ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္ လႈိင္ၿမိဳ႕နယ္က သံုးေလာင္းၿပိဳင္လူသတ္မႈ အဓိကတရားခံ ဇြဲလင္းထက္ကို ရန္ကုန္ အေနာက္ပိုင္းခ႐ုိင္ တရား႐ုံးကေသဒဏ္အမိန္႔ခ်မွတ္ခဲ့တယ္လို႔ အသတ္ခံရသူ ေဒၚေကသီလႈိင္ရဲ႕ ခင္ပြန္း ဦးလွမ်ဳိးထြန္းက ေျပာပါတယ္။

လႈိင္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ေဒၚေကသီလႈိင္နဲ႔ သမီးျဖစ္သူ မသာယာထြန္းအျပင္ ဆိုင္အလုပ္သမား မေအးမာဦးတို႔ကို သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္လို႔ ဒီဇင္ဘာ ၄ ရက္က ရန္ကုန္အေနာက္ပိုင္းခ႐ုိင္တရား႐ုံးကေန ဇြဲလင္းထက္ပါ ၃ ဦးကို စစ္ေဆးခဲ့ၿပီး အၿပီးသတ္အမိန္႔ ခ်မွတ္ခဲ့တာပါ။

သံုးေလာင္းၿပိဳင္လူသတ္မႈမွာ အဓိကတရားခံျဖစ္တဲ့ ဇြဲလင္းဦးကို တရားရံုးက ေသဒဏ္ အျပစ္ေပးခဲ့သလို ဇြဲလင္းဦးရဲ႕မိခင္ျဖစ္သူ ေဒၚတင္ရီနဲ႔ဇနီးျဖစ္သူ ခင္ခင္ၿဖိဳးတို႔ကို သက္ေသခံ ေဖ်ာက္ဖ်က္မႈ၊ အားေပးကူညီမႈအပါအဝင္ ပုဒ္မ(၃)ခုနဲ႔ ေထာင္ဒဏ္၁၀ႏွစ္ခြဲ တေပါင္းထဲ က်ခံေစဖို႔ အမိန္႔ခ်ခဲ့တာလို႔ ဦးလွမ်ဳိးထြန္းက ေျပာပါတယ္။

“ဇြဲလင္းထက္ကို ေသဒဏ္၊ သူ႔မိန္းမနဲ႔ သူ႔အေမကို ပုဒ္မ ၃ ခုအတြက္ကို ၃ ခုစလံုးမွာ အျပစ္ရွိတယ္ဆိုၿပီးေတာ့ (၇)ႏွစ္ရယ္၊ (၃)ႏွစ္ရယ္၊ (၆)လရယ္ တေပါင္းထဲက်ခံေစဆိုၿပီး အမိန္႔ခ်တယ္” လို႔ ဦးလွမ်ဳိးထြန္းက ေျပာပါတယ္။

ဇြဲလင္းထက္ဟာ မေကသီလႈိင္ပါ ၃ ဦးကို ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာ ၉ ရက္က သတ္ျဖတ္ခဲ့ၿပီး အိမ္ထဲမွာ တံခါးပိတ္ထားခဲ့တာပါ။ ေသဆံုးသူရဲ႕အေလာင္း ပုပ္ပြၿပီး ပတ္ဝန္းက်င္က သတိျပဳမိတာေၾကာင့္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွ ေသဆံုးေၾကာင္း သိရွိခဲ့တာပါ။

တရားခံေတြကိုေတာ့ ႏိုဝင္ဘာ ၁၅ ရက္ညေနမွာ ဖမ္းဆီးရမိခဲ့ၿပီး တႏွစ္ေက်ာ္အတြင္း ခ႐ုိင္တရား႐ုံးကေန အၿပီးသတ္အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:DVB

#Unicode Version#
ရန်ကုန် လှိုင်မြို့နယ်က သုံးလောင်းပြိုင်လူသတ်မှု အဓိကတရားခံ ဇွဲလင်းထက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးကသေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ အသတ်ခံရသူ ဒေါ်ကေသီလှိုင်ရဲ့ ခင်ပွန်း ဦးလှမျိုးထွန်းက ပြောပါတယ်။

လှိုင်မြို့နယ်မှာနေထိုင်တဲ့ ဒေါ်ကေသီလှိုင်နဲ့ သမီးဖြစ်သူ မသာယာထွန်းအပြင် ဆိုင်အလုပ်သမား မအေးမာဦးတို့ကို သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၄ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ ဇွဲလင်းထက်ပါ ၃ ဦးကို စစ်ဆေးခဲ့ပြီး အပြီးသတ်အမိန့် ချမှတ်ခဲ့တာပါ။

သုံးလောင်းပြိုင်လူသတ်မှုမှာ အဓိကတရားခံဖြစ်တဲ့ ဇွဲလင်းဦးကို တရားရုံးက သေဒဏ် အပြစ်ပေးခဲ့သလို ဇွဲလင်းဦးရဲ့မိခင်ဖြစ်သူ ဒေါ်တင်ရီနဲ့ဇနီးဖြစ်သူ ခင်ခင်ဖြိုးတို့ကို သက်သေခံ ဖျောက်ဖျက်မှု၊ အားပေးကူညီမှုအပါအဝင် ပုဒ်မ(၃)ခုနဲ့ ထောင်ဒဏ်၁၀နှစ်ခွဲ တပေါင်းထဲ ကျခံစေဖို့ အမိန့်ချခဲ့တာလို့ ဦးလှမျိုးထွန်းက ပြောပါတယ်။

“ဇွဲလင်းထက်ကို သေဒဏ်၊ သူ့မိန်းမနဲ့ သူ့အမေကို ပုဒ်မ ၃ ခုအတွက်ကို ၃ ခုစလုံးမှာ အပြစ်ရှိတယ်ဆိုပြီးတော့ (၇)နှစ်ရယ်၊ (၃)နှစ်ရယ်၊ (၆)လရယ် တပေါင်းထဲကျခံစေဆိုပြီး အမိန့်ချတယ်” လို့ ဦးလှမျိုးထွန်းက ပြောပါတယ်။

ဇွဲလင်းထက်ဟာ မကေသီလှိုင်ပါ ၃ ဦးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်က သတ်ဖြတ်ခဲ့ပြီး အိမ်ထဲမှာ တံခါးပိတ်ထားခဲ့တာပါ။ သေဆုံးသူရဲ့အလောင်း ပုပ်ပွပြီး ပတ်ဝန်းကျင်က သတိပြုမိတာကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှ သေဆုံးကြောင်း သိရှိခဲ့တာပါ။

တရားခံတွေကိုတော့ နိုဝင်ဘာ ၁၅ ရက်ညနေမှာ ဖမ်းဆီးရမိခဲ့ပြီး တနှစ်ကျော်အတွင်း ခရိုင်တရားရုံးကနေ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:DVB


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top