iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ေ႐ႊထူးနဲ႔ သ႐ုပ္ေဆာင္မင္းသမီးေလး ေ႐ႊမႈန္ရတီတို႔စုံတြဲေလးကေတာ့ အႏုပညာရွင္စုံတြဲေတြထဲမွာ ပရိသတ္အားေပးမႈအမ်ားဆုံး ရရွိထားတဲ့စုံတြဲေလးလို႔ ဆိုလို႔ရပါတယ္။ မၾကာေသးခင္မွ လက္ထပ္ထိမ္းျမားခဲ့ၾကတဲ့ ေ႐ႊေ႐ႊတို႔စုံတြဲေလးက အခ်စ္တစ္ခုတည္းကိုသာ အရင္းျပဳၿပီး အိမ္ေထာင္သည္ဘဝကို စတင္ခဲ့ၾကတာ ျဖစ္ပါတယ္။ နတ္ဖတ္တဲ့ဖူးစာလို အရမ္းကိုလိုက္ဖက္ညီတဲ့ သူတို႔စုံတြဲေလးက အခုဆိုရင္ေတာ့ ေပ်ာ္႐ႊင္ ခ်မ္းေျမ့တဲ့ဘဝေလးကို ပိုင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ သူတို႔စုံတြဲေလးက ဥေရာပဘက္ကို ရက္အေတာ္ၾကာ ဟန္းနီးမြန္းခရီးထြက္ခဲ့ၾကပါတယ္။ အခ်စ္ငွက္ေလးႏွစ္ေကာင္လို အရမ္းခ်စ္ၿပီး Romantic ဆန္ႏိုင္လြန္းတဲ့ သူတို႔ႏွစ္ဦးကိုေတာ့ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနရတာပဲ ျဖစ္ပါတယ္။ တစ္ဦးေပၚတစ္ဦးအရမ္းခ်စ္ၾကၿပီး အတူသြားအတူလာမႈေတြကေတာ့ ပရိသတ္ေတြအၿမဲေတြ႕ျမင္ေနၾကမွာပဲျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ေ႐ႊမႈံရတီ ကေတာ့ခင္ပြန္းျဖစ္သူနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ရတဲ့ ျဖစ္ရပ္တစ္ခုကိုျပန္လည္းမွ်ေဝထားတာေတြ႕ရပါတယ္။ အဆိုပါ စာသားေလးကေတာ့ ” Love & Just Love

လူႏွစ္ေယာက္မွ

ျမင့္ျမတ္ေသာ အခ်စ္ တစ္ခုျဖစ္ေပၚလာျခင္း

မိန္းမတစ္ေယာက္ကို အရမ္းခ်စ္ေသာေယာက်ာ္း

ေယာက်ာ္းတစ္ေယာက္ ကို အရမ္းခ်စ္ေသာမိန္းမ

(မိန္းမိန္း႐ူတင္ကို လိုက္ေစာင့္ေပးေသာက်ားက်ား)

မိန္းမိန္းေပ်ာ္၍ ေနသည္

ခ်စ္တယ္က်ားေရ”ဟူ၍ ေရးသားထားတာပဲျဖစ္ပါတယ္။ အရမ္းခ်စ္တက္တဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

Photos – Shwe Mhone Yati

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စြယ္စံု
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီးလေး ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ အနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်အားပေးမှုအများဆုံး ရရှိထားတဲ့စုံတွဲလေးလို့ ဆိုလို့ရပါတယ်။ မကြာသေးခင်မှ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ ရွှေရွှေတို့စုံတွဲလေးက အချစ်တစ်ခုတည်းကိုသာ အရင်းပြုပြီး အိမ်ထောင်သည်ဘဝကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ဖတ်တဲ့ဖူးစာလို အရမ်းကိုလိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးက အခုဆိုရင်တော့ ပျော်ရွှင် ချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့စုံတွဲလေးက ဥရောပဘက်ကို ရက်အတော်ကြာ ဟန်းနီးမွန်းခရီးထွက်ခဲ့ကြပါတယ်။ အချစ်ငှက်လေးနှစ်ကောင်လို အရမ်းချစ်ပြီး Romantic ဆန်နိုင်လွန်းတဲ့ သူတို့နှစ်ဦးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးနေရတာပဲ ဖြစ်ပါတယ်။ တစ်ဦးပေါ်တစ်ဦးအရမ်းချစ်ကြပြီး အတူသွားအတူလာမှုတွေကတော့ ပရိသတ်တွေအမြဲတွေ့မြင်နေကြမှာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရွှေမှုံရတီ ကတော့ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကိုပြန်လည်းမျှဝေထားတာတွေ့ရပါတယ်။ အဆိုပါ စာသားလေးကတော့ ” Love & Just Love

လူနှစ်ယောက်မှ

မြင့်မြတ်သော အချစ် တစ်ခုဖြစ်ပေါ်လာခြင်း

မိန်းမတစ်ယောက်ကို အရမ်းချစ်သောယောကျာ်း

ယောကျာ်းတစ်ယောက် ကို အရမ်းချစ်သောမိန်းမ

(မိန်းမိန်းရူတင်ကို လိုက်စောင့်ပေးသောကျားကျား)

မိန်းမိန်းပျော်၍ နေသည်

ချစ်တယ်ကျားရေ”ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ အရမ်းချစ်တက်တဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos – Shwe Mhone Yati

ဖိုးသူတော် (www.phothutaw.com)
Credit: စွယ်စုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top