* သူ့အိမ်နဲ့ ပြဿနာ
ဒီကြားထဲ Personal issue နဲ့ပတ်သက်ပြီး သူရဲ့ အကိုနဲ့ သူ့လက်ရှိရည်းစားကတစ်ဖက် တခြားခိုးတွဲတဲ့ သူ့နောက်ရည်းစားကတစ်ဖက် ဆိုင်တစ်ဆိုင်မှာမိပြီး ထိုးကြကြိတ်ကြတဲ့ပြဿနာတွေတက်တယ် သူ ကျနော့်အိမ်ထွက်ပြေးလာလို့ ချော့မော့ပြီး ညသန်းခေါင် အစာကျွေး ဆေးလိမ်းပေးတယ် အိမ်မှာပေးအိပ်ခဲ့တယ် အဲဒီနောက် သူ့အိမ်ကပါ အဲ့ကိစ္စမှာပါလာပြန်တယ် Org က ဘယ်သူ့ကြားမှမပါသလို ဘာအကြံမှလည်းမပေးခဲ့ဘူး အကြံပေးရင်လည်းလက်ခံ နာခံတာမျိုးမရှိခဲ့ပါဘူး သူမှန်တယ်ထင်တာ သူ့စိတ်ကြိုက်သူလုပ်တာ ဒါကိုသွေးထိုးတယ် ရန်တိုက်တယ်ပြောတယ် သူကတော့ လက်ရှိရည်းစားနဲ့ ပြတ်ပြီပြောတယ် သူနဲ့ပြတ်တဲ့လူကိုလည်း ပြတ်ပြီပြောတဲ့နေ့ကစလို့ Org က လုံးဝ ပတ်သက်ခြင်းမရှိတော့ဘူး
လိုင်စင်ကြေးကိစ္စ
* Poland Visa
* လေဆိပ်မှာ
ပြိုင်ပွဲနေ့ရက်
Photos-Shwe Eain Si
Source-MGLM
Credit:Welovecele
#Unicode Version#
မကြာသေးခင်က ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ရွှေအိမ်စည်က သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဖိုင်နယ်ပွဲမကျင်းပခင်အချိန်မှာလည်း ရွှေအိမ်စည်ဝတ်ဆင်ဖို့ Evening Gown မရောက်လာနိုင်ဘူးဆိုပြီးပရိသတ်တွေကြား အဖွဲ့စည်းပေါ် ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တဲ့နောက်မှာ Miss Golden Land Myanmar ပေ့ချ်ကို ခေတ္တပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။ အဖွဲ့အစည်းမှ တာဝန်ရှိသူများကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲနဲ့အတူ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲမှာ Top 25 အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပြီးတော့ မနေ့ည ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ အလှမယ်ရွှေအိမ်စည်ကို သူမရဲ့ပရိသတ်တွေကလည်း လေယာဉ်ကွင်းမှ တခဲနက်သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ ယနေ့မှာတော့ အလှမယ်ရွှေအိမ်စည်နဲ့ပတ်သက်ပြီး Miss Golden Land Myanmar အဖွဲ့အစည်းမှ အမှန်တရားအတွက်ဖြေရှင်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြေရှင်းလိုက်တာဖြစ်ပါတယ်။
“အမှန်တရားအတွက် ဖြေရှင်းခြင်း” Organization ကဘာတွေလုပ်ပေးလဲ ဘာ Support မှမပေးဘူးဆိုလို့ပါ * ပြည်တွင်းပွဲကာလမှာ ပရိသတ်တွေရဲ့ ဆန္ဒတစ်ခုတည်းကို ဖြည့်ဆည်းဖို့အတွက်သာ ရွေးချယ်ခဲ့ဒီအသိုင်းအဝိုင်းက အကြောင်းသိတဲ့ လူတော်တော်များများက တားကြပေမယ့် Potential ရှိတဲ့သူဖြစ်လို့ ကိုယ်အတတ်နိုင်ဆုံး ပြုပြင်ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်နဲ့ အများကြီးသည်းခံပေးပြီး သူ့အပေါ်အများကြီးမှန်းထားတဲ့ ပရိသတ်ဆန္ဒသာကြည့်ပြီး ရွေးပေးခဲ့တယ်… ပြုပြင်ရင် ပြုပြင်သလောက် တက်လမ်းရှိသူဖြစ်ပေမယ့် ပွဲကာလ စည်းကမ်းလိုက်နာမှု မရှိသလို တစ်နိုင်ငံလုံးကြည့်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု TV အစီအစဉ် ဖိုင်နယ်စင်မြင့်ထက်မှာတောင် စင်ပေါ် ကြာကြာရပ်နေရတာ မကြိက်ဘူးဆိုပြီး ပြောခဲ့တဲ့စကားက ဒိုင်တွေ အတော်ဘဝင်မကျဖြစ်ခဲ့ရတယ်…
အလှမယ်တစ်ယောက်ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အပြုအမူ ဆင်ခြင်တုံတရား လုံးဝမရှိခဲ့ဘူး… စကားအပြောအဆို မယဉ်ကျေး ကိုယ်အမူအရာ မယဉ်ကျေးတဲ့အပြင် အတော်ရိုင်းပါတယ်… အင်္ဂလန်မှာကြီးပြင်းတဲ့သူဖြစ်လို့ပဲ ဆိုပြီး သည်းခံခဲ့တယ် တကယ်တမ်းတော့ နိုင်ငံခြားသွားနေပြီး ပြန်လာတဲ့သူတွေဟာ မရိုင်းပါဘူး နိုင်ငံကြီးသားပီသကြတယ် ရိုင်းတာနဲ့ ပွင့်လင်းတာမတူပါဘူး ဒါကိုတောင် ဘာလို့ရွေးခဲ့လဲ မေးရင် ပရိသတ်ဆန္ဒကြောင့်ပါ
* Personal ကိစ္စတွေနဲ့ဘဲ လုံးပမ်းနေ
ပြိုင်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ဖို့အရွေးချယ်ခံရပြီးကတည်းက ပြိုင်ပွဲနဲ့ပတ်သက်တဲ့ Procedure တွေအတိုင်း Catwalk Training ကစလို့ လိုအပ်တာတွေလုပ်ဖို့ပြောတော့ Personal Issue တွေရှိနေလို့ နောက်မှ စီစဉ်ပါရစေလို့ပြောတယ်။ ပွဲကိစ္စပြောဖို့ အိမ်ခေါ်တိုင်း ရည်းစားကိစ္စပေါင်းများစွာနဲ့ပဲ ဗျာများနေတယ်… ပွဲကိစ္စအတွက် ဘာတွေလိုလို လိုအပ်တာ ရှိရင်ပြောပါ လုပ်ပေးပါ့မယ်လို့ ပြောထားတယ်။ဒါပေမယ့် ၃ လ လုံးလုံး အချိန်ရရဲ့သားနဲ့ ပြင်ဆင်ဖို့ တောက်လျှောက် ပြောနေရဲ့သားနဲ့ သေသေချာချာ ဘာမှ ကြိုတင် မပြင်ဆင်ခဲ့ဘူး။
လုပ်ပေးမယ်ပြောတော့ ကိုယ့်ဟာကိုယ် လုပ်မယ်ပြောတယ် ကိုယ်တိုင်လုပ်လားဆိုတော့ မလုပ်ခဲ့ဘူးနီးလာတော့အကြိမ်ကြိမ် အထပ်ထပ်သတိပေးတယ် သူမလုပ်နိုင်တော့ရင်လုပ်ပေးဖို့။ အဲ့လိုပြောတိုင်း အဲ့အကြောင်းပြောရင် အိမ်မလာဘူးပြောလို့ ချော့ပြော စည်းရုံးပြောရတယ် သက်သေတွေလည်းရှိပါတယ်။နောက်ဆုံးသူသွားမယ်လို့ဆုံးဖြတ်တဲ့ Designer ဆီကိုOrg က ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးခဲ့ပါတယ်နောက်ဆုံးသူမနဲ့ အဲ့ Designer နဲ့ချုပ်တဲ့ ဝတ်စုံကို ရလာတော့လည်း သူမကြိုက်ဘူး မလှဘူး မဝတ်ချင်ဘူးဆိုပြီး Designerနဲ့ပြဿ နာတက် Designer ကလည်း သည်းမခံနိုင်တဲ့အဆုံး သူမ အကျင့်စရိုက်တွေ လုပ်ရပ်တွေ ကို Facebook မှာ ရေးတင်တဲ့ထိ ဖြစ်ကြပြန်တယ်အဲ့ဝတ်စုံလည်း မယူဖြစ်တော့ပါဘူး
ဒါနဲ့သူ့အရင် Designer နဲ့ထပ်ချုပ်တော့မယ် စိတ်ချ အပြန်စားတွေ လှစေရမယ်ဆိုပြီးပြောပါတယ် သွားခါနီးမှ ဒီဇိုင်နာ က မပြီးသေးလို့ဆိုပြီး ပိုလန်လာရင် ယူလာခဲ့ဖို့ ပြောပါတယ် တကယ်တမ်းအချိန်အများကြီးရရဲ့သားနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့တာပါ မပြင်ဆင်တဲ့အကြောင်းရင်းက Personal ကိစ္စတွေနဲ့ပဲ လုံးပန်းနေခဲ့တာပါ
* ၃ လလုံးလုံး ပြင်ဆင်ချိန် ရှိပါရက်နဲ့ မပြင်ဆင်ထား
Top 10 ဝင်မှ ဝတ်ရမဲ့ evening gown ကိစ္စ ပြသနာရှာကြပါတယ်။ Organization အတွက်နှစ်စဉ် စပွန်ဆာပေးနေကျ Designer တွေ များစွာ ရှိတယ်။ ဘယ်လို ပုံစံ ဝတ်ချင်လဲ ဘယ်လိုချုပ်ကြရမလဲထပ်မေးပါတယ်။ လုပ်ပေးဖို့လည်းပြောတယ်။ဒါပေမယ့် သူ စိတ်တိုင်းကျ ကြိုက်တဲ့ Designer နဲ့ပဲချုပ်မယ် သူလိုနာမည်ကြီးကို ဒီဇိုင်နာတွေကတောင် ပေးချင်လွန်းလို့ ခခယယ ခေါ်ပေးကြမှာ သူတို့ဆီက စပွန်ဆာတွေချည်းရမယ်ဆိုပြီးသူကိုယ်တိုင်ပြောလို့ ချုပ်ခွင့်ပေးထားလိုက်ပါတယ်။ ရပြီလားမေးတိုင်း စီစဉ်ထားတယ်ပြောတယ်။
ယခင်နှစ်က မယ်တွေဆိုရင် evening gown နဲ့ NC ကမထွက်ခင်ကြိုပြီး Ready ဖြစ်နေရတယ်။ shooting ရိုက်ပြီးမှထွက်ရတယ် ။သူ့အတွက် Orgဘက်က ကိုယ့်သဘောနဲ့ကိုယ် စီစဉ်ပေးပြန်တယ် သူ့အပြောအဆို အပြုအမူတွေကြောင့် ကိုယ်မိတ်ဆက်ပေးမယ့် ဒီဇိုင်နာတွေ ဓာတ်ပုံဆရာတွေနဲ့ မျက်နှာပျက် မခံနိုင်ပါဘူး သူ့ကို သူ့စိတ်တိုင်းကျ အလိုလိုက်ပေးထားရတာပါ အခုက NC တောင်နှစ်ပတ်အလို အထိ ဘာမှ မစီစဉ်ထားလို့ Organization ဘက်ကဘဲ မပုံ့ကို အပူကပ်ဇွတ်ချုပ်ခိုင်းခဲ့ရတယ် ။သွားမယ့်ရက်လည်း အချိန်အတိအကျ သိပြီးသား။ ထည့်ရမဲ့ wardrobe planလည်းပေးထားပြီးသား။ ကိုယ့်ဘာသာလုပ်ချင်တယ် လုပ်ပါ့မယ် ဆိုပြီးဘာမှကြိုတင်ပြင်ဆင်မထားဘဲ အနားနီးမှာဟိုဟာမရှိ၊ ဒီဟာမရှိဆိုလို့ တတ်နိုင်သမျှလိုက်စုပြီး ထည့်ပေးရတယ်။
Organization အနေနဲ့မစီစဉ်ပေးတာလုံးဝမဟုတ်ဘူး စီစဉ်ပေးတယ် လက်မခံတာ ကိုယ်စိတ်ကြိုက်ပဲဝတ်ချင်တာ လုပ်ချင်တာဆိုလို့ ယုံကြည်ပြီး ခွင့်ပြုပေးခဲ့တာ ဒါပေမယ့် personal ကိစ္စ အပျော်အပါးတွေနဲ့ အချိန်ကုန်နေခဲ့တယ်
* သူ့အိမ်နဲ့ ပြဿနာ
ဒီကြားထဲ Personal issue နဲ့ပတ်သက်ပြီး သူရဲ့ အကိုနဲ့ သူ့လက်ရှိရည်းစားကတစ်ဖက် တခြားခိုးတွဲတဲ့ သူ့နောက်ရည်းစားကတစ်ဖက် ဆိုင်တစ်ဆိုင်မှာမိပြီး ထိုးကြကြိတ်ကြတဲ့ပြဿနာတွေတက်တယ် သူ ကျနေ်ာ့အိမ်ထွက်ပြေးလာလို့ ချော့မော့ပြီး ညသန်းခေါင် အစာကျွေး ဆေးလိမ်းပေးတယ် အိမ်မှာပေးအိပ်ခဲ့တယ် အဲဒီနောက် သူ့အိမ်ကပါ အဲ့ကိစ္စမှာပါလာပြန်တယ် Org က ဘယ်သူ့ကြားမှမပါသလို ဘာအကြံမှလည်းမပေးခဲ့ဘူး အကြံပေးရင်လည်းလက်ခံ နာခံတာမျိုးမရှိခဲ့ပါဘူး သူမှန်တယ်ထင်တာ သူ့စိတ်ကြိုက်သူလုပ်တာ ဒါကိုသွေးထိုးတယ် ရန်တိုက်တယ်ပြောတယ် သူကတော့ လက်ရှိရည်းစားနဲ့ ပြတ်ပြီပြောတယ် သူနဲ့ပြတ်တဲ့လူကိုလည်း ပြတ်ပြီပြောတဲ့နေ့ကစလို့ Org က လုံးဝ ပတ်သက်ခြင်းမရှိတော့ဘူး
Personal Issue က သူ့အိမ်က သူတို့သဘောတူတဲ့ အဲဒီသူနဲ့ ဇွတ် ပြန်ညှိနေတာ မရလို့ ဖြစ်ကြတာပါ ပြတ်ပြီဆိုပြီး အိမ်ကထွက်ပြေးနေတဲ့အချိန်မှာ သူ့အမေက Org ကို ဖုန်းဆက်ပြီး ပြန်တွဲဖို့ နားချပေးခိုင်းတယ် အန်တီတို့ သူလုပ်သွားတဲ့ ဒီကိစ္စကို လက်မခံနိုင်ဘူးပြောတယ် သူ့အကိုကလည်း Live တွေလွှင့်တယ် ဒီလိုကြားကိစ္စတွေ ဘာမှ ဝင်မပါခဲ့သလို ဝင်လည်း ပြောမပေးခဲ့ဘူး အဲဒါကြောင့် သူ့အိမ်က သူ့ကိုရော တစ်ဘက်ကိုပါ ပြောမနိုင်တော့လို့ Org ကြောင့်ဆိုပြီး Org ကို အငြိုးအတေးနဲ့ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတယ် အစ်ကိုဖြစ်သူက မထိခလုတ်ထိခလုတ် မဟုတ်တာတွေ ရေးတင်တယ် Liveတွေလွှင့်တယ်ဒါတွေကို ကိုယ့်အလှမယ်ရဲ့မျက်နှာနဲ့ သည်းခံပေးခဲ့တယ် လောကမှာ အဲ့လို မိသားစုဝင်တွေရှိပါလားဆိုပြီး သူမအပေါ် သနားမိသလို သံဝေဂရခဲ့မိတယ် ကျနော်တို့ဘက်က အဲလိုကိစ္စတွေတော့ ဘာတစ်ခုမှ ကြားမဝင်ဘဲ ကင်းကင်းရှင်းရှင်းနေပေးခဲ့တယ်
* ပြိုင်ပွဲ သွားချိန် ရွှေ့ရခြင်း အကြောင်းရင်း
မသွားခင်မှာ ထွက်မဲ့ရက်မထွက်ဖြစ်ပဲနှောင့်နှေးကြန့်ကြာနေတဲ့ကိစ္စဆိုတာလည်းပြောချင်ပါတယ် ။ သူမ အရင်ရည်းစားနဲ့ မပြတ်ခင်က သူမရည်းစားနဲ့ နိုင်ငံတကာပွဲမှာ Crown ရရှိရေးအတွက်ဟိုဘက် Orgနဲ့တွေ့ဆုံရင်းနှီးချင်ကြောင်းတောင်းဆိုလာပါတယ် ။
Hosting အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေတွေ့မယ်ဆိုရင်တော့ အားလုံးအတွက်အဆင်ပြေတယ်ဆိုပြီး ဟိုဘက် Org အကြီးအကဲကိုဖိတ်ခေါ်ပေးပြီး မိတ်ဆက်ပေးမိခဲ့တယ် ။
မဖိတ်ခင် ဟိုဘက်ကလာတဲ့ခရီးစရိတ်တွေကို သူတို့ ကျခံပေးပါ့မယ်ဖိတ်ပေးပါဆိုလို့ဖိတ်ပေးခဲ့တယ် ။ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုကြပြီးတော့ နောက်တစ်ခေါက်လာရင် TV channel တွေ production နဲ့ဆိုင်တဲ့သူတွေနဲ့ အိမ်ရှင်ကိစ္စ ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ ပြန်လည်ချိန်းဆိုကြတယ်။ ချိန်းထားတဲ့အချိန်ရောက်တော့ ဟိုဘက် Org က Technician အပါအဝင် လေးယောက်လာမှာဖြစ်ကြောင်း ပြောပါတယ်။ရက်ချိန်းလည်းချိန်းဆိုပြီးသားဖြစ်တဲ့အတွက် ဟိုဘက်ကလာဖို့ သူတို့ချင်း တိုက်ရိုက်အဆက်အသွယ်ရှိပြီးသားဖြစ်တာကြောင့် ရောက်လာခဲ့ကြပါတယ်။ လေယာဉ်လက်မှတ်ကိုလည်း ရှေ့တစ်ခေါက်အတိုင်း နိုင်ငံခြားဧည့်သည်များကို စိုက်ဖြတ်လာခဲ့ပြီး ရောက်မှပေးမယ်ပြောပါတယ်
ဟိုဘက်ကရှေ့တစ်ခေါက်ကလိုပဲ နိုင်ငံခြားသား ဧည့်သည်များ၏ပိုက်ဆံနဲ့လေယာဉ်လက်မှတ်ဖြတ်လာပါတယ် ။ ဒီရောက်တော့ TV channel တခု production company တခုနဲ့ မိတ်ဆက်တွေ့ဆုံပေးပါတယ် ။ပြန်မဲ့နေ့ရောက်တော့ ဟိုကလာတဲ့လေယာဉ်စရိတ်ကို သူတို့မှာ ပေးစရာ မရှိသေးကြောင်း နောက်မှ bank ကနေလွှဲပေးပါမယ်ပြောပါတယ် ။ ဒါနဲ့ ဟိုဘက်က အကြီးအကဲကို တောင်းပန်ပြီး ဝိုင်းပြောပေးခဲ့ရပါတယ်။သူတို့ ဖိတ်ကြားထားသော ဧည့်သည်များအတွက် တာဝန်ယူ စီစဉ်ပေးထားသော ဟိုတယ်မှလည်း တည်းခိုထားသော အခန်းခများရှင်းပေးရန် သူတို့ကို ဆက်သွယ်မရသဖြင့် အကြောင်းကြားပေးရန် အကြိမ်ကြိမ် ဖုန်းဆက်လာပါတယ်။
ဒါကြောင့်နောက်ဆုံးမှာသူတို့ဆီကိုသာ တိုက်ရိုက်ဆက်သွယ်ဖို့ပြန်လည်ပြောကြားခဲ့ရပါတယ်
Bank ကနေ စိုက်ဖြတ်လာကြတဲ့ လေယာဉ်လက်မှတ်ဖိုး လွှဲပေးရမယ့်ရက်ရောက်တော့ သူတို့ မလွှဲပေးနိုင်ပါဘူး ။ ဒါနဲ့အချိန်ဆွဲရင်ဆွဲရင်းနဲ့ နောက်ပိုင်း သူတို့ ပြတ်ပြီဆိုပြီးကြေညာတယ် ဟိုဘက်ကအကြီးအကဲကို ဒီကိစ္စသူမကသာ တာဝန်ယူကြောင်း သူမပြိုင်ပွဲလာရင်ယူခဲ့မည်ဖြစ်ကြောင်း ဖုန်းပြောကြတယ်…ဟိုဘက်က အကြီးအကဲကလည်း အိမ်ရှင်မလုပ်ဖြစ်တာကိစ္စမရှိကြောင်း ဒါပေမယ့် ဒီဘက်က ဖိတ်ကြားချက်အတိုင်း လာခဲ့ရတဲ့အတွက် ပြန်ပေးမယ် ပြောထားသော သူတို့စိုက်ထုတ်ထားသည့် လေယာဉ်ခရီးစရိတ်များသာပြန်ရလိုကြောင်း ပြောပါတယ် ။
နောက်ဆုံးတော့ သူမပြိုင်ပွဲသွားရမယ့်ရက်ရောက်လာပါတယ် အဆင်မပြေဘူး မပြိုင်တော့ဘူးတွေလုပ်ပါတယ် အဲ့ကိစ္စကြောင့်ဆိုတာနဲ့ အသိတစ်ယောက်ကိုပြောဆိုအကူအညီတောင်းပေးခဲ့ပါတယ် အသိမိတ်ဆွေကလည်း တစ်ပြားတစ်ချပ်မှ အတိုးမယူဘဲ အကူညီပေးပါတယ် သူမလည်း လစဉ် ခွဲပြီး ပြန်ပေးမှာဖြစ်ကြောင်း လက်မှတ်ထိုးပေးခဲ့ပါတယ်။ ဒီကိစ္စလည်းOrg ကကူညီပေးလိုက်လို့ အဆင်ပြေသွားခဲ့ပါတယ်။ ထိုအသိမိတ်ဆွေသည် ယခင်ရည်စား လုံးဝမဟုတ်ပါ… ယခင်ရည်းစားနဲ့ Org ကြားမှာလည်းပတ်သက်မှုမရှိပါ…
မိမိနိုင်ငံ အလှမယ် နိုင်ငံတကာ တွင် အောင်မြင်မှုရရှိရန်မှာ ND တိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် သူမတို့ရဲ့ တောင်းဆိုမှုအတိုင်း အနိုင်ရရှိရန်ကြိုးစားမှုတစ်ရပ် အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ မိတ်ဆက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ သူမနဲ့ MGLM ကြားမှာ ငွေရေးကြေးရေး တစ်စုံတစ်ရာ ပတ်သက်မှု အရှုပ်အရှင်း လုံးဝမရှိပါ။ Commercial Contract လည်းမရှိပါ အိမ်ရှင်လုပ်ဖြစ်ခဲ့ရင်လည်း MGLM Org နဲ့ မဆိုင်ပါ Org ကနေ ဟိုဘက်အဖွဲ့အစည်းကို ဖိတ်တာလည်း မဟုတ်ပါ သူ့ရည်စားက Host တာဝန်ယူသူအဖြစ် လက်ခံခေါ်ယူကျင်းပရန် ဖိတ်ခေါ်ဆွေးနွေးကြခြင်းသာဖြစ်ပါတယ်…
မကောင်းမှုဆိုတာ စိတ်ကွယ်ရာမရှိဆိုသလို ကိုယ့်နိုင်ငံအလှမယ် နိုင်ချင်ဇောနဲ့ မဝင်သင့်တဲ့ကြားကို ကြားဝင်မိခဲ့တဲ့ ကျနော်တို့အမှားအတွက် နောက်ထပ်ခုလိုမဖြစ်ရအောင် တစ်သက်လုံးနောင်တရနေမှာပါ…အဲ့လို ကိစ္စတေကြောင့် ပြိုင်ပွဲ ထွက်ခွာရမည့် ရက်အချိန်များ နှောင့်နှေးကြန့်ကြာမှုဖြစ်ပြီး ပိုလန်ကိုသွားရောက်ယှဉ်ပြိုင်ဖို့အတွက် လေယာဉ် လက်မှတ်နှစ်ခါ ကျနော်တို့Organization က ဝယ်ပေးခဲ့ပါတယ် ။
အဲ့အကြိမ်မှာလည်း ပရိသတ်ရဲ့ရစရာမရှိအောင်ဆဲဆိုခံရသေးတယ် မိသားစုကပါ ဝိုင်းပြောတာခံရသေးတယ် သူတို့ချင်းလည်း ခုချိန်ထိ အဆင်မပြေကြပါဘူး… ဖုန်းမှာ အော်ဟစ်ရန်ဖြစ်နေကြတုန်းပါ… သူ့မိသားစုဝင်တွေက ပြိုင်ပွဲသွားခါနီး တောက်လျှောက် လိုက်နှောက်နေကြတာပါလို့ အဲ့အချိန်က Org ကို သူမကပြောခဲ့ပါတယ် နောက်ကျရတဲ့အကြောင်း လေဆိပ်မှာ မသွားခင် လိုက်ပို့တဲ့ Media တွေနဲ့ ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်ဖို့ပြောတယ် ။ အတူတူပြောဖို့လိုအပ်ရင်လည်းသူ့နဲ့အတူပြောပေးမယ်ပြောခဲ့တယ်။ အမှန်တရားတခုကိုဝန်ခံပြီး စိတ်ရှင်းရှင်းနဲ့ပြိုင်ဖို့သူမကိုပြောပါတယ် ဒါပေမယ့် အဲ့ကိစ္စတွေအခုချိန်မှာမပြောချင်ဘူး မပြောတော့ဘူး ဆိုလို့ အမှန်တရားကို မပြောခဲ့ရဘူး ။
လိုင်စင်ကြေးကိစ္စ
Org သည် နှစ်စဉ် နိုင်ငံတကာအဖွဲ့အစည်းကို ပွဲလုပ်ခွင့် လိုင်စင်ကြေးပေးရပါတယ် လိုင်စင်ကြေးဆိုတာက ပြည်တွင်းပွဲ မကျင်းပခင်ကတည်းက ပေးသွင်းကြရတာ စည်းမျဉ်းပါ ခု အပြင်မှာ သတင်းလွှင့်နေတဲ့ ပြိုင်ပွဲသွားဖို့ နောက်ကျတာ Org က လိုင်စင်ကြေး မသွင်းနိုင်လို့ အလှမယ်ကရှာပေးနေရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး လိုင်စင်ကြေး ကြိုမသွင်းဘဲ နိုင်ငံကိုယ်စားပြုပြိုင်ပွဲလုပ်လို့ကို မရတာပါ Supra Org နဲ့ MGLM ရဲ့ ရေရှည်ဆက်ဆံရေးအခြေအနေဟာ ကောင်းမွန်လွန်းလို့ တခြား Miss အဖွဲ့အစည်းက ပိုက်ဆံပိုပေးပြီး လိုင်စင်လုဖို့ ကြိုးစားတာတောင် Supra Org ဘက်က ငြင်းပယ်ပြီး ကျနော်တို့နဲ့ပဲ လက်တွဲခဲ့တာပါ ဒီလောက်ဆိုရင် Supra အဖွဲ့အစည်းနဲ့ ကျနော်တို့ကြားမှာ ငွေရေးကြေးရေးကိစ္စ ကင်းရှင်းတယ်ဆိုတာ နားလည်ကြမယ်ထင်ပါတယ်
နိုင်ငံတကာ ပြိုင်ပွဲကာလအတွင်း စည်းကမ်းများချိုးဖောက်ခြင်း
Org အနေနဲ့ ဆေးလိပ် အရက်ကိုယ်တိုင်လည်းမသောက်ကြသလို အလှမယ်တွေကိုလည်းကျနော်တို့မျက်စိရှေ့မှာသာက်ခွင့်မပေးထားဘူး ဒါပေမဲ့သူကတော့ နဂိုကတည်းက England မှာကြီးတဲ့သူ မလို့ ဝိုင်သောက်တာ ဆေးလိပ်သောက်တာတွေမပြောခဲ့သလို အတူတူသွားတဲ့ Dinner တွေမှာသောက်လည်း မပြောခဲ့ပါဘူး ဒါပေမဲ့ နိုင်ငံတကာ ပြိုင်ပွဲကာလ နေရတဲ့အခန်းက Non smoking room ထဲမှာဆေးလိပ်ခိုးသောက်တယ်။ ပွဲactivity ကိုနေမကောင်းဘူးလို့ပြောပြီး နေခဲ့ပြီး အခန်းတွင်း Video Call တွေပြောတယ်
ပြိုင်ပွဲဆိုတာ ဓာတ်ပုံရိုက်ခါနီးမှ ပို့စ်ပေးတတ်ရုံလောက်နဲ့ မရပါဘူး Talent Competition ဆိုရင် Crown အတွက် အရေးမကြီးဘူး မဆိုင်ဘူး ဆိုပြီး ဝင်မပြိုင်ခဲ့ပါဘူး
နိုင်ငံခြား Organization ကနေ့ညကြီးသန်းခေါင်ဖုန်းဆက်ပြီး သူ့အမူအကျင့်တွေကို လက်မခံနိုင်လို့ ပြန်ပို့မယ်ပြောတယ် ဆက်ပြိုင်ခွင့်ပေးဖို့ မနည်းကိုတောင်းပန်လိုက်ရတယ်။ သူ့ကို ဘာလို့ဆေးလိပ်ခိုးသောက်တာလဲပြောတော့ တစ်ခန်းထဲနေတာ ကိုရီးယားမ
ဒါဆိုဒီကောင်မက သွားညောင့်တာပေါ့ တွေ့မယ် ဘာညာနဲ့ကြိမ်းဝါးခဲ့တယ် ဒီလို camp တွင်းပြဿနာများကို ခါးစီးဖြေရှင်းပေး ဖုံးဖိပေးနေခဲ့ရတာပါ မြန်မာပြည်မှာ နေခဲ့ လုပ်ခဲ့တဲ့ အပြုအမူ အပြောအဆို အကျင့်စရိုက်တွေအတိုင်း နိုင်ငံတကာပွဲမှာတော့ မလုပ်လောက်ပါဘူး ဆင်ခြင်လိမ့်မယ်ထင်ခဲ့တာပါ ဆင်ခြင်ဖို့လည်း သေချာမှာလိုက်ပေမယ့် ခုတော့ မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရတယ်
နိုင်ငံတကာအလှမယ်တွေအားလုံးရှိနေတဲ့Group Chat မှာပါ သူမကို နာမည်တပ် သတိပေးတာ ခံလိုက်ရပါတယ် နိုင်ငံကိုယ်စားပြု အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် စေလွှတ်တာ ဖြစ်ပေမယ့် နိုင်ငံတကာမယ်တွေကြားမှာ မျက်နှာပျက်ငယ်စရာတွေဖြစ်ခဲ့ရတယ်။
* Poland Visa
မသွားခင် Bangkok မှာ Visa သွားလုပ်တော့လည်းနောက်ဆက်တွဲကိစ္စတစ်ခု (မပြောအပ်သောကိစ္စ) ကိုသာအာရုံရောက်ပြီး Visa လျှောက်ချိန် မှီဖို့မနည်းနှိုးဆော်ရတယ်။သွားလျှောက်တဲ့အချိန်မှာလည်း Passport စာအုပ်တစ်အုပ်ကလွဲလို့ လိုအပ်တဲ့ စာရွက်စာတမ်းများ ပိုင်ဆိုင်မှုအထောက်အထားများ ဘာတစ်ခုမှကိုမရှိလို့ Organization ဘက်က Visa ရရှိရေးအတွက် စိတ်ဒုက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ကြိုးစားခဲ့ရတယ်။ Visa အတွက် ကုန်ကျစရိတ်အဝဝကိုလည်း Org ကပဲ ကုန်ကျခံခဲ့ပါတယ် ။ပြိုင်ပွဲစရိတ်ကို Org က ဘာမှ မထုတ်ပေးဘူးပြောနေကြလို့ရှင်းပြရတာပါ…
ဟိုးယခင်အလှမယ် ကျေးဇူးကန်း ၂ယောက် သုံးတဲ့နည်းလမ်းအတိုင်းပါပဲ သူတို့က ခုကိစ္စမှာ attention လိုချင်ပြီး ပွဲလန့်တုန်းဖျာဝင်ခင်းကြပြန်ပါတယ် သူတို့မှာလည်း အဲ့လို အပုပ်အပွ ကိုယ်စီနဲ့ပါ (အဲ့ ၂ယောက်ရဲ့ အကျင့်တွေ အပုပ်အပွတွေလည်း လိုအပ်လာရင် ဆက်လက်ဖုံးဖိပေးထားတော့မှာ မဟုတ်ပါဘူး အသိုင်းအဝိုင်းကတော့သိထားပြီးဖြစ်မှာပါ)
* လေဆိပ်မှာ
လေဆိပ်ရောက်တော့လည်း ရိုးရိုးလက်မှတ်မစီးနိုင်ဘူး Business class ကိုယ့်ဘာသာ change မယ်ဆိုပြီး change ပါတယ် hand carry အိတ်တစ်လုံးကိုလည်းကိုယ်တိုင်လက်က မဆွဲနိုင်ဘူး ဘန်ကောက်ရောက်ရင်လည်းအိတ်တွေများလို့ကိုယ်တိုင်ထုတ် check in မဝင်နိုင်ဘူး လိုက်ခဲ့မှရမယ်ဆိုလို့ အစီအစဉ်မရှိဘဲ ချက်ချင်း မန်နေဂျာကို အိမ်ပြန်ခိုင်း ကျနော့် passportကို သွားယူခိုင်းပြီး ဘန်ကောက်ထိလိုက်ပို့ပေးခဲ့ရပါတယ် ။
အချိန်ပြည့် မာန်မာန ထောင်လွှားပြီး အောက်ခြေအတော်လွတ်ပါတယ် သည်းခံလက်စနဲ့ သည်းခံပေးခဲ့ပါတယ် ဟိုရောက်တော့ အိတ်ကအဆင်မပြေဘူး များနေလို့ သူ့အိတ်တွေဖွင့်ပြီး အတွင်းခံကအစ ဖိနပ်အဆုံး ကိုယ်တိုင်သေချာထည့်ပေးပြီး Poland သွားဖို့ check in ဝင်ပေးခဲ့တယ်။ ဒါတောင်ပြောထားတဲ့ ကီလိုထက်ပိုလို့ အပိုထပ်ဆောင်ပေးလိုက်ပါတယ် Bkk လေဆိပ်ရောက်မှသူဟိုမှာ Personal သုံးဖို့အတွက်ဒေါ်လာ အိမ်မှာမေ့ကျန်နေခဲ့ကြောင်းပြောလို့ ကျနော့်ရဲ့ Master Card ကိုပါထည့်ပေးလိုက်ပြီး အသုံးလိုရင် ငွေထပ်ထည့်ပေးမယ်ပြောခဲ့ပါတယ်
* Evening Gown လိုက်ပို့ရမယ့် ကိစ္စ
အလှမယ်တိုင်း ကိုယ်တိုင်ယူသွားရတာပါ မပြင်မဆင် နီးစပ်ရာ ဆွဲယူသွားတဲ့ Evening Gown ၅စုံ ပါသွားပါတယ် ပွဲကာလတစ်လျှောက် လုပ်ချင်ရာလုပ် နေချင်သလိုနေခဲ့ပြီး Result အခြေအနေမကောင်းမှန်းသိခါမှ Evening Gown ဝတ်စရာမရှိဘူးဆိုပြီး ပြသနာရှာတယ် ပရိသတ်သနားအောင် Drama ခင်းပါတယ် Org နဲ့ ပရိသတ်ကြား ရန်တိုက်ပေးပါတယ်
ဟိုရောက်ပြီးမှကျနော့်ဆီကို messenger ကနေ voice massage နဲ့စာပို့ပြီး Poland လာရင် evening gown ယူခဲ့ပေးဖို့နဲ့ ယူရမဲ့ Designer ဖုန်းနံပါတ်ဆိုပြီးပေးပါတယ် ကျနော်ကလည်းလာဖြစ်ရင်ယူခဲ့မယ့်အကြောင်းပြောပါတယ် လေဆိပ်ကမထွက်ခင်အထိ Org က သူ့ကိုအကြိမ်ကြိမ်မေးပါတယ် အဝတ်အစား Evening Gown အဆင်ပြေလားဆိုတော့ ၅စုံတောင် ယူသွားတယ်။ အားလုံးအလှတွေကြီးပဲ နောက်ထပ်လည်း ချုပ်ခိုင်းခဲ့တယ်ပြောလို့ ၅စုံအလှတွေ ဆိုရင် အဆင်ပြေပြီးဆိုပြီး စိတ်ချနေခဲ့ပါတယ်။
တကယ်တမ်းကျတော့ ဝတ်ပြီးသားဝတ်စုံတွေပါ…
ကျနော်သွားဖို့အတွက် ဗီဇာလည်းလုပ်ပြီးပါပြီ လေယာဉ်လက်မှတ်လည်းဖြတ်ပြီးပါပြီ သွားခါနီးမှ အရေးကြီးခရီးစဉ်တစ်ခုနဲ့ ကလေး အယောက် တစ်ထောင် ပရဟိတအစီအစဉ်တွေတစ်ပြိုင်နက်ပေါ်လာပါတယ်။ Polandရောက်ရင် ကိုယ်ဘာမှ လုပ်ပေးလို့မရဘဲ အားပေးရုံသာ အားပေးရမှာပါ။သူ့ အခြေအနေကလည်း မကောင်းတော့ ကျနော့် Org ကသူမရဲ့ပြိုင်ပွဲရလဒ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အချိန်ပါ… ဟိုဘက် Org နဲ့ ND တွေကို တွေ့ရဖို့ မျက်နှာပူပါတယ်…ဒါကြောင့် ဒီက ကိစ္စတွေက ကိုယ်တိုင်မလုပ်လို့ မရတဲ့အတွက် ဒီက အလုပ်ကိုဘဲ ဦးစားပေး ရွေးလိုက်ပါတယ်။မလာဖြစ်တော့ကြောင်း နောက်ဆုံး confirm ဖြစ်သွားတဲ့အချိန်မှာ သူ့ကိုပြောတော့ သူက ကျနော့်ကို သူ့ဖန်တွေကိုပဲအဲ့လိုသွားပြောလိုက်လေ ဆိုပြီးပြောပါတယ်။
နောက်တော့ ဘဝပျက်မယ် နာမည်ရပ်တည်လို့မရစေရဘူး ဖန်တွေနဲ့တိုက်ပေးမယ်ဆိုတဲ့အနေအထားတွေနဲ့ ကြားခံလူတယောက်ကိုပြောခိုင်းပါတယ် ကျနော်လည်း သူစိတ်ဖိစီးနေလို့ပြောတာပဲဆိုပြီးမသိချင်ယောင်ဆောင်ပေးခဲ့ပါတယ် အဲ့ချိန်ထိ ခွင့်လွှတ်ပေးခဲ့တယ် ဒါ့အပြင် ဟိုဘက် Org ကိုဆက်သွယ်ပြီး သူ့အတွက် Evening Gown စီစဉ်ပေးဖို့ တောင်းဆိုပေးလိုက်ပါသေးတယ်။
နောက်ဆုံးမှာ Mauritius အလှမယ်ဆီက gown ကို သူလည်းကြိုက်ကြောင်း ဟိုကလည်းငှားပေးကြောင်း အဆင်ပြေသွားပြီဖြစ်ကြောင်း ဟိုဘက် org ကကျနော့်ဆီကိုအကြောင်းကြားခဲ့ပါတယ် ။
ဒါပေမယ့် အဲ့ဒီ Evening Gown က Top 10 ဝင်မှ ဝတ်ရမှာပါ။ သူက Top 25 ဝင်ခဲ့ပါတယ်ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုနေကြသူမရဲ့ ဖန်တွေကို အသိမှတ်ပြုသောအားဖြင့် စင်မြင့်ထက်မှာ မြင်တွေ့ခွင့် ရအောင် ဟိုဘက် Org ကို နောက်ဆုံးအချိန်ထိ တောင်းပန်ခဲ့ရပါတယ်… ကျနော်လွှတ်သမျှ မယ်တွေ Supra မှာ ထိုက်ထိုက်တန်တန်နဲ့ Placement ကောင်းကောင်းတွေ ဆုတွေ ရလာကြတယ်ဆိုတာ အားလုံးအသိပါ မြန်မာ ဆိုတာနဲ့ Supra FAMILY တစ်ခုလုံးက နှစ်စဉ် အလေးပေး ချစ်ခင်ကြပါတယ် တခြားဘယ်Big 5 ပွဲမျိုး မှာမှ မပေးတဲ့နေရာကောင်းကောင်းတွေကို Supra က မြန်မာကို အသိမှတ်ပြုပေးခဲ့တယ် ND တစ်ယောက်အနေနဲ့ သိပ်ကို တာဝန်ကျေခဲ့တယ်လို့ ခံစားမိတယ် ရေရှည်လက်တွဲအလုပ်လုပ်လို့ အမြဲတမ်း အဆင်ပြေနေတဲ့ Supra အဖွဲ့အစည်းကို ဒီတစ်နှစ်မှာတော့ ခေါင်းမဖော်နိုင်အောင် ဘာမှ ပြောပေးလို့မရတဲ့ အခြေအနေဆိုးတစ်ခု ဖြစ်ခဲ့ရပါတယ်
ပြိုင်ပွဲနေ့ရက်
မနက်လည်းရောက်ရောသူ့ဖန်တွေက final gown မပို့ပေးလို့ပါဆိုပြီးတိုက်ခိုက်ကြ ရေးကြပြောကြတယ် ဒါနဲ့မီဒီယာတွေလည်းဆက်သွယ်မေးမြန်းလာတော့ fan တွေကိုဘာတွေသွားပြောလဲ သူတို့ကဘာလို့ မဟုတ်တာတွေရေးတင်နေတာလဲ ဆိုပြီး သူ့ဆီကို Org က ဖုန်းဆက်မေးပါတယ် အဲ့ကျတော့ သူမပြောပါဘူး Group chat မှာပဲ evening gown အဆင်မပြေဘူးပြောတာပါ status လေးတင်ရုံတင်လိုက်တာပါ ဒီလောက်တောင်ဖြစ်သွားလား ထင်မထားဘူး ဒါတောင် ဘာမှမလုပ်ရသေးဘူး ဒါလေးပြောလိုက်တာတောင်တွေ့တယ်နော် ကိုယ့်ဘဝကိုစဉ်းစားထားလိုက် ဆိုပြီး ခြိမ်းခြောက်ပြောဆိုပြန်ပါတယ်ဒါနဲ့မဖြေရှင်းရင် fan တွေကဟိုဘက်ထိစာတွေပါပို့နေတယ်ဆိုတာကြောင့် မီဒီယာတွေနဲ့တွေဆုံဖြေရှင်းခဲ့ပါတယ် ဖြေရှင်းပေးမှုတွေမှာလည်းသူ့ကိုလုံးဝမထိခိုက်အောင် Organization ရဲ့ပျက်ကွက်မှုလို့ယူဆတယ်ဆိုရင်တောင်းပန်ပါကြောင်းပြောခဲ့ပါတယ် တခြားကိစ္စတွေကို ဖုံးဖိပေးခဲ့ပါတယ် ပြိုင်ပွဲပြီးသည်အထိ အဆင်ပြေပြေနဲ့ အကောင်းဆုံး လုပ်နိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့အပေါ် ဆုတောင်းအားပေးနေခဲ့တယ် ပြိုင်ပွဲညရောက်တော့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကိုသာရှေ့ရှုပြီးအားပေးကြပါ သူ့စိတ်ခွန်းအားရစေမဲ့ကိစ္စသာပြောကြရေးကြဖို့တိုက်တွန်းခဲ့ပါတယ် ပြိုင်ပွဲအတွက်ရှေ့ရှုပြီး အဆဲခံ အပြောခံပေးခဲ့ပါတယ်
အခုတော့ပြိုင်ပွဲကပြီးသွားပါပြီ မပြီးသေးတာက ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုနေကြသေးတဲ့ ပရိသတ်များပါ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ရေးသားနေကြပါတယ် Cyber Bullying လုပ်ပြီး နိုင်ငံတကာ page ထိသွားပြီး တိုက်ခိုက်နေကြတယ် နာမည်ကြီးအလှမယ်တွေ နဲ့ Organization ကြားမှာအကြောင်းအရာတစ်စုံတစ်ရာ ရှိလာတိုင်း အကြောင်းအကျိုး အမှားအမှန်သေချာမဆင်ခြင်ကြဘဲ တဖက်ပိတ်ဇွတ်ကိုဖိအားပေး ညစ်ညမ်းစွာဆဲဆို တိုက်ခိုက်ရမ်းကားနေကြသူတွေကြောင့် Beauty pageant community အတွက်ရော နိုင်ငံတကာစင်မြင့်ထက်မှ ကိုယ်နိုင်ငံကပါဝင်ယှဉ်ပြိုင်ခွင့်ရအောင်ကြိုးပမ်းနေကြတဲ့ Org တွေ ND တွေလည်း တစ်နှစ်ထက်တစ်နှစ် ပိုနစ်နာလာစရာတွေပဲဖြစ်လာပါတယ်ကျနော်တို့ရှေ့ကပြဿနာရှိတဲ့ အလှမယ်တွေနဲ့ပတ်သက်ပြီးလည်း တတ်နိုင်သမျှ သည်းခံဖုံးဖိပေးခဲ့ပါတယ်။ သူတို့အပုပ်နံကိုဖုံးပေး ဖိပေးရင်း Org က အပုပ်နံ့ခံ ပြောဆိုခံနေရတာဖြစ်ပါတယ် ပြောချင်တာက အလှမယ်တွေအနေနဲ့ ကိုယ့်ကို Org ဘက်ကဘယ်လောက်အထိ ကူညီပေး ပံ့ပိုးပေးခဲ့ရမှန်း ခံစားခဲ့ရတဲ့ သူတို့ကိုယ်တိုင်အသိဆုံးဖြစ်ပါတယ် တချို့ကနိုင်ငံတကာပြိုင်ပွဲ သွားပြီး ပြန်လာရင် org တွေအပေါ် ဘုရားပြီး ညမ်းဖျက်လုပ်ကြတယ် သူတို့နဲ့အနုပညာလောကမှာ နောက်ပိုင်း အပြိုင်ဖြစ်လာမယ့်အလှမယ်တွေ ထပ်ထွက်ပေါ်လာမှာ မလိုလားကြဘူး ဒါကြောင့် Orgနဲ့ ရန်တိုက်ပေးကြတယ်
ပရိသတ်တွေရှေ့ Drama လုပ်ပြီး ကိုယ့်ကိုတတ်နိုင်တဲ့ဘက်က အပြည့်အဝပံ့ပိုးကူညီထားကြတဲ့ Organization တွေနဲ့ရန်တိုက်ပေးတဲ့ကိစ္စတွေကို ထပ်မဖြစ်စေချင်ပါဘူး အတောင်စုံလို့ပြန်ကြတာလက်ခံလို့ရပေမဲ့ ကိုယ်ခဏတာဖြစ်ဖြစ်နားခိုခဲ့ကြတဲ့ အသိုက်ကိုဖျက်သွားဖို့ထိကြံရွယ်တာ မကောင်းတဲ့လုပ်ရပ်ပါ ဒါပေမယ့် ကျနော်တို့ အမှန်တရားကိုထုတ်ပြောမှမတရားတဲ့လုပ်ရပ်တွေရပ်သွားမှာမလို့ ရှင်းပြရတာပါ ။ ဒီကိစ္စကို ရှင်းပြရတာဟာ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုနေကြသူများကြောင့်ပါဒီနေ့ည လေဆိပ်မှာ မြန်မာနိုင်ငံတော်အလံအဟောင်းကိုကိုင်ပြီး လာကြိုကြတဲ့ မြင်ကွင်းကိုလည်း Org က သဘောမတူပါဘူး Org ဘက်ကသွားကြိုခဲ့ကြတဲ့သူများရဲ့အစီအမံလည်းလုံးဝမဟုတ်ပါဘူး လာကြိုတဲ့ မိသားစုကလည်း မီဒီယာတွေကို Org က ဘာမှ Supporting မပေးကြောင်း ဖြေသွားတဲ့အတွက်ကြောင့် ခုလိုအမှန်အတိုင်း ဖြေရှင်းလိုက်ရတာပါ…မဟုတ်မမှန် သတင်းတွေ တက်လာတာကြောင့် Cyber Bullying ရဲ့ သားကောင် ဖြစ်နေရတဲ့ Org အတွက် သူမအနေနဲ့ Org က ပံ့ပိုးကူညီပေးခဲ့တယ်ဆိုတဲ့ အမှန်တရားတစ်ခုကို ရှင်းပြပေးဖို့ နောက်ဆုံးအခွင့်အရေး ပေးခဲ့ပေမယ့် မီဒီယာများကိုလုံးဝ ရှင်းပြမသွားခဲ့ပါဘူး
ဒီတိုင်းဆိုရင် ကျနော်တို့ကို ဆက်တိုက် Cyber Bullying လုပ်ခံနေရတာ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့လို့ အဖြစ်မှန်အားလုံးကို စိတ်မကောင်းစွာနဲ့ ရှင်းပြရခြင်း ဖြစ်ပါတယ်…အကြောင်းစုံ မသိနားမလည်ကြလို့ နိုင်ငံအတွက် မျှော်လင့်ချက်ကြီးစွာနဲ့ သူမကို အထင်ကြီးလေးစားပြီး ချစ်ခင်အားပေးနေကြရှာတဲ့ ပရိသတ်တွေကိုလည်း ဆဲဆိုရမ်းကားနေကြတဲ့ လူဆိုးလူမိုက်တွေ အဖြစ် ဆက်ပြီး အသုံးမချတော့ဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်…”လို့ အဖွဲ့အစည်းက အဖြစ်မှန်အားလုံးပါဆိုပြီး ဖွင့်ချရေးသားခဲ့တာဖြစ်ပါတယ်။We Love Cele
Photos-Shwe Eain Si
Source-MGLM
ဖိုးသူတော်(www.phothutaw.com)
Credit:Welovecele