ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ကမာၻေပၚက ေရကန္ေတြမွာ အစိမ္း ၊ အျပာစတဲ့ အေရာင္ေတြကို ေတာ္ေတာ္မ်ားမ်ားျမင္ဖူးၾကမွာျဖစ္ေပမယ့္ အခု ေဖာ္ျပေပးမယ့္ သဘာဝေရကန္ေတြကေတာ့ ပန္းေရာင္ရွိၿပီး ထူးျခားအံ့ၾသဖြယ္ေကာင္းတာကို ေတြ႕ရွိၾကရမွာျဖစ္ပါတယ္။

(၁) Laguna Colorada


ဒီေရကန္ဟာဆိုရင္ေတာ့ Bolivia ႏိုင္ငံမွာတည္ရွိတာျဖစ္ၿပီး Andes ေတာင္တန္းေတြရဲ႕ ေနာက္ခံနဲ႔အတူ လွပစြာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ၂၃စတုရန္းမိုင္ က်ယ္ဝန္းၿပီး ၅ေပအနက္သာရွိတဲ့ ဒီပန္းေသြးေရာင္ေရကန္ဟာဆိုရင္ ႀကိဳးၾကာငွက္ေတြ က်င္လည္က်က္စားရာ ေရကန္တကန္လည္းျဖစ္ၿပီး အနီးနားပတ္ဝန္းက်င္မွာ ႐ြာငယ္ေလးေတြလည္း ရွိတာေၾကာင့္ သြားေရာက္လည္ပတ္သူေတြအေနနဲ႔ ညအထိ လည္ပတ္ေနထိုင္ႏိုင္မွာပဲျဖစ္ပါတယ္။

(၂) Lake Hilier

Australia ႏိုင္ငံမွာရွိတဲ့ Lake Hilier ေရကန္ဟာဆိုရင္ေတာ့ ၁၈၀၂ခုႏွစ္ကတည္းက စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ကမာၻလွည့္ခရီးသည္ အမ်ားအျပားလာေရာက္လည္ပတ္ေလ့ရွိတဲ့ သဘာဝေရကန္တခုလည္းျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ အေနာက္ဘက္ ကြၽန္းတခု ေပၚမွာတည္ရွိတာျဖစ္ၿပီး အရွည္ ၁၉၆၈ေပနဲ႔ အက်ယ္ ၈၂၀ေပ ခန႔္ က်ယ္ဝန္းတာပဲျဖစ္ပါတယ္။

(၃) Las Salinas de Torrevieja

Spain ႏိုင္ငံမွာတည္ရွိတဲ့ Las Salinas de Torrevieja ေရကန္ဟာဆိုရင္ ၃၄၅၉ဧကရွိၿပီး လတ္ဆတ္လွတဲ့ ေလေကာင္းေလသန္႔္နဲ႔အတူ အနားယူႏိုင္မွာလည္း ျဖစ္ပါတယ္။ ၁၃ရာစုမွာ ပင္လယ္ဆားစုေဆာင္းႏိုင္ဖို႔အတြက္ သမုဒၵရာနဲ႔တြယ္ဆက္ကာ တူးေျမာင္းတခု ေဖာက္လုပ္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေရကန္မွာ ဆားဓာတ္ေတြ ေပ်ာ္ဝင္ေနတာျဖစ္ၿပီး သြားေရာက္လည္ပတ္ သူေတြအေနနဲ႔ သဘာဝ Spa တခုဆီေရာက္ရွိေနသလို ခံစားရမွာလည္းျဖစ္ပါတယ္။

(၄) Lake Natron

ဒီေရကန္ဟာဆိုရင္ေတာ့ Tanzania နဲ႔ Kenya ႏွစ္ႏိုင္ငံထိစပ္ေနတဲ့ နယ္နိမိတ္မွာတည္ရွိေနတာျဖစ္ၿပီး Rift ေတာင္ၾကား မွာ မီးေတာင္ရွင္တလုံးနဲ႔အတူ တြဲလ်က္တည္ရွိေနတာလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေရကန္ရဲ႕ အပူခ်ိန္ဟာ ၁၄၀ဒီဂရီ ဖာရင္ဟိုက္နဲ႔ အထက္မွာရွိၿပီး အသားအေရနဲ႔ မ်က္လုံးေတြကို ေလာင္ကြၽမ္းေစႏိုင္တဲ့အတြက္ လည္ပတ္သူေတြ အေနနဲ႔ေတာ့ အဆင္မေျပလွတာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

ကမ္ဘာပေါ်က ရေကန်တွေမှာ အစိမ်း ၊ အပြာစတဲ့ အရောင်တွေကို တော်တော်များများမြင်ဖူးကြမှာဖြစ်ပေမယ့် အခု ဖော်ပြပေးမယ့် သဘာဝရေကန်တွေကတော့ ပန်းရောင်ရှိပြီး ထူးခြားအံ့သြဖွယ်ကောင်းတာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။

(၁) Laguna Colorada


ဒီရေကန်ဟာဆိုရင်တော့ Bolivia နိုင်ငံမှာတည်ရှိတာဖြစ်ပြီး Andes တောင်တန်းတွေရဲ့ နောက်ခံနဲ့အတူ လှပစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၃စတုရန်းမိုင် ကျယ်ဝန်းပြီး ၅ပေအနက်သာရှိတဲ့ ဒီပန်းသွေးရောင်ရေကန်ဟာဆိုရင် ကြိုးကြာငှက်တွေ ကျင်လည်ကျက်စားရာ ရေကန်တကန်လည်းဖြစ်ပြီး အနီးနားပတ်ဝန်းကျင်မှာ ရွာငယ်လေးတွေလည်း ရှိတာကြောင့် သွားရောက်လည်ပတ်သူတွေအနေနဲ့ ညအထိ လည်ပတ်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

(၂) Lake Hilier

Australia နိုင်ငံမှာရှိတဲ့ Lake Hilier ရေကန်ဟာဆိုရင်တော့ ၁၈၀၂ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ သဘာဝရေကန်တခုလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဘက် ကျွန်းတခု ပေါ်မှာတည်ရှိတာဖြစ်ပြီး အရှည် ၁၉၆၈ပေနဲ့ အကျယ် ၈၂၀ပေ ခန့် ကျယ်ဝန်းတာပဲဖြစ်ပါတယ်။

(၃) Las Salinas de Torrevieja

Spain နိုင်ငံမှာတည်ရှိတဲ့ Las Salinas de Torrevieja ရေကန်ဟာဆိုရင် ၃၄၅၉ဧကရှိပြီး လတ်ဆတ်လှတဲ့ လေကောင်းလေသန့်နဲ့အတူ အနားယူနိုင်မှာလည်း ဖြစ်ပါတယ်။ ၁၃ရာစုမှာ ပင်လယ်ဆားစုဆောင်းနိုင်ဖို့အတွက် သမုဒ္ဒရာနဲ့တွယ်ဆက်ကာ တူးမြောင်းတခု ဖောက်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေကန်မှာ ဆားဓာတ်တွေ ပျော်ဝင်နေတာဖြစ်ပြီး သွားရောက်လည်ပတ် သူတွေအနေနဲ့ သဘာဝ Spa တခုဆီရောက်ရှိနေသလို ခံစားရမှာလည်းဖြစ်ပါတယ်။

(၄) Lake Natron

ဒီရေကန်ဟာဆိုရင်တော့ Tanzania နဲ့ Kenya နှစ်နိုင်ငံထိစပ်နေတဲ့ နယ်နိမိတ်မှာတည်ရှိနေတာဖြစ်ပြီး Rift တောင်ကြား မှာ မီးတောင်ရှင်တလုံးနဲ့အတူ တွဲလျက်တည်ရှိနေတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ရေကန်ရဲ့ အပူချိန်ဟာ ၁၄၀ဒီဂရီ ဖာရင်ဟိုက်နဲ့ အထက်မှာရှိပြီး အသားအရေနဲ့ မျက်လုံးတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် လည်ပတ်သူတွေ အနေနဲ့တော့ အဆင်မပြေလှတာပဲဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top