(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ဘနားနားဆိုၿပီးလွ်မ္းလွ်မ္းေတာက္နာမည္ႀကီးလာတဲ့ ၿခိမ့္ေကကို ကို ေမြးဖြားေပးလိုက္တဲ့ ဂီတ ဖခင္ႀကီး ျမန္မာျပည္သိန္းတန္ ဟာဆိုရင္ Facebook မသုံးတာေၾကာင့္ ၿခိမ့္ေကကိုနဲ႔ သူနဲ႔ ကိုဘယ္လိုေတြ Troll ေနၾကတယ္ဆိုတာ သိဟန္မတူပါဘူး။ဒါေပမယ့္ ၿခိမ့္ေကကိုရဲ႕သီခ်င္းေတြကိုနားေထာင္ရတဲ့အခါမွာေတာ့ သေဘာက်တယ္လို႔ဆိုပါတယ္။ ျမန္မာျပည္သိန္းတန္က ၿခိမ့္ေကကိုအေပၚအျမင္ကို မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဇနီးျဖစ္သူ ေဒါက္တာ ႏုနႏၵာသန္းနဲ႔အတူ ေျဖၾကားေပးသြားပါတယ္။

ဦးသိန္းတန္က ၿခိမ့္ေကကိုေအာင္ျမင္လာတဲ့အတြက္ဝမ္းသာေၾကာင္း “ဝမ္းသာပါတယ္။ သူ႔အတြက္လည္းေပ်ာ္႐ႊင္တယ္ ဂုဏ္ယူတယ္။ သူ႔ရဲ႕ထူးခြၽန္မႈ Talent ေလးက တစ္မ်ိဳးတစ္ဖုံေလး တစ္က႑ေလးသြားတာကိုး။ဒီအေပၚမွာ သူက လိုက္ေလ်ာညီေထြေလး အံဝင္ခြင္က်ေလးေလွ်ာက္လွမ္းျဖစ္တယ္။အဲဒီအတြက္သူက Cele ေလးလိုျဖစ္သြားၿပီးေတာ့မွ အားလုံးရဲ႕ေမတၱာရသြားၿပီးေတာ့မွ အဆင္ေလးေျပေနတယ္ဆိုေတာ့ သူ႔ေနရာနဲ႔သူအံဝင္ခြင္က်ေလးေတြရွိပါတယ္။ ေကာင္းတယ္ဝမ္းသာတယ္”လို႔ ေျပာထားပါတယ္။

ၿခိမ့္ေကကိုရဲ႕သီခ်င္းေတြကိုႀကိဳက္တဲ့အေၾကာင္းနဲ႔ ၿခိမ့္ေကကိုကို အႀကံေပးခ်င္တာေတြကိုလည္း “ၿခိမ့္ေကကိုရဲ႕သီခ်င္းေလးေတြက နားေထာင္လို႔ေကာင္းသားပဲ သာယာသားပဲ။ေအးေပါ့ကြယ္ သီခ်င္းဆိုတယ္ဆိုတာကေတာ့ အန္ကယ္တို႔က ပီပီသသပိုင္ပိုင္ႏိုင္ႏိုင္ေျပာျပႏိုင္ေလ ပရိသတ္ကအားေပးေလပဲေပါ့။ဒါေၾကာင့္ေရးဖြဲ႕ထားတဲ့အေၾကာင္းအရာအတိုင္းစိတ္ထဲမွာ အာ႐ုံဝင္ၿပီးေတာ့မွ ခံစားၿပီးေတာ့မွဆိုၾကတာ။ အဲဒါဆိုလို႔ရွိရင္အက်ိဳးရွိတာခ်ည္းပဲ။ ဆိုျဖစ္႐ုံဆိုတာမ်ိဳးေတာ့ မေကာင္းဘူးေပါ့”လို႔ေျပာထားပါတယ္။

ၿခိမ့္ေကကိုကို ျမန္မာျပည္သိန္းတန္က ငွက္ေပ်ာသီးေကြၽးလိုက္တာမွားတာဆိုၿပီး Troll ေနၾကတဲ့အေပၚေဒါက္တာ ႏုနႏၵာသန္းက “သူက မဖတ္ေတာ့သူမသိဘူး။ အန္တီကေတာ့ ဒုကၡပါပဲ။ ဘာလို႔အဲ့လိုႀကီးေရးတာလဲေပ့ါ။အဲ့လိုျမင္တာေပ့ါေနာ္။ သူ႔မွာလည္းသူ႔ဟာနဲ႔သူေလး ရွိလို႔ အန္ကယ္ေကြၽးတာနဲ႔တိုက္ဆိုင္သြားၿပီးေတာ့ ျဖစ္တာေလ။ စန္းဆိုတာ မျမင္ႏိုင္တဲ့အရာ ဘယ္ေန႔မွာဘာျဖစ္လာမယ္ဆိုတာ မသိဘူး။ အဲဒါကို ဒီလိုမွန္းသိမေကြၽးခဲ့ပါဘူးဆိုတာမ်ိဳး အန္ကယ္ဘယ္ေတာ့မွမျဖစ္ဘူး။ အန္တီလည္းမျဖစ္ဘူး။ ေကြၽးခဲ့မိတာကိုေတာင္ သူ႔အတြက္အဲ့လိုေလးျဖစ္သြားတယ္ဆိုၿပီး ဝမ္းသာတယ္ေပါ့ေနာ္” လို႔ ေျပာထားပါတယ္။

ဦးသိန္းတန္က သီခ်င္းအသစ္ေတြလည္းဖန္တီးျဖစ္ေၾကာင္း “ဖန္တီးျဖစ္တယ္ကြဲ႕။အသစ္ေတြဆိုတာကေလ အန္ကယ္က ႐ုတ္တရက္ တစ္ရက္အတြင္းေရးတာတို႔ ပြဲမတိုင္ခင္အနီးကပ္ေရးတာတို႔ အဲဒါမ်ိဳးလုပ္ျဖစ္တယ္ေပါ့ေနာ္၊သဘာဝသီခ်င္းေလးေတြလည္းအိမ္မွာေနရင္းနဲ႔ ေရးစပ္ေနပါတယ္။ အသစ္ေလးေတြေပါ့ေနာ္။ တရားဓမၼသီခ်င္းေလးေတြလည္းေရးစပ္ေနပါတယ္”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ႀကီးေရာ ဘနားနားနဲ႔ဦးသိန္းတန္ကိုခ်စ္ၾကလား။ ဦးသိန္းတန္နဲ႔ ဘနားနားကိုသီခ်င္းတစ္ပုဒ္ေလာက္အတူတူဆိုေစခ်င္ၾကလား။ အတူတြဲၿပီးသီခ်င္းေတြဘာေတြထြက္လာရင္ေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin


#Unicode Version#

ဘနားနားဆိုပြီးလျှမ်းလျှမ်းတောက်နာမည်ကြီးလာတဲ့ ခြိမ့်ကေကို ကို မွေးဖွားပေးလိုက်တဲ့ ဂီတ ဖခင်ကြီး မြန်မာပြည်သိန်းတန် ဟာဆိုရင် Facebook မသုံးတာကြောင့် ခြိမ့်ကေကိုနဲ့ သူနဲ့ ကိုဘယ်လိုတွေ Troll နေကြတယ်ဆိုတာ သိဟန်မတူပါဘူး။ဒါပေမယ့် ခြိမ့်ကေကိုရဲ့သီချင်းတွေကိုနားထောင်ရတဲ့အခါမှာတော့ သဘောကျတယ်လို့ဆိုပါတယ်။ မြန်မာပြည်သိန်းတန်က ခြိမ့်ကေကိုအပေါ်အမြင်ကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းနဲ့အတူ ဖြေကြားပေးသွားပါတယ်။

ဦးသိန်းတန်က ခြိမ့်ကေကိုအောင်မြင်လာတဲ့အတွက်ဝမ်းသာကြောင်း “ဝမ်းသာပါတယ်။ သူ့အတွက်လည်းပျော်ရွှင်တယ် ဂုဏ်ယူတယ်။ သူ့ရဲ့ထူးချွန်မှု Talent လေးက တစ်မျိုးတစ်ဖုံလေး တစ်ကဏ္ဍလေးသွားတာကိုး။ဒီအပေါ်မှာ သူက လိုက်လျောညီထွေလေး အံဝင်ခွင်ကျလေးလျှောက်လှမ်းဖြစ်တယ်။အဲဒီအတွက်သူက Cele လေးလိုဖြစ်သွားပြီးတော့မှ အားလုံးရဲ့မေတ္တာရသွားပြီးတော့မှ အဆင်လေးပြေနေတယ်ဆိုတော့ သူ့နေရာနဲ့သူအံဝင်ခွင်ကျလေးတွေရှိပါတယ်။ ကောင်းတယ်ဝမ်းသာတယ်”လို့ ပြောထားပါတယ်။

ခြိမ့်ကေကိုရဲ့သီချင်းတွေကိုကြိုက်တဲ့အကြောင်းနဲ့ ခြိမ့်ကေကိုကို အကြံပေးချင်တာတွေကိုလည်း “ခြိမ့်ကေကိုရဲ့သီချင်းလေးတွေက နားထောင်လို့ကောင်းသားပဲ သာယာသားပဲ။အေးပေါ့ကွယ် သီချင်းဆိုတယ်ဆိုတာကတော့ အန်ကယ်တို့က ပီပီသသပိုင်ပိုင်နိုင်နိုင်ပြောပြနိုင်လေ ပရိသတ်ကအားပေးလေပဲပေါ့။ဒါကြောင့်ရေးဖွဲ့ထားတဲ့အကြောင်းအရာအတိုင်းစိတ်ထဲမှာ အာရုံဝင်ပြီးတော့မှ ခံစားပြီးတော့မှဆိုကြတာ။ အဲဒါဆိုလို့ရှိရင်အကျိုးရှိတာချည်းပဲ။ ဆိုဖြစ်ရုံဆိုတာမျိုးတော့ မကောင်းဘူးပေါ့”လို့ပြောထားပါတယ်။

ခြိမ့်ကေကိုကို မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးလိုက်တာမှားတာဆိုပြီး Troll နေကြတဲ့အပေါ်ဒေါက်တာ နုနန္ဒာသန်းက “သူက မဖတ်တော့သူမသိဘူး။ အန်တီကတော့ ဒုက္ခပါပဲ။ ဘာလို့အဲ့လိုကြီးရေးတာလဲပေ့ါ။အဲ့လိုမြင်တာပေ့ါနော်။ သူ့မှာလည်းသူ့ဟာနဲ့သူလေး ရှိလို့ အန်ကယ်ကျွေးတာနဲ့တိုက်ဆိုင်သွားပြီးတော့ ဖြစ်တာလေ။ စန်းဆိုတာ မမြင်နိုင်တဲ့အရာ ဘယ်နေ့မှာဘာဖြစ်လာမယ်ဆိုတာ မသိဘူး။ အဲဒါကို ဒီလိုမှန်းသိမကျွေးခဲ့ပါဘူးဆိုတာမျိုး အန်ကယ်ဘယ်တော့မှမဖြစ်ဘူး။ အန်တီလည်းမဖြစ်ဘူး။ ကျွေးခဲ့မိတာကိုတောင် သူ့အတွက်အဲ့လိုလေးဖြစ်သွားတယ်ဆိုပြီး ဝမ်းသာတယ်ပေါ့နော်” လို့ ပြောထားပါတယ်။

ဦးသိန်းတန်က သီချင်းအသစ်တွေလည်းဖန်တီးဖြစ်ကြောင်း “ဖန်တီးဖြစ်တယ်ကွဲ့။အသစ်တွေဆိုတာကလေ အန်ကယ်က ရုတ်တရက် တစ်ရက်အတွင်းရေးတာတို့ ပွဲမတိုင်ခင်အနီးကပ်ရေးတာတို့ အဲဒါမျိုးလုပ်ဖြစ်တယ်ပေါ့နော်၊သဘာဝသီချင်းလေးတွေလည်းအိမ်မှာနေရင်းနဲ့ ရေးစပ်နေပါတယ်။ အသစ်လေးတွေပေါ့နော်။ တရားဓမ္မသီချင်းလေးတွေလည်းရေးစပ်နေပါတယ်”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော ဘနားနားနဲ့ဦးသိန်းတန်ကိုချစ်ကြလား။ ဦးသိန်းတန်နဲ့ ဘနားနားကိုသီချင်းတစ်ပုဒ်လောက်အတူတူဆိုစေချင်ကြလား။ အတူတွဲပြီးသီချင်းတွေဘာတွေထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top