(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ေက်ာ္ေက်ာ္ဗိုလ္ဟာ ပရိသတ္ေတြေရွ႕က အခ်ိန္အနည္းငယ္ေလာက္ေပ်ာက္သြားျပီးေနာက္မွာ သူေပ်ာက္သြားရတဲ့အေၾကာင္းကို “ကြ်န္ေတာ္ရွက္လုိ႔ ဆိုတဲ့ ဗီဒီယိုအတိုေလးရိုက္ျပီး ပရိသတ္ေတြကုိရွင္းျပခဲ့ျပီး ပရိသတ္အားေပးမႈတခဲနက္ရရွိကာ အခုဆုိရင္ သူ႔စိတ္နဲ႔ကုိက္တဲ့ ဇာတ္လမ္းေလးေတြကုိေရြးခ်ယ္လက္ခံျပီးဇာတ္ကားေတြျပန္လည္ရိုက္ကူးေနျပီျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္က သူ႔ရဲ႕လက္ရွိအနုပညာလႈပ္ရွားမႈေတြနဲ႔ ေနတိုးနဲ႔အတူတူထူးခြ်န္ဆုရဖို႔အတြက္ ရင္ခုန္မႈေတြအေၾကာင္းေျပာျပသြားပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္က အနုပညာနယ္ပယ္မွာတတ္နုိင္သမွ်ၾကိဳးစားသြားမွာျဖစ္ေၾကာင္းကုိ “ကြ်န္ေတာ္ကေတာ့ နုိင္သေရြ႕ေတာ့သြားမွာပါပဲဗ်။ကြ်န္ေတာ့္ဝန္ကြ်န္ေတာ့္အားေလးနဲ႔ နိုင္သေလာက္ေတာ့သြားမွာပါပဲ။ မနုိင္လည္းထမ္းရမွာပဲ။ဒါက ကြ်န္ေတာ့္ရဲ႕အနုပညာသမားဘဝမွာ တတ္နုိင္သေရြ႕ေတာ့ ကြ်န္ေတာ္ေရြ႕နုိင္ေအာင္ၾကိဳးစားမွာပါပဲ”လို႔ ေျပာထားပါတယ္။


ေက်ာ္ေက်ာ္ဗို္လ္က လက္ရွိမွာ နီးကပ္လာျပီျဖစ္တဲ့ အကယ္ဒမီေပးပြဲၾကီးအတြက္ရင္ခုန္သံကုိ “အကယ္ဒမီဆိုတာထက္ ကြ်န္ေတာ့္ကုိအားေပးတဲ့ ပရိသတ္ေတြ မိဘျပည္သူေတြအကုန္လံုးက ကြ်န္ေတာ့္ကုိခ်ီးက်ဴးၾကတယ္။ ခ်ီးေျမာက္ၾကတယ္ဆိုေတာ့ ကြ်န္ေတာ္ပီတိျဖစ္ရပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

မုန္းစြဲဇာတ္ကားထဲက ကာရိုက္တာနဲ႔ ပတ္သက္ျပီးေတာ့ၾကိဳးစားခဲ့ပံုကုိ ေက်ာ္ေက်ာ္ဗို္လ္က “ဒီကားစရိုက္ကတည္းက ကြ်န္ေတာ္ပါဝင္ပတ္သက္ရတဲ့ ကာရိုက္တာတစ္ခုကိုကြ်န္ေတာ့္ဝန္ကြ်န္ေတာ့္အားနဲ႔ ကြ်န္ေတာ္စြမ္းနုိင္သမွ်စြမ္းေဆာင္ခဲ့တဲ့အတြက္ ကြ်န္ေတာ့္အနုပညာလိပ္ျပာ ကြ်န္ေတာ္လွတယ္။ ကြ်န္ေတာ္ေက်နပ္တယ္။ အဲဒီေက်နပ္မႈနဲ႔ထုိက္တန္စြာ ပရိသတ္ေတြက ခ်ီးက်ဴးေထာက္ပ့့ံေပးၾကတဲ့အတြက္ ကြ်န္ေတာ္ပီတိျဖစ္ရတယ္ေပါ့ေနာ္။ ဒီ့ထက္အပုိဆုကေတာ့ အကယ္ဒမီဆိုတာၾကီးပါ ခန္႔မွန္းေပးၾကတယ္ဆုိေတာ့ ကြ်န္ေတာ္ ဝမ္းသာတယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

တကယ္လုိ႔ သူငယ္ခ်င္းျဖစ္သူ ေနတိုးနဲ႔ အတူတူအကယ္ဒမီရမယ္ဆိုရင္ဘယ္လုိခံစားရမယ္ဆိုတဲ့ ရင္ခုန္မႈကုိလည္း “အမွတ္တရတစ္ခုေတာ့ ျဖစ္မွာေပါ့ေန္ာ။ မုန္းစြဲကေတာ့ Team တစ္ခုလံုးေကာင္းတယ္။ ဖန္တီးတ့ဲလူေတြအားလံုး ေကာင္းခဲ့ၾကတဲ့အတြက္ အားလံုးကုိကြ်န္ေတာ္ထုိ္က္တန္တဲ့အသိအမွတ္ျပဳမႈမ်ိဳးရေစခ်င္တယ္။ ေနတိုးနဲ႔ကြ်န္ေတာ္နဲ႔ကေတာ့ အျငိမ့္စင္ေပၚမွာအျမဲတမ္းရပ္ေနၾကပဲ။အကယ္ဒမီစင္ေပၚမွာတူရပ္ဖို႔ပဲက်န္ေတာ့တယ္။အဲ့ဒါကေတာ့ အားလံုးတုိက္ဆိုင္မွေပ့ါေနာ္။ ကုိယ္ရပ္ခ်င္တိုင္းသြားရပ္လုိ႔မွမရတာ”လို႔ ရယ္ေမာရင္းေျဖၾကားေပးထားပါတယ္။

ပရိသတ္ၾကီးေရာ ဒီနွစ္အကယ္ဒမီကုိ ဘယ္သူရမယ္ထင္လဲ။ဘယ္သူ႔ကုိရေစခ်င္ၾကလဲ။ ေက်ာ္ေက်ာ္ဗိုလ္နဲ႔ ေနတိုးကုိ အတူတူရေစခ်င္တဲ့သူေတြေရာရွိလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Realthadin


#Unicode Version#

ကျော်ကျော်ဗိုလ်ဟာ ပရိသတ်တွေရှေ့က အချိန်အနည်းငယ်လောက်ပျောက်သွားပြီးနောက်မှာ သူပျောက်သွားရတဲ့အကြောင်းကို “ကျွန်တော်ရှက်လို့ ဆိုတဲ့ ဗီဒီယိုအတိုလေးရိုက်ပြီး ပရိသတ်တွေကိုရှင်းပြခဲ့ပြီး ပရိသတ်အားပေးမှုတခဲနက်ရရှိကာ အခုဆိုရင် သူ့စိတ်နဲ့ကိုက်တဲ့ ဇာတ်လမ်းလေးတွေကိုရွေးချယ်လက်ခံပြီးဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ နေတိုးနဲ့အတူတူထူးချွန်ဆုရဖို့အတွက် ရင်ခုန်မှုတွေအကြောင်းပြောပြသွားပါတယ်။

ကျော်ကျော်ဗိုလ်က အနုပညာနယ်ပယ်မှာတတ်နိုင်သမျှကြိုးစားသွားမှာဖြစ်ကြောင်းကို “ကျွန်တော်ကတော့ နိုင်သရွေ့တော့သွားမှာပါပဲဗျ။ကျွန်တော့်ဝန်ကျွန်တော့်အားလေးနဲ့ နိုင်သလောက်တော့သွားမှာပါပဲ။ မနိုင်လည်းထမ်းရမှာပဲ။ဒါက ကျွန်တော့်ရဲ့အနုပညာသမားဘဝမှာ တတ်နိုင်သရွေ့တော့ ကျွန်တော်ရွေ့နိုင်အောင်ကြိုးစားမှာပါပဲ”လို့ ပြောထားပါတယ်။

ကျော်ကျော်ဗိုလ်က လက်ရှိမှာ နီးကပ်လာပြီဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးအတွက်ရင်ခုန်သံကို “အကယ်ဒမီဆိုတာထက် ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေ မိဘပြည်သူတွေအကုန်လုံးက ကျွန်တော့်ကိုချီးကျူးကြတယ်။ ချီးမြောက်ကြတယ်ဆိုတော့ ကျွန်တော်ပီတိဖြစ်ရပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

မုန်းစွဲဇာတ်ကားထဲက ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ကြိုးစားခဲ့ပုံကို ကျော်ကျော်ဗိုလ်က “ဒီကားစရိုက်ကတည်းက ကျွန်တော်ပါဝင်ပတ်သက်ရတဲ့ ကာရိုက်တာတစ်ခုကိုကျွန်တော့်ဝန်ကျွန်တော့်အားနဲ့ ကျွန်တော်စွမ်းနိုင်သမျှစွမ်းဆောင်ခဲ့တဲ့အတွက် ကျွန်တော့်အနုပညာလိပ်ပြာ ကျွန်တော်လှတယ်။ ကျွန်တော်ကျေနပ်တယ်။ အဲဒီကျေနပ်မှုနဲ့ထိုက်တန်စွာ ပရိသတ်တွေက ချီးကျူးထောက်ပံ့ပေးကြတဲ့အတွက် ကျွန်တော်ပီတိဖြစ်ရတယ်ပေါ့နော်။ ဒီ့ထက်အပိုဆုကတော့ အကယ်ဒမီဆိုတာကြီးပါ ခန့်မှန်းပေးကြတယ်ဆိုတော့ ကျွန်တော် ဝမ်းသာတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

တကယ်လို့ သူငယ်ချင်းဖြစ်သူ နေတိုးနဲ့ အတူတူအကယ်ဒမီရမယ်ဆိုရင်ဘယ်လိုခံစားရမယ်ဆိုတဲ့ ရင်ခုန်မှုကိုလည်း “အမှတ်တရတစ်ခုတော့ ဖြစ်မှာပေါ့နေ်ာ။ မုန်းစွဲကတော့ Team တစ်ခုလုံးကောင်းတယ်။ ဖန်တီးတဲ့လူတွေအားလုံး ကောင်းခဲ့ကြတဲ့အတွက် အားလုံးကိုကျွန်တော်ထိုက်တန်တဲ့အသိအမှတ်ပြုမှုမျိုးရစေချင်တယ်။ နေတိုးနဲ့ကျွန်တော်နဲ့ကတော့ အငြိမ့်စင်ပေါ်မှာအမြဲတမ်းရပ်နေကြပဲ။အကယ်ဒမီစင်ပေါ်မှာတူရပ်ဖို့ပဲကျန်တော့တယ်။အဲ့ဒါကတော့ အားလုံးတိုက်ဆိုင်မှပေ့ါနော်။ ကိုယ်ရပ်ချင်တိုင်းသွားရပ်လို့မှမရတာ”လို့ ရယ်မောရင်းဖြေကြားပေးထားပါတယ်။

ပရိသတ်ကြီးရော ဒီနှစ်အကယ်ဒမီကို ဘယ်သူရမယ်ထင်လဲ။ဘယ်သူ့ကိုရစေချင်ကြလဲ။ ကျော်ကျော်ဗိုလ်နဲ့ နေတိုးကို အတူတူရစေချင်တဲ့သူတွေရောရှိလား။ပြောခဲ့ကြပါဦး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top