iMyanmarHouse.com - Best Property Website for Myanmar
×
Credit:: Chit Chit Zaw
#Unicode Version#
ဒါရိုက်တာမိုက်တီး လင်းဇာနည်ဇော် ချစ်ချစ်ဇော် တို့ကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေခဲ့ပါတယ်။ သူတို့ရဲ့ ချစ်ဖေကြီး ဒါရိုက်တာ ဦးခင်ဇော်ဟာလဲအောင်မြင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဦးခင်ဇော်က ကျန်းမာရေးအခြေအနေကြောင့် အိမ်ယာထဲ လဲနေခဲ့တာဖြစ်ပါတယ်။
ယနေ့မှာတော့ မိုက်တီး လင်းဇာနည်ဇော် ချစ်ချစ်ဇော်တို့ရဲ့ ချစ်ဖေကြီး ဒါရိုက်တာ ဦးခင်ဇော်ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါရိုက်တာ ဦးခင်ဇော်ဟာ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အနပညာရှင်အသိုင်းအဝိုင်းအတွက်တော့ အလွန်စိတ်မကောင်းစရာကိစ္စဖြစ်ပြီး အနပညာရှင်အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကလဲ ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲနေကြပါတယ်။
ဒါရိုက်တာ ဦးခင်ဇော်ဟာ အနပညာလောကရဲ့ ဖခင်ကြီးလို့ ပြောရင်လဲမမှားပါ်ဘူး။ အနပညာရှင်တွေကတော့ သူတို့ရဲ့ လူမှုကွန်ယက်ကနေ တဆင့် ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ ဒု-ဥက္ကဌ ဦးအေးကြူလေးကတော့ '' ၃ ၁၂ ၂၀၁၈နေ့ည ၁၁နာရီ၅၅မိနစ်တွင်ကွယ်လွန်အနိစ္စရောက်သွားသည့်ကျွန်တော့်ဆရာဦးခင်ဇော် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်'' ဆိုပြီး ရေးသားထားခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:: Chit Chit Zaw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top