ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


နယူးဇီလန္ႏိုင္ငံမွာ ၁၉၃၀ ခုႏွစ္တုန္းက ေရကာတာ စီမံကိန္းတခု ရွိခဲ့ပါတယ္။ ေရကာတာ စီမံကိန္းစေတာ့ အလုပ္သမားေတြက ၿမိဳ႕ငယ္ေလးတၿမိဳ႕ ေဆာက္ခဲ့ပါတယ္။ Waitaki ေရကန္ရွိတဲ့ အဲဒီၿမိဳ႕ငယ္ေလးဟာ အခုေတာ့လည္း တၿမိဳ႕လုံးေရာင္းဖို႔ ျဖစ္လာပါေတာ့တယ္။

ပိုက္ဆံရွိလာတဲ့အခါ တခ်ိဳ႕လူေတြက အိမ္ဝယ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ တိုက္ခန္းဝယ္ၾကပါတယ္။ အခုေတာ့ ၿမိဳ႕တၿမိဳ႕လုံးကိုပါ ဝယ္ႏိုင္ပါေတာ့မယ္။ အဲဒီၿမိဳ႕ကို ဘယ္သူေတြက ဝယ္ႏိုင္ၾကမလဲ။


Waitaki ေရကန္ရွိတဲ့ ၿမိဳ႕ငယ္ေလးကို ေရာင္းမယ့္ေဈးႏႈန္းကေတာ့ ေဒၚလာ ၂ ဒႆမ ၈ မီလီယံ ျဖစ္ပါသတဲ့။ ဒီၿမိဳ႕ငယ္ေလးဟာ နယူးဇီလန္ႏိုင္ငံရဲ႕ေတာင္ဘက္ပိုင္းကြၽန္းစုေတြထဲရွိၿပီး Dunedin ရဲ႕ ေျမာက္ဘက္ ကီလိုမီတာ ၁၈၀ (၁၁၂ မိုင္) အကြာမွာ ရွိပါတယ္။

ဒီၿမိဳ႕ေလးကိုေတာ့ ၁၉၃၀ ခုႏွစ္ေတြတုန္းက တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေရကာတာ စီမံကိန္းတစ္ခု အတြက္ ရည္႐ြယ္ေဆာက္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ေရကာတာ အလုပ္သမားေတြဟာ မိသားစုေတြနဲ႔ အတူ ၁၉၈၀ ခုႏွစ္အထိ ေနထိုင္ခဲ့ၾကပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ လူေနထိုင္မႈ မရွိေတာ့သေလာက္ပါပဲ။


ဒါေပမဲ့လည္း ပစိဖိတ္သမုဒၵရာ အေနာက္ေတာင္ပိုင္းမွာရွိတဲ့ နယူးဇီလန္ႏိုင္ငံထဲက အဲဒီၿမိဳ႕ငယ္ေလးဟာ အေနာက္ကမာၻကလို ဘာမွမရွိဘဲ ဆိတ္သုန္းေနတဲ့ တေစၦၿမိဳ႕ေတာ္ေတာ့လည္း မဟုတ္ပါဘူး။ အဲဒီမွာ အရိပ္ေကာင္းတဲ့ ေနရာရွိသလို လူေနအိမ္း ၈ လုံးတိတိ ရွိပါတယ္။ ဒါ့အျပင္ စားေသာက္ဆိုင္တဆိုင္၊ ဘိလိယက္ခန္း ၁ ခန္းပါဝင္တဲ့ အိပ္ခန္း ၁ ခန္း ၊ ခ်က္ျပဳတ္စရာ မီးဖိုေဆာင္နဲ႔ ကားမ်ိဳးစုံထားႏိုင္တဲ့ ကားဂိုေဒါင္ ၁ လုံးပါ ရွိပါေသးတယ္။

ဒီႏွစ္အေစာပိုင္းမွာေတာ့ နယူးဇီလန္ဥပေဒက ႏိုင္ငံျခားခရီးသြားေတြ အိမ္ေျမ ဝယ္ယူႏိုင္ခြင့္ကို တား ျမစ္ပိတ္ပင္ခဲ့ပါတယ္။ ဒီဥပေဒၾကမ္းကို ခြင့္ျပဳခဲ့ၿပီးေနာက္ ၂၀၁၈ ၾသဂုတ္လမွာပဲ ကုန္သြယ္ေရးဝန္ႀကီး
David Parker က အခုလိုေျပာခဲ့ပါတယ္။ အခုလို ႏိုင္ငံျခားသားေတြကို အိမ္ေျမ ဝယ္ယူႏိုင္ခြင့္ ပိတ္ပင္လိုက္ျခင္းဟာ နယူးဇီလန္မွာ ေမြးဖြားခဲ့တဲ့ နယူးဇီလန္သားေတြအေနနဲ႔ ကိုယ့္ေျမေပၚက အိမ္ေတြကို ကိုယ္ကိုယ္တိုင္ ဝယ္ယူႏိုင္ၾကဖို႔ပါပဲ

ဒါဆိုရင္ေတာ့ ပိုက္ဆံဘယ္ေလာက္ရွိရွိ နယူးဇီလန္ႏိုင္ငံက လူေနအိမ္ ၈ လုံးရွိတဲ့ ၿမိဳ႕ငယ္ေလး ကို နယူးဇီလန္သားမွအပ ဘယ္သူမွ ဝယ္ႏိုင္ၾကေတာ့မွာ မဟုတ္ပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

နယူးဇီလန်နိုင်ငံမှာ ၁၉၃၀ ခုနှစ်တုန်းက ရေကာတာ စီမံကိန်းတခု ရှိခဲ့ပါတယ်။ ရေကာတာ စီမံကိန်းစတော့ အလုပ်သမားတွေက မြို့ငယ်လေးတမြို့ ဆောက်ခဲ့ပါတယ်။ Waitaki ရေကန်ရှိတဲ့ အဲဒီမြို့ငယ်လေးဟာ အခုတော့လည်း တမြို့လုံးရောင်းဖို့ ဖြစ်လာပါတော့တယ်။

ပိုက်ဆံရှိလာတဲ့အခါ တချို့လူတွေက အိမ်ဝယ်ကြပါတယ်။ တချို့ကတော့ တိုက်ခန်းဝယ်ကြပါတယ်။ အခုတော့ မြို့တမြို့လုံးကိုပါ ဝယ်နိုင်ပါတော့မယ်။ အဲဒီမြို့ကို ဘယ်သူတွေက ဝယ်နိုင်ကြမလဲ။

Waitaki ရေကန်ရှိတဲ့ မြို့ငယ်လေးကို ရောင်းမယ့်ဈေးနှုန်းကတော့ ဒေါ်လာ ၂ ဒဿမ ၈ မီလီယံ ဖြစ်ပါသတဲ့။ ဒီမြို့ငယ်လေးဟာ နယူးဇီလန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကျွန်းစုတွေထဲရှိပြီး Dunedin ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အကွာမှာ ရှိပါတယ်။

ဒီမြို့လေးကိုတော့ ၁၉၃၀ ခုနှစ်တွေတုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ရေကာတာ စီမံကိန်းတစ်ခု အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေကာတာ အလုပ်သမားတွေဟာ မိသားစုတွေနဲ့ အတူ ၁၉၈၀ ခုနှစ်အထိ နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနေထိုင်မှု မရှိတော့သလောက်ပါပဲ။


ဒါပေမဲ့လည်း ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းမှာရှိတဲ့ နယူးဇီလန်နိုင်ငံထဲက အဲဒီမြို့ငယ်လေးဟာ အနောက်ကမ္ဘာကလို ဘာမှမရှိဘဲ ဆိတ်သုန်းနေတဲ့ တစ္ဆေမြို့တော်တော့လည်း မဟုတ်ပါဘူး။ အဲဒီမှာ အရိပ်ကောင်းတဲ့ နေရာရှိသလို လူနေအိမ်း ၈ လုံးတိတိ ရှိပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တဆိုင်၊ ဘိလိယက်ခန်း ၁ ခန်းပါဝင်တဲ့ အိပ်ခန်း ၁ ခန်း ၊ ချက်ပြုတ်စရာ မီးဖိုဆောင်နဲ့ ကားမျိုးစုံထားနိုင်တဲ့ ကားဂိုဒေါင် ၁ လုံးပါ ရှိပါသေးတယ်။

ဒီနှစ်အစောပိုင်းမှာတော့ နယူးဇီလန်ဥပဒေက နိုင်ငံခြားခရီးသွားတွေ အိမ်မြေ ဝယ်ယူနိုင်ခွင့်ကို တား မြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၈ သြဂုတ်လမှာပဲ ကုန်သွယ်ရေးဝန်ကြီး
David Parker က အခုလိုပြောခဲ့ပါတယ်။ အခုလို နိုင်ငံခြားသားတွေကို အိမ်မြေ ဝယ်ယူနိုင်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ နယူးဇီလန်မှာ မွေးဖွားခဲ့တဲ့ နယူးဇီလန်သားတွေအနေနဲ့ ကိုယ့်မြေပေါ်က အိမ်တွေကို ကိုယ်ကိုယ်တိုင် ဝယ်ယူနိုင်ကြဖို့ပါပဲ

ဒါဆိုရင်တော့ ပိုက်ဆံဘယ်လောက်ရှိရှိ နယူးဇီလန်နိုင်ငံက လူနေအိမ် ၈ လုံးရှိတဲ့ မြို့ငယ်လေး ကို နယူးဇီလန်သားမှအပ ဘယ်သူမှ ဝယ်နိုင်ကြတော့မှာ မဟုတ်ပါဘူး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top