(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ၾသစေၾတးလ်ႏိုင္ငံမွ အီမီလီဒိုဗာဆိုတဲ့ သမီးငယ္ေလးဟာ က်န္းက်န္းမာမာေမြးဖြားခဲ့ေပမယ့္ ေမြးၿပီးတစ္ပတ္အတြင္း ခႏၶာကိုယ္အလ်င္အျမန္ ဖြံ႕ၿဖိဳးလာတာေၾကာင့္ အိပ္ေပ်ာ္ဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ခဲ့ရပါတယ္။

ေလးလသမီးအ႐ြယ္မွာ တစ္ႏွစ္အ႐ြယ္ ခႏၶာကိုယ္ရွိလာခဲ့သလို အသက္ ၂ႏွစ္အ႐ြယ္မွာ ရင္သားထြက္တာ၊ ဝက္ၿခံထြက္တာတို႔ ႀကဳံေတြ႕ခဲ့ပါတယ္။ ေလးႏွစ္အ႐ြယ္ေရာက္မွ ဒိုဗာမွာ Addison ေရာဂါရွိေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ Addison ေရာဂါက အဓိကေဟာ္မုန္းႏွစ္မ်ိဳးျဖစ္တဲ့ cortisol နဲ႔ aldosterone တို႔ ခ်ိဳ႕ယြင္းတဲ့ အဒရီနယ္ဂလင္းနဲ႔ဆိုင္တဲ့ ရွားပါးေရာဂါမ်ိဳးျဖစ္ပါတယ္။


 ပုံမွန္အားျဖင့္ အသက္ ၃၀ ေက်ာ္အ႐ြယ္ေတြမွာသာ အျဖစ္မ်ားေပမယ့္ ရွားရွားပါးပါး ကေလးေတြမွာျဖစ္ႏိုင္သလို အခ်ိန္မတိုင္ခင္ အဝလြန္တာကို ျဖစ္ပြားေစႏိုင္ပါတယ္။ ေရာဂါေၾကာင့္ ဒိုဗာမွာ ေအာ္တစ္ဇင္ဆန္ဆန္ေဝဒနာ ခံစားေနရသလို စိုးရိမ္ပူပန္တဲ့ေဝဒနာပါ ခံစားေနရပါတယ္။ အသက္ ၄ ႏွစ္အ႐ြယ္မွာ အမ်ိဳးသမီးဓမၼတာစတင္လာခဲ့ပါတယ္။

ယခု အသက္ ၅ ႏွစ္အ႐ြယ္မွာ ကိုယ္အေလးခ်ိန္ ၉၈ ေပါင္ရွိလာခဲ့ကာ ေသြးဆုံးတဲ့လကၡဏာေတြ စတင္ခံစားေနရပါတယ္။ ေဈးႀကီးတဲ့ ေဟာ္မုန္းအစားထိုးကုသမႈေတြ ခံယူရဖို႔ရွိၿပီး မိဘေတြက အလႉခံ ဝက္ဘ္ဆိုဒ္ျဖစ္တဲ့ GoFundMe ကတဆင့္ ေဆးကုခအလႉေငြရရွိဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Healthy Life

#Unicode Version#

သြစတြေးလျနိုင်ငံမှ အီမီလီဒိုဗာဆိုတဲ့ သမီးငယ်လေးဟာ ကျန်းကျန်းမာမာမွေးဖွားခဲ့ပေမယ့် မွေးပြီးတစ်ပတ်အတွင်း ခန္ဓာကိုယ်အလျင်အမြန် ဖွံ့ဖြိုးလာတာကြောင့် အိပ်ပျော်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရပါတယ်။

လေးလသမီးအရွယ်မှာ တစ်နှစ်အရွယ် ခန္ဓာကိုယ်ရှိလာခဲ့သလို အသက် ၂နှစ်အရွယ်မှာ ရင်သားထွက်တာ၊ ဝက်ခြံထွက်တာတို့ ကြုံတွေ့ခဲ့ပါတယ်။ လေးနှစ်အရွယ်ရောက်မှ ဒိုဗာမှာ Addison ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Addison ရောဂါက အဓိကဟော်မုန်းနှစ်မျိုးဖြစ်တဲ့ cortisol နဲ့ aldosterone တို့ ချို့ယွင်းတဲ့ အဒရီနယ်ဂလင်းနဲ့ဆိုင်တဲ့ ရှားပါးရောဂါမျိုးဖြစ်ပါတယ်။

 ပုံမှန်အားဖြင့် အသက် ၃၀ ကျော်အရွယ်တွေမှာသာ အဖြစ်များပေမယ့် ရှားရှားပါးပါး ကလေးတွေမှာဖြစ်နိုင်သလို အချိန်မတိုင်ခင် အဝလွန်တာကို ဖြစ်ပွားစေနိုင်ပါတယ်။ ရောဂါကြောင့် ဒိုဗာမှာ အော်တစ်ဇင်ဆန်ဆန်ဝေဒနာ ခံစားနေရသလို စိုးရိမ်ပူပန်တဲ့ဝေဒနာပါ ခံစားနေရပါတယ်။ အသက် ၄ နှစ်အရွယ်မှာ အမျိုးသမီးဓမ္မတာစတင်လာခဲ့ပါတယ်။

ယခု အသက် ၅ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ၉၈ ပေါင်ရှိလာခဲ့ကာ သွေးဆုံးတဲ့လက္ခဏာတွေ စတင်ခံစားနေရပါတယ်။ ဈေးကြီးတဲ့ ဟော်မုန်းအစားထိုးကုသမှုတွေ ခံယူရဖို့ရှိပြီး မိဘတွေက အလှူခံ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ GoFundMe ကတဆင့် ဆေးကုခအလှူငွေရရှိဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top