်ဆေးပေးတယ် နောက်တနာရီခွဲအထိ အစာ ရေ ဖြတ်ထားခိုင်းတယ်

အဆိုးထဲက အကောင်းက အန္တရာယ်ဖြစ်စေတဲ့ ဆေးမျိုးမဟုတ်တာပဲ အစာအိမ်တော့ နဲနဲ နာသွားတာပေါ့တဲ့

ည ၇နာရီခွဲထိ စောင့်ကြည့်ရတယ် ခလေးလည်း တော်တော်ငြိမ်ကျသွားတာပဲ

အခုတော့ အစာပျော့ပျော့နဲနဲခြင်းစီ ကျွေးရတယ်နေလည်းကောင်းနေပါပြီ

ဒါကြောင့် ခလေးမေမေတွေ ဂရုစိုက်ကြပါနော်တွေ့ကရာ ပါးစပ်ထဲ လျှောက်ထည့်တတ်လွန်းလို့

ပင်ပန်းပေမယ့်လည်း မျက်စိအောက်က အပျောက်မခံဂရုစိုက်ကြပါလို့

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း အိ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top