ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



တခါတရံမွာ ေဈးႀကီးတဲ့ လူသုံးကုန္ ပစၥည္းေတြ ဝယ္သုံးတာထက္ ကိုယ့္အိမ္မွာပဲ ရွိတဲ့ မီးဖိုေခ်ာင္သုံး ပစၥည္းေတြနဲ႔ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝမွာ လိုအပ္ အသုံးျပဳေနတဲ့ လူသုံးကုန္ပစၥည္းေတြေနရာမွာ သဘာဝ အတိုင္း အစားထိုး အသုံးျပဳႏိုင္ပါတယ္။ ဘယ္လို ပစၥည္းေတြနဲ႔ ပိုက္ဆံ အကုန္အက် နည္းနည္း သင့္တကိုယ္ရည္သုံး ပစၥည္းေတြေနရာမွာ အစားထိုးသုံးႏိုင္မလဲ ေဖာ္ျပေပးခ်င္ပါတယ္။

(၁) သြားတိုက္ေဆး

ေဈးႀကီးတဲ့ သြားတိုက္ေဆးေတြက သုံးတာ ေကာင္းပါတယ္။ ဒါေပမဲ့ ေရွးယခင္က သုံးခိုင္းတဲ့ အတိုင္း မီးေသြးခဲနဲ႔ တိုက္တာက က်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး ေငြေၾကးကုန္က်လည္း သက္သာပါတယ္။ မုန႔္ဖုတ္ေဆာ္ဒါနဲ႔ အုန္းဆီကိုေရာၿပီး သြားတိုက္ေဆးအျဖစ္ သုံးတာကလည္း သြားေတြကို ျဖဴေဖြးလွပေစပါတယ္။


(၂) မ်က္ႏွာေပါင္းတင္ျခင္း

ေငြေၾကးခ်မ္းသာတဲ့ သူေတြအတြက္ မ်က္ႏွာေပါင္းတင္တဲ့ ပစၥည္းအမ်ိဳးမ်ိဳးကို သုံးေလ့ ရွိၾကေပမယ့္ နႏြင္းမႈန႔္နဲ႔ မ်က္ႏွာေပါင္းတင္တာကလည္း မ်က္ႏွာ အသားအေရကို လွပေစပါတယ္။ ငွက္ေပ်ာသီးနဲ႔ မ်က္ႏွာေပါင္းတင္ျခင္းက မ်က္ႏွာကို ေရဓာတ္ျဖည့္ေပးၿပီး ၾကက္ဥအကာက မ်က္ႏွာကို တင္းရင္းေစပါတယ္။ ဆံပင္သန္စြမ္းဖို႔အတြက္ ဒိန္ခ်ဥ္၊ ရွားေစာင္းလတ္ပတ္၊ အုန္းဆီ စတာေတြကို အသုံးျပဳႏိုင္ပါတယ္။


(၃) ေခြၽးနံ႔ ေပ်ာက္ေစဖို႔

ေခြၽးနံ႔ကို ေပ်ာက္ဖို႔အတြက္ နာမည္ႀကီး Roll On ေတြ ဝယ္လိမ္းၿပီး ပိုက္ဆံေတြ အရမ္းကုန္ေနတယ္ဆိုရင္ ပိုက္ဆံအကုန္သက္သာေစမယ့္ နည္းလမ္းေတြကို ေျပာျပေပးခ်င္ပါတယ္။ အလြယ္ကူဆုံးနဲ႔ ကုန္က်စရိတ္အသက္သာဆုံးကေတာ့ လက္ကိုေရစြတ္ၿပီးေတာ့ မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ကို ယူၿပီး ခ်ိဳင္းမွာလိမ္းလိုက္႐ုံပါပဲ။ ျမန္မာႏိုင္ငံမွာေတာ့ ေက်ာက္ခ်ဥ္ကိုလည္း အသုံးျပဳၾကပါတယ္။


(၄) Scrubs

အသားအေရေခ်ာမြတ္ဖို႔ အတြက္ Scrubs ေတြ အမ်ိဳးမ်ိဳးကို သုံးတတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္မွာ ရွိတဲ့ ေအာ္ဂဲနစ္ ပစၥည္းေတြနဲ႔လည္း ျပဳလုပ္လို႔ ရပါေသးတယ္။ ခႏၶာကိုယ္ကို Scrub လုပ္မယ္ဆိုရင္ ေကာ္ဖီမႈန႔္နဲ႔ အိမ္သုံးဆားကို အုန္းဆီေရာၿပီး ျပဳလုပ္လို႔ ရပါတယ္။ မ်က္ႏွာလို ႏူးညံံ့တဲ့ ေနရာမ်ိဳးကိုေတာ့ သၾကားနဲ႔ ဆားကို အသုံးျပဳၿပီး လုပ္ႏိုင္ပါတယ္။


(၅) ဓာတ္ေျမၾသဇာ

သင္က သဘာဝကို ခ်စ္ျမတ္ႏိုးသူ တေယာက္၊ အပင္စိုက္ရတာ ဝါသနာပါသူ တေယာက္ဆိုရင္ ေဈးႀကီးတဲ့ ဓာတ္ေျမၾသဇာေတြကို သုံးတာက သင့္အပင္ေတြအတြက္ မေကာင္းပါဘူး။ ေဈးသက္သာၿပီး အမွန္တကယ္ ေကာင္းမြန္တဲ့ ဓာတ္ေျမၾသဇာေတြကေတာ့ ႏွပ္ပီးသား လက္ဘက္ေျခာက္မႈန႔္၊ မီးေသြးျပာ၊ လႊစာနဲ႔ ဖြဲ စတာေတြကို အသုံးျပဳႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawady

#Unicode Version#

တခါတရံမှာ ဈေးကြီးတဲ့ လူသုံးကုန် ပစ္စည်းတွေ ဝယ်သုံးတာထက် ကိုယ့်အိမ်မှာပဲ ရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လိုအပ် အသုံးပြုနေတဲ့ လူသုံးကုန်ပစ္စည်းတွေနေရာမှာ သဘာဝ အတိုင်း အစားထိုး အသုံးပြုနိုင်ပါတယ်။ ဘယ်လို ပစ္စည်းတွေနဲ့ ပိုက်ဆံ အကုန်အကျ နည်းနည်း သင့်တကိုယ်ရည်သုံး ပစ္စည်းတွေနေရာမှာ အစားထိုးသုံးနိုင်မလဲ ဖော်ပြပေးချင်ပါတယ်။

(၁) သွားတိုက်ဆေး

ဈေးကြီးတဲ့ သွားတိုက်ဆေးတွေက သုံးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရှေးယခင်က သုံးခိုင်းတဲ့ အတိုင်း မီးသွေးခဲနဲ့ တိုက်တာက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ငွေကြေးကုန်ကျလည်း သက်သာပါတယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ အုန်းဆီကိုရောပြီး သွားတိုက်ဆေးအဖြစ် သုံးတာကလည်း သွားတွေကို ဖြူဖွေးလှပစေပါတယ်။

(၂) မျက်နှာပေါင်းတင်ခြင်း

ငွေကြေးချမ်းသာတဲ့ သူတွေအတွက် မျက်နှာပေါင်းတင်တဲ့ ပစ္စည်းအမျိုးမျိုးကို သုံးလေ့ ရှိကြပေမယ့် နနွင်းမှုန့်နဲ့ မျက်နှာပေါင်းတင်တာကလည်း မျက်နှာ အသားအရေကို လှပစေပါတယ်။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်ခြင်းက မျက်နှာကို ရေဓာတ်ဖြည့်ပေးပြီး ကြက်ဥအကာက မျက်နှာကို တင်းရင်းစေပါတယ်။ ဆံပင်သန်စွမ်းဖို့အတွက် ဒိန်ချဉ်၊ ရှားစောင်းလတ်ပတ်၊ အုန်းဆီ စတာတွေကို အသုံးပြုနိုင်ပါတယ်။

(၃) ချွေးနံ့ ပျောက်စေဖို့

ချွေးနံ့ကို ပျောက်ဖို့အတွက် နာမည်ကြီး Roll On တွေ ဝယ်လိမ်းပြီး ပိုက်ဆံတွေ အရမ်းကုန်နေတယ်ဆိုရင် ပိုက်ဆံအကုန်သက်သာစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးကတော့ လက်ကိုရေစွတ်ပြီးတော့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ယူပြီး ချိုင်းမှာလိမ်းလိုက်ရုံပါပဲ။ မြန်မာနိုင်ငံမှာတော့ ကျောက်ချဉ်ကိုလည်း အသုံးပြုကြပါတယ်။

(၄) Scrubs

အသားအရေချောမွတ်ဖို့ အတွက် Scrubs တွေ အမျိုးမျိုးကို သုံးတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ ရှိတဲ့ အော်ဂဲနစ် ပစ္စည်းတွေနဲ့လည်း ပြုလုပ်လို့ ရပါသေးတယ်။ ခန္ဓာကိုယ်ကို Scrub လုပ်မယ်ဆိုရင် ကော်ဖီမှုန့်နဲ့ အိမ်သုံးဆားကို အုန်းဆီရောပြီး ပြုလုပ်လို့ ရပါတယ်။ မျက်နှာလို နူးညံံ့တဲ့ နေရာမျိုးကိုတော့ သကြားနဲ့ ဆားကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။

(၅) ဓာတ်မြေသြဇာ

သင်က သဘာဝကို ချစ်မြတ်နိုးသူ တယောက်၊ အပင်စိုက်ရတာ ဝါသနာပါသူ တယောက်ဆိုရင် ဈေးကြီးတဲ့ ဓာတ်မြေသြဇာတွေကို သုံးတာက သင့်အပင်တွေအတွက် မကောင်းပါဘူး။ ဈေးသက်သာပြီး အမှန်တကယ် ကောင်းမွန်တဲ့ ဓာတ်မြေသြဇာတွေကတော့ နှပ်ပီးသား လက်ဘက်ခြောက်မှုန့်၊ မီးသွေးပြာ၊ လွှစာနဲ့ ဖွဲ စတာတွေကို အသုံးပြုနိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top