ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေကသီပန္ရုပ္ရွင္ထုတ္လုပ္ေရးရဲ႕ပဲ့ကိုင္ရွင္ ဒါရိုက္တာမိုက္တီး၊ ေဇာ္ဝင္းေမာင္၊ လင္းဇာနည္ေဇာ္၊ ခ်စ္ခ်စ္ေဇာ္တို႔ရဲ႕ ဖခင္ၾကီးျဖစ္တဲ့ ဒါရိုက္တာ ဦးခင္ေဇာ္ ဟာ ဒီဇင္ဘာလ (၃) ရက္ေန႔ညအခ်ိန္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ဖခင္ကို ပိုးေကာင္ေလးသဖြယ္ အရိပ္တၾကည့္ၾကည့္နဲ႔ ျပဳစုေစာင့္ေရွာက္ခဲ့ၾကတဲ့ သားသမီးေတြအတြက္ အစားထိုးမရတဲ့ ဆံုးရွံုးမွုၾကီးတစ္ခုျဖစ္ခဲ့ပါတယ္။

မိသားစုသိုက္သိုက္ဝန္းဝန္းနဲ႔ ေပ်ာ္ရႊင္ခဲ့ၾကေပမယ့္ ဒါရိုက္တာမိုက္တီးတစ္ေယာက္ကေတာ့ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႔ရွိမွုနဲ႔ အမွုရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါရိုက္တာဦးခင္ေဇာ္တစ္ေယာက္ သူအခ်စ္ဆံုးသားျပန္အလာကို ေစာင့္ေနတယ္ဆိုျပီးေတာ့ ခ်စ္ခ်စ္ေဇာ္ရဲ႕ ေရးသားမွုေတြကို မၾကာေသးခင္ကမွေတြ႔ခဲ့ရပါေသးတယ္။ ဖခင္ကို ခ်စ္တဲ့ ဒါရိုက္တာမိုက္တီး ႏွင့္ ဖခင္ရဲ႕ အခ်စ္ရဆံုး သားျဖစ္သူ မိုက္တီးကို ေနာက္ဆံုးခရီးစဥ္ေလးမွာ လိုက္ပါပို႔ေဆာင္ခြင့္ရေစခ်င္တဲ့ ပရိသတ္ေတြလည္း မ်ားစြာရွိခဲ့ပါတယ္။

သို႔ေသာ္လည္း ဒီဇင္ဘာလ ၇ ရက္ေန႔မွာ ဂူသြင္းသျဂိဳလ္ခဲ့တဲ့ ဖခင္ရဲ႕ ေနာက္ဆံုးခရီးကုိေတာ့ ဒါရိုက္တာမိုက္တီးတစ္ေယာက္ အခ်ဳပ္ထဲကေနပဲ ကန္ေတာ့ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဖခင္ရဲ႕ေနာက္ဆံုးခရီးမွာ ကန္ေတာ့ခြင့္ရရွိဖို႔ မိသားစုနဲ႔ မိတ္ေဆြအသိုင္းအဝုိင္းက အာမခံေလ်ွာက္ထားရန္ၾကိဳးစားခဲ့ၾကေသာ္လည္း ဒါရိုက္တာမိုက္တီးတစ္ေယာက္ ရံုးထုတ္စဥ္ေျပာလိုက္တဲ့စကားတစ္ခြန္းနဲ႔ အာမခံေလ်ွာက္ထားဖို႔ လက္ေလ်ွာ့ခဲ့ၾကရတာျဖစ္ပါတယ္။

“ကိုမိုက္ သူ၏ ဖခင္နာေရးကို လာလို႔ရလားလို႔ေမးတဲ့သူေတြမ်ားလားလို႔ အကုန္လံုးကို ေပါင္းေျဖေပးလိုက္ပါတယ္ ဖခင္ရဲ႕ေနာက္ဆံုးခရီးကို ဘယ္သားသမီးဆို ကေတာ့ခ်င္ၾကပါတယ္ မိတ္ေဆြအသိုင္းအဝိုင္းေတြက ဖခင္နာေရး ေနာက္ဆံုးကန္ေတာ့ခြင့္ရရိွဖို႔ အာမခံအေနနဲ႔ ေလွ်ာက္ဖို႔ႀကိဳးစားၾကပါတယ္

ဒါေပမယ့္ ကိုမိုက္ေျပာလာတာက

“အေဖရဲ႕ ေနာက္ဆံုးခရီးကို ကန္ေတာ့ခ်င္ပါတယ္။ဒါေပမယ့္ ဥပေဒရဲ႕ေဘာင္ထဲကပဲ အရင္လူေတြလည္း ခြင့္မျပဳခဲ့သလို ကိုယ္ကိုတိုင္လည္း အခြင့္အေရးယူၿပီး မထြက္ခ်င္ပါဘူး။ ဥပေဒေဘာင္ထဲကပဲ အေဖကို ေထာင္အခ်ဳပ္ထဲကပဲ စိတ္ထဲရည္မွန္းၿပီး ကန္ေတာ့မွာပါ……..ဝိုင္းကူၾကတဲ့ အားလံုးကို ေက်းဇူးတင္ပါတယ္”

ဒါကိုမိုက္တီးရဲ႕ အေဖရဲ႕ေနာက္ဆံုးခရီးအတြက္ အခ်ဳပ္ထြက္စဥ္ ေျပာခဲ့တဲ့ စကားပါ။” လို႔ အရွင္မထင္ေဖ့ဘုတ္ကေနျပီး ေရးသားေဖာ္ျပထားတာကို ခ်စ္ခ်စ္ေဇာ္က မ်ွေဝေပးထားတာျဖစ္ပါတယ္။

ခုလို တရားဥပေဒေဘာင္ထဲကေနျပီး အခြင့္အေရးမယူတတ္တဲ့ ဒါရိုက္တာမိုက္တီးတစ္ေယာက္ ဖခင္ ရဲ႕ ေနာက္ဆံုးခရီးကို ကန္ေတာ့ခြင့္မရလိုက္ေပမယ့္ ေလးစားဖုိ႔ေကာင္းတဲ့စိတ္ဓာတ္ကို မ်က္ဝါးထင္ထင္ျမင္ေတြ႔လိုက္ရတာျဖစ္ပါတယ္။ ဒါရိုက္တာမိုက္တီးတုိ႔မိသားစုေလးလည္း အရင္လို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အျမန္ဆံုး ျပန္လည္ေနႏိုင္ပါေစလို႔ ပရိသတ္ေတြနဲ႔ထပ္တူ ဆုေတာင္းေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Cele
# Unicode Version ျဖင့္ ဖတ္ပါ #

ကေသီပန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာမိုက်တီး၊ ဇော်ဝင်းမောင်၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်တို့ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော် ဟာ ဒီဇင်ဘာလ (၃) ရက်နေ့ညအချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်ကို ပိုးကောင်လေးသဖွယ် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ သားသမီးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ခဲ့ကြပေမယ့် ဒါရိုက်တာမိုက်တီးတစ်ယောက်ကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါရိုက်တာဦးခင်ဇော်တစ်ယောက် သူအချစ်ဆုံးသားပြန်အလာကို စောင့်နေတယ်ဆိုပြီးတော့ ချစ်ချစ်ဇော်ရဲ့ ရေးသားမှုတွေကို မကြာသေးခင်ကမှတွေ့ခဲ့ရပါသေးတယ်။ ဖခင်ကို ချစ်တဲ့ ဒါရိုက်တာမိုက်တီး နှင့် ဖခင်ရဲ့ အချစ်ရဆုံး သားဖြစ်သူ မိုက်တီးကို နောက်ဆုံးခရီးစဉ်လေးမှာ လိုက်ပါပို့ဆောင်ခွင့်ရစေချင်တဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ပါတယ်။

သို့သော်လည်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဂူသွင်းသဂြိုလ်ခဲ့တဲ့ ဖခင်ရဲ့ နောက်ဆုံးခရီးကိုတော့ ဒါရိုက်တာမိုက်တီးတစ်ယောက် အချုပ်ထဲကနေပဲ ကန်တော့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဖခင်ရဲ့နောက်ဆုံးခရီးမှာ ကန်တော့ခွင့်ရရှိဖို့ မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အာမခံလျှောက်ထားရန်ကြိုးစားခဲ့ကြသော်လည်း ဒါရိုက်တာမိုက်တီးတစ်ယောက် ရုံးထုတ်စဉ်ပြောလိုက်တဲ့စကားတစ်ခွန်းနဲ့ အာမခံလျှောက်ထားဖို့ လက်လျှော့ခဲ့ကြရတာဖြစ်ပါတယ်။

“ကိုမိုက် သူ၏ ဖခင်နာရေးကို လာလို့ရလားလို့မေးတဲ့သူတွေများလားလို့ အကုန်လုံးကို ပေါင်းဖြေပေးလိုက်ပါတယ် ဖခင်ရဲ့နောက်ဆုံးခရီးကို ဘယ်သားသမီးဆို ကတော့ချင်ကြပါတယ် မိတ်ဆွေအသိုင်းအဝိုင်းတွေက ဖခင်နာရေး နောက်ဆုံးကန်တော့ခွင့်ရရှိဖို့ အာမခံအနေနဲ့ လျှောက်ဖို့ကြိုးစားကြပါတယ်

ဒါပေမယ့် ကိုမိုက်ပြောလာတာက

“အဖေရဲ့ နောက်ဆုံးခရီးကို ကန်တော့ချင်ပါတယ်။ဒါပေမယ့် ဥပဒေရဲ့ဘောင်ထဲကပဲ အရင်လူတွေလည်း ခွင့်မပြုခဲ့သလို ကိုယ်ကိုတိုင်လည်း အခွင့်အရေးယူပြီး မထွက်ချင်ပါဘူး။ ဥပဒေဘောင်ထဲကပဲ အဖေကို ထောင်အချုပ်ထဲကပဲ စိတ်ထဲရည်မှန်းပြီး ကန်တော့မှာပါ……..ဝိုင်းကူကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဒါကိုမိုက်တီးရဲ့ အဖေရဲ့နောက်ဆုံးခရီးအတွက် အချုပ်ထွက်စဉ် ပြောခဲ့တဲ့ စကားပါ။” လို့ အရှင်မထင်ဖေ့ဘုတ်ကနေပြီး ရေးသားဖော်ပြထားတာကို ချစ်ချစ်ဇော်က မျှဝေပေးထားတာဖြစ်ပါတယ်။

ခုလို တရားဥပဒေဘောင်ထဲကနေပြီး အခွင့်အရေးမယူတတ်တဲ့ ဒါရိုက်တာမိုက်တီးတစ်ယောက် ဖခင် ရဲ့ နောက်ဆုံးခရီးကို ကန်တော့ခွင့်မရလိုက်ပေမယ့် လေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးတို့မိသားစုလေးလည်း အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံး ပြန်လည်နေနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top