ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တစ္ခ်ိန္က ဟဲဗီးဝိတ္တန္း လက္ေဝွ႔ခ်ံပီယံေဟာင္း “Tyson Fury” ဟာ ၿပီးခဲ့တဲ့ စေနေန႔ညက WBC ဟဲဗီးဝိတ္ခ်ံပီယံ “Deontay Wilder” နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီးေနာက္ သေရပြဲနဲ႔ အဆုံးသတ္သြားခဲ့ပါတယ္။ အဆိုပါပြဲကေန သူရရွိခဲ့တဲ့ ထိုးေၾကး အေမရိကန္ေဒၚလာ ၈ သန္းကို တစ္ျပားတစ္ခ်ပ္မက်န္ အိမ္ယာမဲ့မ်ားအတြက္ အားလုံးကို လႉဒါန္းေၾကာင္း ေၾကညာခဲ့ပါတယ္။

ေလာ့စ္အိန္းဂ်လိစ္မွာ ျပဳလုပ္ခဲ့တဲ့ လက္ေဝွ႔စိန္ေခၚပြဲ မစတင္မီကတည္းက “Tyson Fury” က ရလာဒ္မည္သို႔ပင္ျဖစ္ေစကာမူ သူရရွိမယ့္ ထိုေၾကးအားလုံးကို အသုံးျပဳၿပီး အိမ္ေျခယာေျခမဲ့မ်ားအတြက္ အိမ္ေဆာက္ေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၁၂ ခ်ီထိုးသတ္ပြဲမွာ “Tyson Fury” ၂ ႀကိမ္တိတိ လဲက်ခဲ့ေပမယ့္ ျပန္လည္ ထိုးသတ္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးမွာ အမွတ္နဲ႔ဆုံးျဖတ္ကာ သေရပြဲအျဖစ္ အဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ “Tyson Fury” က ေငြေၾကး လႉဒါန္းမႈနဲ႔ပက္သက္ၿပီး “ကြၽန္ေတာ္မွာ ဒီေငြေတြကို သုံးစရာသိပ္မရွိပါဘူး၊ မီလီယံနာ၊ ဘီလီယံနာ ျဖစ္ဖို႔လည္း စိတ္မဝင္စားပါဘူး။ ကြၽန္ေတာ္က လက္ေဝွ႔သမားပါ စီးပြားေရးသမား မဟုတ္ပါဘူး ဒါေၾကာင့္ တျခားလက္ေဝွ႔သမားေတြ သြားတဲ့လမ္းစဥ္ကိုပဲ သြားရမွာပါ ေနာက္ဆုံးမွာ ငမြဲျဖစ္ခ်င္လည္း ျဖစ္သြားမွာေပါ့ဗ်ာ၊ ေသရင္ ဒါေတြ ယူသြားလို႔မရပါဘူး ဒီေတာ့ ကူရာကယ္ရာမဲ့ေနတဲ့ လူေတြအတြက္ အကူအညီေပးခ်င္တာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။


“Tyson Fury” ဟာ အခုလို ႀကိဳးဝိုင္းထဲ တဖန္ျပန္လည္ မဝင္ေရာက္ခင္က မူးယစ္ေဆးနဲ႔ အရက္စြဲေနသူတစ္ေယာက္လည္း ျဖစ္ခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာ မတည္ၿငိမ္တဲ့ ေဝဒနာကိုလည္း ခံစားခဲ့ရဖူးသူျဖစ္ပါတယ္။

“ကြၽန္ေတာ္ အိမ္ျပန္ေရာက္ရင္ အိမ္ယာမဲ့ေတြအတြက္ အိမ္ေတြေဆာက္မယ္၊ မူးယစ္ေဆးနဲ႔ အရက္စြဲသူေတြကို ကူညီဖို႔ မတည္ေငြေတြ ထူေထာင္မယ္” လို႔ ဆိုပါတယ္။

“လမ္းေပၚမွာ အိမ္ယာမဲ့ေတြ အမ်ားႀကီးရွိပါတယ္ ကြၽန္ေတာ္ျမင္ဖူးတာထက္ေတာင္ ပိုမ်ားဦးမွာပါ၊ ကြၽန္ေတာ္က ၿမိဳ႕ထဲမွာ ေနေပမယ့္ ၅ မိနစ္ေလာက္ လမ္းေလွ်ာက္လိုက္တာနဲ႔ လမ္းေဘးတစ္ေလွ်ာက္ ေထာင္နဲ႔ခ်ီတဲ့ အိမ္ယာမဲ့ေတြ ေတြ႕ေနရပါတယ္။ ဒါေတြက ကြၽန္ေတာ္ရဲ႕ မ်က္လုံးေတြကို ဖြင့္ေပးလိုက္သလိုပဲ ကိစၥအေတာ္မ်ားမ်ား လုပ္ဖို႔ရွိေနပါလားဆိုတာကို ဒါေၾကာင့္ ကြၽန္ေတာ္ ဒီထက္ပိုေကာင္းႏိုင္တဲ့ လူတစ္ေယာက္အျဖစ္ ေလာကႀကီးထဲကို ျပန္သြားေတာ့မွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ “Tyson Fury” က သူမွာ သားသမီး ၄ ဦးရွိေပမယ့္ ဒီေငြေတြကို မိသားစုကို ေပးမွာ မဟုတ္ေၾကာင္း အခုလို ရွင္းျပခဲ့ပါတယ္။

“ကြၽန္ေတာ္ကေလးေတြအေနနဲ႔ သူ႔တို႔ပိုက္ဆံ သူတို႔ရွာဖို႔သင့္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္ ဒါမွမဟုတ္ရင္ေတာ့ ေငြဆိုတာကို တန္ဖိုးထားမွာ မဟုတ္ဘူး။ ကိုယ္ရွာထားတဲ့ ပိုက္ဆံ မဟုတ္ဘူးဆိုရင္ သုံးရတာ သိပ္လြယ္တယ္ဗ်၊ တစ္ကယ္ေတာ့ ဒီပိုက္ဆံေတြက ခႏၶာကိုယ္ ေသြးေခြၽးနဲ႔ ရင္းၿပီးမွရလာတဲ့ ေသြးစြန္းထားတဲ့ေငြေတြျဖစ္တယ္”

“ကြၽန္ေတာ့္ ကေလးေတြကို သူတို႔စိတ္ႀကိဳက္ပုံစံနဲ႔ သူတို႔ဘဝကို သူတို႔ရပ္တည္ေစခ်င္တယ္၊ သူတို႔ကို ကြၽန္ေတာ္ရဲ႕ နာမည္ ဂုဏ္သတင္းေတြေအာက္မွာ တစ္ခုခုဆိုရင္ လြယ္လြယ္ေလးရတဲ့ပုံစံမ်ိဳး မျဖစ္ေစခ်င္ဘူး”

“ခ်မ္းသာတဲ့ ကေလးေတြကို ၾကည့္ရင္ ဘာအလုပ္မွ မလုပ္တာေတြ႕ရတတ္တယ္ ဘာျဖစ္လို႔လည္း ဆိုေတာ့ အားလုံး လြယ္လြယ္ေလး ရေနလို႔ပဲ၊ ကြၽန္ေတာ့္ သားသမီးေတြကိုေတာ့ သူတို႔ဘဝအတြက္ သူတို႔လိုခ်င္တာေတြအတြက္ ကိုယ္တိုင္အားထုတ္ေစခ်င္တယ္၊ ကြၽန္ေတာ္လည္း ကိုယ္ျဖစ္ခ်င္တာေတြအားလုံးအတြက္ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့ရတယ္” လို႔ ဆိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
တစ်ချိန်က ဟဲဗီးဝိတ်တန်း လက်ဝှေ့ချံပီယံဟောင်း “Tyson Fury” ဟာ ပြီးခဲ့တဲ့ စနေနေ့ညက WBC ဟဲဗီးဝိတ်ချံပီယံ “Deontay Wilder” နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် သရေပွဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ အဆိုပါပွဲကနေ သူရရှိခဲ့တဲ့ ထိုးကြေး အမေရိကန်ဒေါ်လာ ၈ သန်းကို တစ်ပြားတစ်ချပ်မကျန် အိမ်ယာမဲ့များအတွက် အားလုံးကို လှူဒါန်းကြောင်း ကြေညာခဲ့ပါတယ်။

လော့စ်အိန်းဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ လက်ဝှေ့စိန်ခေါ်ပွဲ မစတင်မီကတည်းက “Tyson Fury” က ရလာဒ်မည်သို့ပင်ဖြစ်စေကာမူ သူရရှိမယ့် ထိုကြေးအားလုံးကို အသုံးပြုပြီး အိမ်ခြေယာခြေမဲ့များအတွက် အိမ်ဆောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

၁၂ ချီထိုးသတ်ပွဲမှာ “Tyson Fury” ၂ ကြိမ်တိတိ လဲကျခဲ့ပေမယ့် ပြန်လည် ထိုးသတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ အမှတ်နဲ့ဆုံးဖြတ်ကာ သရေပွဲအဖြစ် အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ “Tyson Fury” က ငွေကြေး လှူဒါန်းမှုနဲ့ပက်သက်ပြီး “ကျွန်တော်မှာ ဒီငွေတွေကို သုံးစရာသိပ်မရှိပါဘူး၊ မီလီယံနာ၊ ဘီလီယံနာ ဖြစ်ဖို့လည်း စိတ်မဝင်စားပါဘူး။ ကျွန်တော်က လက်ဝှေ့သမားပါ စီးပွားရေးသမား မဟုတ်ပါဘူး ဒါကြောင့် တခြားလက်ဝှေ့သမားတွေ သွားတဲ့လမ်းစဉ်ကိုပဲ သွားရမှာပါ နောက်ဆုံးမှာ ငမွဲဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့ဗျာ၊ သေရင် ဒါတွေ ယူသွားလို့မရပါဘူး ဒီတော့ ကူရာကယ်ရာမဲ့နေတဲ့ လူတွေအတွက် အကူအညီပေးချင်တာပါ” လို့ ပြောကြားခဲ့ပါတယ်။


“Tyson Fury” ဟာ အခုလို ကြိုးဝိုင်းထဲ တဖန်ပြန်လည် မဝင်ရောက်ခင်က မူးယစ်ဆေးနဲ့ အရက်စွဲနေသူတစ်ယောက်လည်း ဖြစ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရဖူးသူဖြစ်ပါတယ်။

“ကျွန်တော် အိမ်ပြန်ရောက်ရင် အိမ်ယာမဲ့တွေအတွက် အိမ်တွေဆောက်မယ်၊ မူးယစ်ဆေးနဲ့ အရက်စွဲသူတွေကို ကူညီဖို့ မတည်ငွေတွေ ထူထောင်မယ်” လို့ ဆိုပါတယ်။

“လမ်းပေါ်မှာ အိမ်ယာမဲ့တွေ အများကြီးရှိပါတယ် ကျွန်တော်မြင်ဖူးတာထက်တောင် ပိုများဦးမှာပါ၊ ကျွန်တော်က မြို့ထဲမှာ နေပေမယ့် ၅ မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ လမ်းဘေးတစ်လျှောက် ထောင်နဲ့ချီတဲ့ အိမ်ယာမဲ့တွေ တွေ့နေရပါတယ်။ ဒါတွေက ကျွန်တော်ရဲ့ မျက်လုံးတွေကို ဖွင့်ပေးလိုက်သလိုပဲ ကိစ္စအတော်များများ လုပ်ဖို့ရှိနေပါလားဆိုတာကို ဒါကြောင့် ကျွန်တော် ဒီထက်ပိုကောင်းနိုင်တဲ့ လူတစ်ယောက်အဖြစ် လောကကြီးထဲကို ပြန်သွားတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “Tyson Fury” က သူမှာ သားသမီး ၄ ဦးရှိပေမယ့် ဒီငွေတွေကို မိသားစုကို ပေးမှာ မဟုတ်ကြောင်း အခုလို ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်ကလေးတွေအနေနဲ့ သူ့တို့ပိုက်ဆံ သူတို့ရှာဖို့သင့်တယ်လို့ ကျွန်တော်ယုံကြည်တယ် ဒါမှမဟုတ်ရင်တော့ ငွေဆိုတာကို တန်ဖိုးထားမှာ မဟုတ်ဘူး။ ကိုယ်ရှာထားတဲ့ ပိုက်ဆံ မဟုတ်ဘူးဆိုရင် သုံးရတာ သိပ်လွယ်တယ်ဗျ၊ တစ်ကယ်တော့ ဒီပိုက်ဆံတွေက ခန္ဓာကိုယ် သွေးချွေးနဲ့ ရင်းပြီးမှရလာတဲ့ သွေးစွန်းထားတဲ့ငွေတွေဖြစ်တယ်”

“ကျွန်တော့် ကလေးတွေကို သူတို့စိတ်ကြိုက်ပုံစံနဲ့ သူတို့ဘဝကို သူတို့ရပ်တည်စေချင်တယ်၊ သူတို့ကို ကျွန်တော်ရဲ့ နာမည် ဂုဏ်သတင်းတွေအောက်မှာ တစ်ခုခုဆိုရင် လွယ်လွယ်လေးရတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး”

“ချမ်းသာတဲ့ ကလေးတွေကို ကြည့်ရင် ဘာအလုပ်မှ မလုပ်တာတွေ့ရတတ်တယ် ဘာဖြစ်လို့လည်း ဆိုတော့ အားလုံး လွယ်လွယ်လေး ရနေလို့ပဲ၊ ကျွန်တော့် သားသမီးတွေကိုတော့ သူတို့ဘဝအတွက် သူတို့လိုချင်တာတွေအတွက် ကိုယ်တိုင်အားထုတ်စေချင်တယ်၊ ကျွန်တော်လည်း ကိုယ်ဖြစ်ချင်တာတွေအားလုံးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်” လို့ ဆိုပါတယ်။


ဖိုးသူတော်(www.phothutaw.com)

Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top