ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ဟိုးလြန္ခဲ့တဲ့နွစ္ေတြကေနအခုအခ်ိန္အထိ ပရိသတ္ေတြရဲ႕နွလံုးသားကုိသိမ္းပုိက္ထားတဲ့ ခ်မ္းခ်မ္းဟာ ေအာင္ျမင္မႈကုိထိန္းထားနုိင္ဆဲျဖစ္သလို အခုအခ်ိန္အထိလည္း သီခ်င္းေတြအင္တိုက္အားတုိက္ဆိုေနဆဲပါ။

ခ်မ္းခ်မ္းက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ သူမရဲ႕အနုပညာလႈပ္ရွားမႈေတြနဲ႔ အခ်စ္ေရးအေၾကာင္းကုိ ေျပာျပသြားပါတယ္။ခ်မ္းခ်မ္းက သူမရဲ႕လက္ရွိက်န္းမာေရးအေၾကာင္းကုိ “အစ္မ မ်က္စိေတာင္ဖြင့္လို႔မရဘူး။ မ်က္လံုးကအရမ္းျပာျပီးေတာ့ မျမင္ရေတာ့ဘူး။

 အစ္မကနွလံုးလည္းမေကာင္းေတာ့ေလ။ အစ္မအေၾကာေဆးသြင္းျပီးေတာ့ ခဏနားခိုင္းတယ္။ အစ္မ တစ္နာရီေလာက္ေတာ့အိပ္လိုက္တယ္။ အိပ္ျပီးေတာ့ သီခ်င္းဆိုဖို႔ထလာတာေပါ့ေနာ္။ ကုိယ္လက္ခံထားတဲ့ ပြဲေတြကပ်က္္လို႔မရဘူး။ က်န္းမာေရးက အစုိးမရဘူးေပါ့ေနာ္”လုိ႔ ေျဖထားပါတယ္။


ခ်မ္းခ်မ္းက စိတ္ညစ္ရင္ ခရီးေတြဘာေတြသြားတတ္ေၾကာင္း “အစ္မကစိတ္ညစ္ရင္ ကမ္းေျခေတြဘာေတြသြားတယ္။ သူငယ္္ခ်င္းေတြနဲ႔မုန္႔ေတြသြားစားတယ္။ သူငယ္ခ်င္းေတြနဲ႔ ကုိယ့္ကုို္ခ်စ္တဲ့သူေတြနဲ႔ေလွ်ာက္သြားတယ္။ အဲ့လုိမ်ိဳးေတြလုပ္ျဖစ္တယ္။

ပုိေတာင္မွေပါ့ပါးလာပါေသးတယ္ စိတ္က”လို႔ ေျပာထားပါတယ္။ကုိယ့္အေပၚေကာင္းတဲ့လူနဲ႔ေတြ႕ရင္ ေနာက္အိမ္ေထာင္ျပဳျဖစ္ရင္လည္းျပဳျဖစ္မယ္ဆိုတဲ့အေၾကာင္း “ေလာကၾကီးမွာဘယ္သူမွေတာ့ ေယာက္်ားနဲ႔ကြဲမယ္ ေနာက္အိမ္ေထာင္ျပဳမယ္ဆိုျပီးေတာ့ ၾကိဳမသိဘူးေပါ့ေနာ္။

ဒါၾကီးကသူ႔ဟာသူျဖစ္လာတာပဲ။အစ္မဘဝမွာ သင္ခန္းစာယူတတ္မယ္ဆိုရင္ ေကာင္းတာျဖစ္လာမယ္လို႔ယံုၾကည္တယ္။ တစ္သက္လံုးသမီးနဲ႔နွစ္ေယာက္တည္းေနသြားလည္းရတာပဲ။ဒါေပမယ့္လူေလေနာ္။ဒါေၾကာင့္ကုိယ့္ကုိခ်စ္ျပီး ကုိယ့္အေပၚမွာ တကယ္ေကာင္းတဲ့လူနဲ႔ေတြ႕ရင္ စဥ္းစားမယ္ေပါ့။ ကုိယ့္အေပၚေကာင္းရင္ ဘာလို႔အိမ္ေထာင္မျပဳရမွာလဲလို႔စဥ္းစားတယ္”လို႔ ေျဖၾကားထားပါတယ္။


ခ်မ္းခ်မ္းက အရမ္းအခ်စ္ၾကီးတတ္ အနစ္နာခံတတ္ခဲ့ေပမယ့္ အခုေတာ့ ကုိယ့္ကုိခ်စ္တဲ့လူကုိပဲျပန္ခ်စ္ေတာ့မယ္ဆိုတဲ့အေၾကာင္း “အစ္မက အရမ္းပံုေအာျပီးခ်စ္တတ္တဲ့သူ၊အရမ္းအနစ္နာခံတတ္တယ္။ အရမ္းလည္းခ်စ္တတ္တယ္။ အဲ့ေတာ့အစ္မခ်စ္တာခံရတဲ့လူက ပင္ပန္းတယ္။ အဲဒါကုိ အစ္မနားလည္တယ္။

ကုိယ္ကအရမ္းခ်စ္ေတာ့ေလ သူတုိ႔အတြက္ stress ေတာ့ျဖစ္တာေပါ့ေနာ္။ဒါေပမယ့္ အစ္မအခုေတာ့ နားလည္သြားျပီ။ ကုိယ့္ကုိခ်စ္တဲ့သူကုိပဲအစ္မခ်စ္ေတာ့မယ္။အစ္မကုိခ်စ္တဲ့လူေတြရဲ႕ေမတၱာကုိပဲအစ္မကခံခ်င္ေတာ့တယ္”လို႔ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခ်မ္းခ်မ္းကုိခ်စ္ၾကလား။ ခ်မ္းခ်မ္းရဲ႕ show ပြဲေတြကုိေရာ သြားေရာက္အားေပးျဖစ္ၾကလား။ခ်မ္းခ်မ္းကုိတစ္ေယာက္တည္းပဲေနေစခ်င္လား။ပုိေကာင္းတဲ့လူနဲ႔ေတြ႕ျပီး ေနာက္အိမ္ေထာင္ျပဳေစခ်င္ၾကလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Burmese.asia

#Unicode Version#

ဟိုးလွန်ခဲ့တဲ့နှစ်တွေကနေအခုအချိန်အထိ ပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ထားတဲ့ ချမ်းချမ်းဟာ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်သလို အခုအချိန်အထိလည်း သီချင်းတွေအင်တိုက်အားတိုက်ဆိုနေဆဲပါ။

ချမ်းချမ်းက မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ အချစ်ရေးအကြောင်းကို ပြောပြသွားပါတယ်။ချမ်းချမ်းက သူမရဲ့လက်ရှိကျန်းမာရေးအကြောင်းကို “အစ်မ မျက်စိတောင်ဖွင့်လို့မရဘူး။ မျက်လုံးကအရမ်းပြာပြီးတော့ မမြင်ရတော့ဘူး။

 အစ်မကနှလုံးလည်းမကောင်းတော့လေ။ အစ်မအကြောဆေးသွင်းပြီးတော့ ခဏနားခိုင်းတယ်။ အစ်မ တစ်နာရီလောက်တော့အိပ်လိုက်တယ်။ အိပ်ပြီးတော့ သီချင်းဆိုဖို့ထလာတာပေါ့နော်။ ကိုယ်လက်ခံထားတဲ့ ပွဲတွေကပျက်လို့မရဘူး။ ကျန်းမာရေးက အစိုးမရဘူးပေါ့နော်”လို့ ဖြေထားပါတယ်။

ချမ်းချမ်းက စိတ်ညစ်ရင် ခရီးတွေဘာတွေသွားတတ်ကြောင်း “အစ်မကစိတ်ညစ်ရင် ကမ်းခြေတွေဘာတွေသွားတယ်။ သူငယ်ချင်းတွေနဲ့မုန့်တွေသွားစားတယ်။ သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့လျှောက်သွားတယ်။ အဲ့လိုမျိုးတွေလုပ်ဖြစ်တယ်။

ပိုတောင်မှပေါ့ပါးလာပါသေးတယ် စိတ်က”လို့ ပြောထားပါတယ်။ကိုယ့်အပေါ်ကောင်းတဲ့လူနဲ့တွေ့ရင် နောက်အိမ်ထောင်ပြုဖြစ်ရင်လည်းပြုဖြစ်မယ်ဆိုတဲ့အကြောင်း “လောကကြီးမှာဘယ်သူမှတော့ ယောက်ျားနဲ့ကွဲမယ် နောက်အိမ်ထောင်ပြုမယ်ဆိုပြီးတော့ ကြိုမသိဘူးပေါ့နော်။

ဒါကြီးကသူ့ဟာသူဖြစ်လာတာပဲ။အစ်မဘဝမှာ သင်ခန်းစာယူတတ်မယ်ဆိုရင် ကောင်းတာဖြစ်လာမယ်လို့ယုံကြည်တယ်။ တစ်သက်လုံးသမီးနဲ့နှစ်ယောက်တည်းနေသွားလည်းရတာပဲ။ဒါပေမယ့်လူလေနော်။ဒါကြောင့်ကိုယ့်ကိုချစ်ပြီး ကိုယ့်အပေါ်မှာ တကယ်ကောင်းတဲ့လူနဲ့တွေ့ရင် စဉ်းစားမယ်ပေါ့။ ကိုယ့်အပေါ်ကောင်းရင် ဘာလို့အိမ်ထောင်မပြုရမှာလဲလို့စဉ်းစားတယ်”လို့ ဖြေကြားထားပါတယ်။

ချမ်းချမ်းက အရမ်းအချစ်ကြီးတတ် အနစ်နာခံတတ်ခဲ့ပေမယ့် အခုတော့ ကိုယ့်ကိုချစ်တဲ့လူကိုပဲပြန်ချစ်တော့မယ်ဆိုတဲ့အကြောင်း “အစ်မက အရမ်းပုံအောပြီးချစ်တတ်တဲ့သူ၊အရမ်းအနစ်နာခံတတ်တယ်။ အရမ်းလည်းချစ်တတ်တယ်။ အဲ့တော့အစ်မချစ်တာခံရတဲ့လူက ပင်ပန်းတယ်။ အဲဒါကို အစ်မနားလည်တယ်။

ကိုယ်ကအရမ်းချစ်တော့လေ သူတို့အတွက် stress တော့ဖြစ်တာပေါ့နော်။ဒါပေမယ့် အစ်မအခုတော့ နားလည်သွားပြီ။ ကိုယ့်ကိုချစ်တဲ့သူကိုပဲအစ်မချစ်တော့မယ်။အစ်မကိုချစ်တဲ့လူတွေရဲ့မေတ္တာကိုပဲအစ်မကခံချင်တော့တယ်”လို့ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ချမ်းချမ်းကိုချစ်ကြလား။ ချမ်းချမ်းရဲ့ show ပွဲတွေကိုရော သွားရောက်အားပေးဖြစ်ကြလား။ချမ်းချမ်းကိုတစ်ယောက်တည်းပဲနေစေချင်လား။ပိုကောင်းတဲ့လူနဲ့တွေ့ပြီး နောက်အိမ်ထောင်ပြုစေချင်ကြလား။ ပြောခဲ့ကြပါဦး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top