ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


အထူးသျဖင့္ဆံပင္ရွည္မမေတြဆုိရင္ ကုိယ့္ဆံပင္မွာမေတာ္တဆပီေကေတြကပ္သြားတဲ႔အခါ ညွပ္ပဲပစ္လုိက္ရမလုိ၊ဘယ္လိုလုပ္ရမလဲ အာရံုေထြျပားကာ စိတ္ေတြညစ္သြားတတ္ပါတယ္။ဆံပင္အတုိဆုိပုိဆုိး။ကုိယ္က ပီေကကုိဘယ္လုိဖယ္ရမလဲမသိတဲ႔အခါ ရွိတဲ႔ဆံပင္ေလးေတြညွပ္ပစ္ရတတ္တယ္။ဒီလုိ စိတ္ညစ္စရာပီေကကပ္တဲ႔ကိစၥကုိ ေျဖရွင္းလုိ႔ရတဲ႔ နည္းလမ္းေလးေတြရွိေနပါျပီ။ပီေကေတြေၾကာင့္ ကုိယ့္ဆံပင္ေလးမညွပ္ပစ္ခ်င္ဘူးဆုိရင္ ဘယ္လိုနည္းေလးေတြလဲဆုိတာ သိထားသင့္တယ္ေနာ္


ေျမပဲေထာပတ္


ေျမပဲေထာပတ္အနညး္ငယ္ကုိ လက္ေခ်ာင္းေလးေတြနဲ႔ယူျပီး ပီေကကပ္တဲ႔ဆံပင္ေနရာကုိ ဂ်ယ္လိမ္းသလိုပဲ လိမ္းလုိက္ပါ။လက္နဲ႔မလိမ္းခ်င္ဘူးဆုိရင္သြားတုိက္တံကုိသံုးေပးႏုိင္ပါတယ္။ျပီးရင္ေတာ့ ဘီးနဲ႔ျဖစ္ေစ လက္နဲ႔ျဖစ္ေစ ကပ္ေနတဲ့ပီေကေတြကုိ ျဖည္းျဖည္းခ်င္းဖယ္လိုက္လို႔ရပါျပီ။

သံလြင္ဆီ၊အုန္းဆီ


သံလြင္ဆီ၊အုန္းဆီ စတဲ႔ဆီတစ္မ်ိဳးမ်ိဳးနဲ႔လည္းပီေကကုိဖယ္လုိ႔ရပါတယ္။ပီေကကပ္တဲ႔ေနရာကုိ ဆီအနည္းငယ္သုတ္လိမ္းျပီး ကပ္ေစးေနတာေလ်ာ့သြားတဲ႔အခိ်န္ထိ ထားထားပါ။အခ်ိန္အတိုင္းအတာတစ္ခုေရာက္တဲ႔အခါ ပီေကကုိ ေခါင္းဘီးနဲ႔ျဖည္းျဖည္းခ်င္း ဖယ္လုိက္လုိ႔ရပါျပီ။

ေရခဲ

ေရခဲကလည္း ပီေကကပ္တာအတြက္အသံုး၀င္ေနျပန္ပါတယ္။အျပင္သြားေနတုန္း ဆံပင္မွာပီေကကပ္သြားတဲ႔အခါ ေရခဲတံုးေလးေျပး၀ယ္ျပီးပီေကကပ္ေနတဲ႔ေနရာမွာ မိနစ္ ၂၀ေလာက္ကပ္ထားေပးပါ။ပီေကကုိ ခဲသြားေစျပီးအလြယ္တကူခြာလို႔ရေစပါတယ္။ခြာေနတုန္း ျပန္ကပ္ေစလာတဲ႔အခါ
ေရခဲနဲ႔ထပ္ကပ္ျပီးခြာလုိ႔ရပါတယ္။

မုန္႔ဖုတ္ဆုိဒါ


မုန္႔ဖုတ္ဆုိဒါအနည္းငယ္ကုိေရအနည္းငယ္နဲ႔ေရာစပ္ျပီး ပီေကကပ္ေနတဲ႔ျပႆနာကုိေျဖရွင္းလုိ႔ရပါတယ္။ေရာစပ္ထားတဲ႔ခပ္ပ်စ္ပ်စ္အရည္ေတြကုိ ပီေကကပ္ေနတဲ႔ေနရာေတြမွာအံုထားျပီး ၁၅မိနစ္ေလာက္ထားထားပါ။မုန္႔ဖုတ္ဆုိဒါက ပီေကကပ္ေစးတာကုိေလ်ွာ့ခ်ေပးတဲ႔အတြက္ အခ်ိန္ၾကာေလပီေကခြာရလြယ္ေလပါပဲ။၁၅မိနစ္ေလာက္ၾကာတဲ႔အခါ ပီေကကုိ အလြယ္တကူခြာလုိက္လုိ႔ရပါျပီ။

သြားတုိက္ေဆး


သြားတုိက္ေဆးကေတာ့ အလြယ္ဆံုးနည္းေလးပါပဲ။သြားတုိက္ေဆးအနည္းငယ္ကုိ ဂြမ္းစေလးထဲထည့္ျပီး ပီေကကပ္ေနတဲ႔ဆံသားေတြေပၚလိမ္းေပးပါ။ေျခာက္ေသြ႔သြားတဲ့အထိထားျပီးရင္ သြားတုိက္တံနဲ႔ျဖစ္ေစ ေခါင္းဘီးနဲ႔ျဖစ္ေစ ခြာေပးလုိ႔ရပါျပီ။

Vaseline

Vaseline ကုိ ပီေကခြာတဲ႔ေနရာမွာသံုးေပးလုိ႔ရပါတယ္။ပီေကကပ္ေနတဲ႔ ဆံသားေတြကုိ Vaseline အနည္းငယ္သုတ္လိမ္းေပးပါ။အထူးသျဖင့္ အဖ်ားနားေလးေတြကုိပုိလိမ္းေပးပါ။လိမ္းျပီး ၁၀မိနစ္ေလာက္ၾကာရင္ ပီေကေတြကုိ ေသခ်ာဖယ္လုိက္ရုံပါပဲ။

မုေယာနိစ္

မုေယာနိစ္အနည္းငယ္ကုိ ပီေကကပ္ေနတဲ႔ဆံသားေတြမွာ လိမ္းေပးထားပါ။မုေယာနိစ္မွာပါတဲ႔အဆီအျပင္ ဆံသားေလးကုိ အနည္းငယ္ႏွိပ္နယ္ေပးမယ္ဆုိရင္ပီေကကုိအလြယ္တကူဖယ္ရွားႏုိင္သလုိ ဆံသားကုိလည္းပုိျပီးေကာင္းမြန္လာေစမွာျဖစ္ပါတယ္။

ရွာလကာရည္

အျဖဴေရာင္ရွာလကာရည္အနည္းငယ္ကုိ ဂြမ္းေလးနဲ႔ဆြတ္ျပီး ပီေကကပ္ေနတဲ႔ဆံသားေတြကုိသုတ္လိမ္းေပးပါ။နည္းနည္းရႊဲရႊဲေလးျဖစ္သြားျပီဆုိ ၁၅မိနစ္ေလာက္ထားေပးပါ။ပီေကက ေပ်ာ့လာျပီးအလြယ္တကူခြာလုိ႔ရသြားပါလိမ့္မယ္။လက္မေပခ်င္ဘူးဆုိ သြားတုိက္တံေလးကုိသံုးျပီးခြာလုိ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend

#Unicode Version#

အထူးသဖြင့်ဆံပင်ရှည်မမတွေဆိုရင် ကိုယ့်ဆံပင်မှာမတော်တဆပီကေတွေကပ်သွားတဲ့အခါ ညှပ်ပဲပစ်လိုက်ရမလို၊ဘယ်လိုလုပ်ရမလဲ အာရုံထွေပြားကာ စိတ်တွေညစ်သွားတတ်ပါတယ်။ဆံပင်အတိုဆိုပိုဆိုး။ကိုယ်က ပီကေကိုဘယ်လိုဖယ်ရမလဲမသိတဲ့အခါ ရှိတဲ့ဆံပင်လေးတွေညှပ်ပစ်ရတတ်တယ်။ဒီလို စိတ်ညစ်စရာပီကေကပ်တဲ့ကိစ္စကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေရှိနေပါပြီ။ပီကေတွေကြောင့် ကိုယ့်ဆံပင်လေးမညှပ်ပစ်ချင်ဘူးဆိုရင် ဘယ်လိုနည်းလေးတွေလဲဆိုတာ သိထားသင့်တယ်နော်


မြေပဲထောပတ်

မြေပဲထောပတ်အနည်းငယ်ကို လက်ချောင်းလေးတွေနဲ့ယူပြီး ပီကေကပ်တဲ့ဆံပင်နေရာကို ဂျယ်လိမ်းသလိုပဲ လိမ်းလိုက်ပါ။လက်နဲ့မလိမ်းချင်ဘူးဆိုရင်သွားတိုက်တံကိုသုံးပေးနိုင်ပါတယ်။ပြီးရင်တော့ ဘီးနဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ကပ်နေတဲ့ပီကေတွေကို ဖြည်းဖြည်းချင်းဖယ်လိုက်လို့ရပါပြီ။

သံလွင်ဆီ၊အုန်းဆီ

သံလွင်ဆီ၊အုန်းဆီ စတဲ့ဆီတစ်မျိုးမျိုးနဲ့လည်းပီကေကိုဖယ်လို့ရပါတယ်။ပီကေကပ်တဲ့နေရာကို ဆီအနည်းငယ်သုတ်လိမ်းပြီး ကပ်စေးနေတာလျော့သွားတဲ့အချိန်ထိ ထားထားပါ။အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ပီကေကို ခေါင်းဘီးနဲ့ဖြည်းဖြည်းချင်း ဖယ်လိုက်လို့ရပါပြီ။

ရေခဲ

ရေခဲကလည်း ပီကေကပ်တာအတွက်အသုံးဝင်နေပြန်ပါတယ်။အပြင်သွားနေတုန်း ဆံပင်မှာပီကေကပ်သွားတဲ့အခါ ရေခဲတုံးလေးပြေးဝယ်ပြီးပီကေကပ်နေတဲ့နေရာမှာ မိနစ် ၂၀လောက်ကပ်ထားပေးပါ။ပီကေကို ခဲသွားစေပြီးအလွယ်တကူခွာလို့ရစေပါတယ်။ခွာနေတုန်း ပြန်ကပ်စေလာတဲ့အခါ
ရေခဲနဲ့ထပ်ကပ်ပြီးခွာလို့ရပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေအနည်းငယ်နဲ့ရောစပ်ပြီး ပီကေကပ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပါတယ်။ရောစပ်ထားတဲ့ခပ်ပျစ်ပျစ်အရည်တွေကို ပီကေကပ်နေတဲ့နေရာတွေမှာအုံထားပြီး ၁၅မိနစ်လောက်ထားထားပါ။မုန့်ဖုတ်ဆိုဒါက ပီကေကပ်စေးတာကိုလျှော့ချပေးတဲ့အတွက် အချိန်ကြာလေပီကေခွာရလွယ်လေပါပဲ။၁၅မိနစ်လောက်ကြာတဲ့အခါ ပီကေကို အလွယ်တကူခွာလိုက်လို့ရပါပြီ။

သွားတိုက်ဆေး

သွားတိုက်ဆေးကတော့ အလွယ်ဆုံးနည်းလေးပါပဲ။သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစလေးထဲထည့်ပြီး ပီကေကပ်နေတဲ့ဆံသားတွေပေါ်လိမ်းပေးပါ။ခြောက်သွေ့သွားတဲ့အထိထားပြီးရင် သွားတိုက်တံနဲ့ဖြစ်စေ ခေါင်းဘီးနဲ့ဖြစ်စေ ခွာပေးလို့ရပါပြီ။

Vaseline

Vaseline ကို ပီကေခွာတဲ့နေရာမှာသုံးပေးလို့ရပါတယ်။ပီကေကပ်နေတဲ့ ဆံသားတွေကို Vaseline အနည်းငယ်သုတ်လိမ်းပေးပါ။အထူးသဖြင့် အဖျားနားလေးတွေကိုပိုလိမ်းပေးပါ။လိမ်းပြီး ၁၀မိနစ်လောက်ကြာရင် ပီကေတွေကို သေချာဖယ်လိုက်ရုံပါပဲ။

မုယောနိစ်

မုယောနိစ်အနည်းငယ်ကို ပီကေကပ်နေတဲ့ဆံသားတွေမှာ လိမ်းပေးထားပါ။မုယောနိစ်မှာပါတဲ့အဆီအပြင် ဆံသားလေးကို အနည်းငယ်နှိပ်နယ်ပေးမယ်ဆိုရင်ပီကေကိုအလွယ်တကူဖယ်ရှားနိုင်သလို ဆံသားကိုလည်းပိုပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်။

ရှာလကာရည်

အဖြူရောင်ရှာလကာရည်အနည်းငယ်ကို ဂွမ်းလေးနဲ့ဆွတ်ပြီး ပီကေကပ်နေတဲ့ဆံသားတွေကိုသုတ်လိမ်းပေးပါ။နည်းနည်းရွှဲရွှဲလေးဖြစ်သွားပြီဆို ၁၅မိနစ်လောက်ထားပေးပါ။ပီကေက ပျော့လာပြီးအလွယ်တကူခွာလို့ရသွားပါလိမ့်မယ်။လက်မပေချင်ဘူးဆို သွားတိုက်တံလေးကိုသုံးပြီးခွာလို့ရပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top