(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆံပင္ကၽြတ္တာဟာ လူတိုင္းနီးပါးႀကံဳေတြ႔ေနရတတ္ပါတယ္။ ဒါေပမယ့္ ဘာ့ေၾကာင့္ ဆံပင္ကၽြတ္တာလဲဆိုတာသိမွ ဘယ္လိုကာကြယ္ရမလဲဆိုတာကိုသိမွာျဖစ္ပါတယ္။ ဘာေၾကာင့္ဆိုတဲ့အေျဖမရွာဘဲ ဆံပင္မကၽြတ္တဲ့ ေခါင္းေလွ်ာ္ရည္ေတြ ေပါင္းေဆးေတြ ဘယ္ေလာက္သံုးသံုး အခ်ည္းအႏွီးပါပဲ။

ဆံပင္ကို ပံုစံအမ်ိဳးမ်ိဳးလုပ္ျခင္း

ဆံပင္ပံုစံကို အမ်ိဳးမ်ိဳးလုပ္ ပံုသြင္းတာဟာ ဆံပင္ကၽြတ္ေစပါတယ္။ ဒါတင္မကေသးပါဘူး။ ဆံျဖားႏွစ္ခြျဖစ္တာ ဆံပင္ၾကမ္းတာေတြလည္း ျဖစ္ေစပါတယ္။

ဆံပင္ပံုစံ တစ္မ်ိဳးတည္းကိုပဲ စြဲစြဲျမဲၿမဲလုပ္ျခင္း

ဆံပင္စည္းမယ္ဆို အၿမဲတမ္း စည္းပဲစည္းတာ၊ က်စ္ဆံၿမီးဆိုလည္း အၿမဲတမ္းက်စ္တာေတြကလည္း ဆံပင္ကၽြတ္ေစပါတယ္။

ေဟာ္မုန္းေၾကာင့္

ေဟာ္မုန္းမညီမွ်တာကလည္း ဆံပင္ကၽြတ္ေစပါတယ္။ ဒါ့ေၾကာင့္လည္း ေဟာ္မုန္းညီေစတဲ့ ေဟာ္မုန္းမွ်တေစတဲ့ အစားအစာေတြ စားေပးသင့္ပါတယ္။

ကိုယ္၀န္တားေဆးေတြ

ကိုယ္၀န္တားေဆးေတြ စားေနတဲ့အမ်ိဳးသမီးေတြမွာလည္း ဆံပင္ကၽြတ္တာမ်ိဳးျဖစ္ေစပါတယ္။

စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈမ်ားတာဟာ က်န္းမာေရးကို ထိခိုက္ေစရံုသာမက ဆံပင္လည္း ကၽြတ္ေစပါတယ္။ စိတ္ဖိစီးမႈေလွ်ာ့က်ေစတဲ့ အစားအစာေတြ မ်ားမ်ားစားေပးပါ။ အိပ္ခ်ိန္ပံုမွန္အိပ္ပါ။

အဟာရဓါတ္ခ်ိဳ႕တဲ့ျခင္း

အစာေရွာင္လြန္းတာ၊ အစားသိပ္မစားတာေတြ၊ အဟာရဓါတ္ညီညႊတ္မွ်တေအာင္မစားတာေတြက ဆံပင္ကၽြတ္ေစပါတယ္။

ေခါင္းေလွ်ာ္ရည္အလံုအေလာက္န႔ဲမေလွ်ာ္ျခင္း

ေခါင္းေလွ်ာ္ရည္ေလွ်ာ့ၿပီးသံုးတာ၊ ေခါင္းေလွ်ာ္ရင္ေခါင္းေလွ်ာ္ရည္သိပ္မသံုးတာေတြကလည္း ဆံပင္ကၽြတ္ဖို႔ ပိုအားေပးပါတယ္။ ဒါေပမယ့္လည္း ေခါင္းေလွ်ာ္ရည္အလြန္အကၽြံသံုးမယ္ဆိုလည္း ဆံပင္ကၽြတ္ႏိုင္ပါတယ္။

ဦးေရျပားအေျခအေနေၾကာင့္

တစ္ခ်ိဳ႕ဦးေရျပားက အဆီျပန္တာ ေျခာက္ေသြ႔တာမ်ိဳးရွိပါတယ္။ ကိုယ့္ရဲ့ဦးေရျပားအေျခအေနေပၚလိုက္ၿပီး ေခါင္းေလွ်ာ္ရည္ကို ေျပာင္းသံုးသင့္ပါတယ္။

ရာသီဥတုအေျပာင္းအလဲေၾကာင့္

ရာသီဥတုအေျပာင္းအလဲျဖစ္တာကလည္း ဆံပင္ကၽြတ္ေစပါတယ္။

ဆံပင္ကၽြတ္ရင္ဘယ္လိုလုပ္မလဲ

Stylist ေတြကေတာ့ ဆံပင္အရမ္းကၽြတ္တာ ဆံပင္တိုတိုညွပ္ဖို႔အႀကံျပဳၾကပါတယ္။ ဆံပင္တိုတာဟာ ဆံပင္ရွည္တာထက္ ဆံပင္ကႊတ္ႏိုင္ေခ်ပိုနည္းပါတယ္။ ဆံပင္ျပဳျပင္ထိန္းသိမ္းနည္းေတြနဲ႔ ထိမ္းသိမ္းပါ။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Mystyle

#Unicode Version#
 ဆံပင်ကျွတ်တာဟာ လူတိုင်းနီးပါးကြုံတွေ့နေရတတ်ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဆံပင်ကျွတ်တာလဲဆိုတာသိမှ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုသိမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုတဲ့အဖြေမရှာဘဲ ဆံပင်မကျွတ်တဲ့ ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေ ဘယ်လောက်သုံးသုံး အချည်းအနှီးပါပဲ။

ဆံပင်ကို ပုံစံအမျိုးမျိုးလုပ်ခြင်း

ဆံပင်ပုံစံကို အမျိုးမျိုးလုပ် ပုံသွင်းတာဟာ ဆံပင်ကျွတ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဆံဖြားနှစ်ခွဖြစ်တာ ဆံပင်ကြမ်းတာတွေလည်း ဖြစ်စေပါတယ်။

ဆံပင်ပုံစံ တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်ခြင်း

ဆံပင်စည်းမယ်ဆို အမြဲတမ်း စည်းပဲစည်းတာ၊ ကျစ်ဆံမြီးဆိုလည်း အမြဲတမ်းကျစ်တာတွေကလည်း ဆံပင်ကျွတ်စေပါတယ်။

ဟော်မုန်းကြောင့်

ဟော်မုန်းမညီမျှတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့်လည်း ဟော်မုန်းညီစေတဲ့ ဟော်မုန်းမျှတစေတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

ကိုယ်ဝန်တားဆေးတွေ

ကိုယ်ဝန်တားဆေးတွေ စားနေတဲ့အမျိုးသမီးတွေမှာလည်း ဆံပင်ကျွတ်တာမျိုးဖြစ်စေပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတာဟာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ဆံပင်လည်း ကျွတ်စေပါတယ်။ စိတ်ဖိစီးမှုလျှော့ကျစေတဲ့ အစားအစာတွေ များများစားပေးပါ။ အိပ်ချိန်ပုံမှန်အိပ်ပါ။

အဟာရဓါတ်ချို့တဲ့ခြင်း

အစာရှောင်လွန်းတာ၊ အစားသိပ်မစားတာတွေ၊ အဟာရဓါတ်ညီညွှတ်မျှတအောင်မစားတာတွေက ဆံပင်ကျွတ်စေပါတယ်။

ခေါင်းလျှော်ရည်အလုံအလောက်နဲ့မလျှော်ခြင်း

ခေါင်းလျှော်ရည်လျှော့ပြီးသုံးတာ၊ ခေါင်းလျှော်ရင်ခေါင်းလျှော်ရည်သိပ်မသုံးတာတွေကလည်း ဆံပင်ကျွတ်ဖို့ ပိုအားပေးပါတယ်။ ဒါပေမယ့်လည်း ခေါင်းလျှော်ရည်အလွန်အကျွံသုံးမယ်ဆိုလည်း ဆံပင်ကျွတ်နိုင်ပါတယ်။

ဦးရေပြားအခြေအနေကြောင့်

တစ်ချို့ဦးရေပြားက အဆီပြန်တာ ခြောက်သွေ့တာမျိုးရှိပါတယ်။ ကိုယ့်ရဲ့ဦးရေပြားအခြေအနေပေါ်လိုက်ပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးသင့်ပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့်

ရာသီဥတုအပြောင်းအလဲဖြစ်တာကလည်း ဆံပင်ကျွတ်စေပါတယ်။

ဆံပင်ကျွတ်ရင်ဘယ်လိုလုပ်မလဲ

Stylist တွေကတော့ ဆံပင်အရမ်းကျွတ်တာ ဆံပင်တိုတိုညှပ်ဖို့အကြံပြုကြပါတယ်။ ဆံပင်တိုတာဟာ ဆံပင်ရှည်တာထက် ဆံပင်ကွှတ်နိုင်ချေပိုနည်းပါတယ်။ ဆံပင်ပြုပြင်ထိန်းသိမ်းနည်းတွေနဲ့ ထိမ်းသိမ်းပါ။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top